menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စပါးစျေးများ ၂၀ ရာခိုင်နှုန်းကျော်မြင့်တက်နေ
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
↗️လက်ရှိတောင်သူများထံတွင် စပါးလက်ကျန်နည်းနေပြီဖြစ်သည့်အတွက် စျေးနှုန်းများ ၂၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ မြေဩဇာစျေးများ မြင့်တက်ခြင်း တို့ကြောင့် ပုံမှန်ထက်အထွက်နှုန်းနည်းခြင်း၊ တချို့ငွေကြေး မတတ်နိုင်သည့် တောင်သူများတွင် စိုက်ဧကလျော့ကျခြင်း နှင့် ရေရရှိမှု မလုံလောက်သည့်အတွက်နွေစပါး စိုက်ပျိုးမူမှာလျော့နည်း ခဲ့ခြင်းကြောင့် စျေးကွက်တွင်လက်ကျန်နည်းကာ စျေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။
↗️“စပါးက တောင်သူတွေလက်ထဲမှာ နည်းသွားပါပြီ တစ်ဦးစ နှစ်ဦးစ လောက်မှာပဲကျန်တော့တာ။ ဧပြီလ နောက်ပိုင်းမှာစပါးက တော်တော်များများ ကုန်သွားတာ။ အခုက GW အလယ်ဗင်း၊ မှော်ဘီ၊ ရတနာတိုး၊ အစရှိတဲ့ အောက်ခြေစပါးတွေပေါ့၊ အခုစပါးစျေးကမြင့်နေတယ်။ ရာခိုင်နှုန်းနဲ့ ပြောရရင်(၂၀ - ၂၅) ရာခိုင်နှုန်းလောက် မြင့်သွားတယ်။ ဒါပေမဲ့ အခုကတက်တယ်လို့တော့ ပြောမရဘူး ။ ဒေါ်လာဈေး မြင့်နေတော့ သွင်းအားစုတွေတက်တယ်။ အဓိက က မြန်မာငွေ ကြေးနိမ့်လာတာပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီးမှ စပါးစိုက်တောင်သူ ဦးအောင်သိန်း ကပြောသည်။ ထို့ကြောင့် ပြီးခဲ့သည့်နှစ် စပါးပေါ်ချိန်ဖြင့် နှိုင်းယှဉ်ပါက စပါးစျေးမှာ ၂၅ ရာခိုင်နှုန်းခန့် ထိမြင့်တက်လာပြီး အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်း သိရသည်။
↗️ပြီးခဲ့သည့်နှစ်များက စပါးတင်း၁၀၀ ကို ၆ သိန်းခွဲ မှ ၇သိန်းထိသာ ရှိခဲ့ပြီး လက်ရှိ (၅၅ပေါင်း တစ်တင်း) စပါးတင်း၁၀၀ ကို ၉သိန်းခွဲ မှ ၁၀သိန်းခွဲအထိ မြင့်တက်နေကြောင်း ၊ နေရာဒေသအလိုက် စျေးနှုန်း အနည်းငယ်ပြောင်းလဲနိုင်ကြောင်း သိရသည်။ လက်ရှိစျေးကွက်တွင် ရတနာတိုး၊ ရေဆင်း ၊ သီးထပ်ရင်၊ ရေဆင်းလုံးသွယ်၊ မှော်ဘီ၊ Gw-11 စသည့် အမျိုးစားများ အရောင်းဝယ်ရှိနေကြောင်းသိရသည်။
↗️“စိုက်စရိတ်က ကြီးလာတော့ စပါးစျေးက စျေးတက်မှာ။ တွက်မယ်ဆိုရင်တော့ စျေးတက်ပေမဲ့ စျေးရရှိမှုကတော့ အရင်တိုင်းသိပ်မခြားနားဘူး။ ဘာလို့လဲဆိုတော့ ဒီဇယ်စျေး၊ မှိုသတ်ဆေး၊ ပိုးသတ်စျေး၊ မြေဩဇာ အားလုံးစျေးတွေကြီးနေတာ၊ ဒါ့ပြင်ကောက်ရိပ်စက်ခကလဲ စျေးတွေကြီးတယ်၊ တချို့ဆို စိုက်ဧက လျော့ကြတယ်။ မစိုက်နိုင်ကြဘူး” ဟု စပါးစိုက်တောင်သူတစ်ဉီးကပြောသည်။ ယခုနှစ် အခြေခံရည်ညွန်းစျေး သတ်မှတ်ထားခြင်းမရှိကြောင်း၊ ပြီးခဲ့သည့်နှစ်များကတော့ (၄၆)ပေါင်လျှင် ငါးသိန်းခြောက်သောင်း သတ်မှတ်ထားကြောင်းသိရသည်။
↗️ယခုနှစ် နွေစပါးစိုက်ပျိုးချိန်က မကွေးတိုင်းဒေသကြီး ဘက်တွင် နွေလယ်ရေမရရှိသည့်အတွက် စပါး အစား နှမ်းသီးနှံ ပြောင်းစိုက်ပျိုးခဲ့ရခြင်းများလည်းရှိကြောင်း သိရသည်။ နွေစပါးသည် မိုးစပါးအပြီး သီးထပ်စိုက်ရသည့် သီးနှံဖြစ်သဖြင့် ရေသွင်းစိုက်ပျိုးရခြင်းဖြစ်၍ စိုက်ပျိုးရေကို မြစ်ချောင်း၊ အင်းအိုင်၊ ကန်များမှရေကို လျှပ်စစ်မြစ်ရေတင် စီမံကိန်းများဖြင့်သွင်း၍ စိုက်ပျိုးရခြင်းဖြစ်ကာ တချို့ဒေသများ တွင် နွေလယ်ရေမရသည့် အခက်ခဲများရှိခဲ့ကြောင်းသိရသည်။ “အရင်က နွေစပါးစိုက်ချိန်ဆို မုန်းတမံ လယ်ရေပေးတယ်။ အခုနှစ်မှာမပေးလို့ စပါးအစား နှမ်းပြောင်း စိုက်ခဲ့ရတယ်” ဟု ပွင့်ဖြူမြို့မှ စပါးစိုက်တောင်သူ ကိုစွမ်းကပြောသည်။
↗️ဆန်စပါးအသင်းချုပ်အနေဖြင့်၂၀၂၁ - ၂၀၂၂ မိုးစပါး စိုက်ပျိုးထုတ်လုပ်သည့် ရာသီအတွက် Covid ရောဂါကြောင့်လည်ကောင်:၊ ဓာတ်မြေဩဇာ နှင့် သွင်းအားစုများ စျေးနှုန်းကြီးမြင့်ခြင်းကြောင့်လည်ကောင်း၊ စိုက်ဧကနှင့်အထွက်နှုန်းများ လျော့နည်းမှုဖြစ်နိုင်သည့် အခြေအနေများ၊ စျေးနှုန်းတည် ငြိမ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများလည်းပြုလုပ်နေကြောင်း သိရသည်။ လက်ရှိ လာမည့်မိုးစပါး အတွက် အစေ့ချစနစ်ဖြင့် အများဆုံးစိုက်ပျိုး နေကြပြီး ဖြစ် ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါးနှင့်နွေစပါး စိုက်ဧကခန့်မှန်းခြေ ဧက (၁၆) သန်းကျော် ထိရှိကြောင်းလည်း တောင်သူများမှဆိုသည်။
↗️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)