menu

“တည်ငြိမ်လျှက်ရှိသော မတ်ပဲဈေး”


🫘🫘🫘🫘🫘🫘🫘🫘🫘🫘

➡️ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းများ ယခင်သီတင်းပတ်ဈေးနှုန်းအတိုင်း ဆက်လက်ရှိနေကြောင်းသိရသည်။ မတ်ပဲ နှင့်ပဲမျိုးစုံဈေးနှုန်းများသည် နေ့စဥ်အတက်အကျအနည်းငယ် ဈေးလှုပ်ရှားလျှက်ရှိသော်လည်း အတက်အကျမကြမ်းပဲ ဈေးတန်းတစ်ခုတွင်တည်ငြိမ်နေသကဲ့သို့ ဖြစ်နေသည်။

➡️ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သောမတ်ပဲဈေးနှုန်းများမှာ စက်တင်ဘာလ (၂၄) ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၆၆,၁၀၀၊ စက်တင်ဘာ (၂၅ / ၂၆ / ၂၇) ရက်နေ့များတွင် ကျပ် ၆၅,၅၀၀ ၊ (၂၈) ရက်နေ့တွင် ကျပ် ၆၄,၅၀၀ အသီးသီးဖြစ်ပါသည်။

➡️အိန္ဒိယနိုင်ငံပြည်တွင်းဈေးကွက်သို့လည်း မတ်ပဲအသစ်များအဆင်မပြတ်ဝင်လျှက်ရှိသည်။ ပွဲတော်ရက် (၃) ရက်ကာလအပြီးတွင် အသစ်ဝင်ရောက်လာသောမတ်ပဲဈေးနှုန်းများလည်း ပုံမှန်အတိုင်းဖြစ်ပြီး မဒရာပရာဒေ့ရှ် ပြည်နယ်တွင် မတ်ပဲအသစ် ၁ ကွမ်တယ်လျှင် Rs 100 ဈေးတက်လာသည်မှအပ ကျန်ပြည်နယ်များတွင် ဈေးတည်ငြိမ်နေသည်။

➡️မြန်မာမတ်ပဲ FAQ တစ်တန်လျှင် FOB ဈေးနှုန်း $775-780 ဖြစ်ပြီး မတ်ပဲ SQ တစ်တန်လျှင် FOB ဈေးနှုန်း $930 ဖြင့် အိန္ဒိယနိုင်ငံသို့တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရသည်။

➡️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

28-9-2022