menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စက်မှုကုန်ကြမ်းသီးနှံလေးမျိုးကို ချင်းရွှေဟော်ဂိတ်မှ ပြန်လည်တင်သွင်းခွင့်ပြု
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
✅တရုတ်နိုင်ငံကနယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် ကြံအပါအဝင် စက်မှုကုန်ကြမ်းစိုက်ပျိုးရေးထွက်ကုန်များ ကို ပြန်လည်တင်သွင်းခွင့်ပြုလိုက်ကြောင်း ချင်းရွှေဟော်ကုန်သည်အသင်းကသိရသည်။ အဆိုပါ စက်မှုကုန်ကြမ်းစိုက်ပျိုးရေးထွက်ကုန်များတင်ပို့ခွင့်အတွက် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း၊ နယ်စပ်ကုန်သွယ်ရေးမြို့၊ ချင်းရွှေဟော်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ယူနန်ပြည်နယ်၊ လင်းချမ်း ခရိုင်ကုန်သွယ်ရေးဌာနက ခွင့်ပြုထားပြီးဖြစ်သည်ဟု သိရသည်။
✅တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်းပြုကာ တရုတ်နိုင်ငံ ဘက်ကပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယူနန်ပြည်နယ်အစိုးရက မြန်မာဘက်ခြမ်းမှ ကုန်ပစ္စည်း တင်သွင်းရန် ချင်းရွှေဟော်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ တရုတ်ဘက်က ပြန်လည်တင်သွင်းခွင့်ပြုသည့် ကုန်စည်များတွင် ကြံ၊ ရော်ဘာ၊ လျှော်ဖြူနှင့် ဝါဂွမ်းတို့သာပါဝင်သေးပြီး ဖရဲ၊ သခွားစသည့်သီးနှံများကိုမူ တင်ပို့ခွင့်မရှိသေးကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း အလုပ်အမှုဆောင် ဦးစိုင်းခင်မောင်က ပြောကြားသည်။
✅ပြီးခဲ့သည့်စက်တင်ဘာလကုန်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူများက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၊ လောက်ကိုင်မြို့နယ် ရန်လုံကျိုင်တံတားအနီး နှစ်နိုင်ငံယာယီ နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရန်အတွက် နေရာသွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ချင်းရွှေဟော်နယ်စပ်ဂိတ်မှ တရုတ်နိုင်ငံသို့ ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ ကြံ၊ ငရုတ်အစရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပုံမှန်အားဖြင့် တင်ပို့ပြီး တရုတ်နိုင်ငံဘက်မှ မြေသြဇာ၊ စားသောက်ကုန်နှင့်ဆောက်လုပ်ရေးပစ္စည်းများ ကို တင်သွင်းကြောင်းသိရသည်။
✅ကိုဗစ်ကာလမတိုင်ခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာသန်း ၄၃၀ ခန့်ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (သြဂုတ်လအထိ) အတွင်း တန်ဖိုး ဒေါ်လာသန်း ၃၄၀ ကျော်သာရှိခဲ့သဖြင့် ကိုဗစ်ကာလအတွင်းနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ဒေါ်လာသန်း ၁၀၀ ခန့် လျော့နည်းသွားကြောင်းလည်းသိရသည်။
✅ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ရွှေမန်း(မြန်မာတောင်သူကြီးများဂျာနယ်)