menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တက်စျေးနှုန်းများဖြင့် အရောင်းအဝယ်သွက်နေသည့် ပဲမျိုးစုံနှင့် နှမ်းစျေးကွက်"
🍃🌱🍃🌱🍃🌱🍃🌱🍃🌱🍃
✔ပြည်တွင်း ဒေါ်လာစျေး ၊ရွှေစျေးများ စံချိန်တင်မြင့်တက်လာခြင်းနှင့်အတူ ပဲမျိုးစုံနှင့်နှမ်းစျေးကွက် မှာလည်း စက်တင်ဘာလကုန်ရက်များတွင် ပုံမှန်မဟုတ်သည့် တက်စျေးနှုန်းများဖြင့်အရောင်းအဝယ်သွက်လာသည်ကို တွေ့ရသည်။
✔ယခုရက်များအတွင်း ဒေါ်လာစျေး ငွေလဲနှုန်းထားများ ကျပ် ၂,၇၀၀ ဝန်းကျင် နှင့် ရွှေစျေးတစ်ကျပ်သား ကျပ် သိန်း၂၀ကျော်ထိ စံချိန်တင်စျေးမြင့်တက်လာသကဲ့သို့ နိုင်ငံခြားပို့ကုန်လမ်းကြောင်းများ တင်ပို့မှု နည်းပါးချိန် ပုံမှန်အရောင်း အဝယ်သာရှိသည့် ပဲ၊နှမ်းစျေးကွက်မှာလည်း အမျိုးအစားအလိုက် တစ်အိတ် ကျပ် ၅,၀၀၀ မှ ကျပ် ၁၀,၀၀၀ ကျော်ထိ စျေးမြင့်တက်လာကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။ ထို့သို့ အရောင်းအဝယ်သွက်လာသလို ပဲ၊နှမ်းပေါက်စျေးများမှာ ငွေပေးချေမှု ပုံစံအလိုက် စျေးနှုန်းကွာခြားမှုများ ရှိနေကြောင်းလည်း သိရသည်။
✔ပို့ကုန်ပဲများ နှင့် ပြည်တွင်းသုံး ကုလားပဲအုပ်စု ၊မြေပဲဆံ နှင့် နှမ်းအုပ်စုများ ဈေးနှုန်းမြင့်တက်လာမှုမှာ ကုန်သည်များအနေဖြင့် ငွေသားကိုင်ထားမှု လျော့ချလိုသဖြင့် ဝယ်လိုအား မြင့်တက်လာခြင်း နှင့် ကုန်ပစ္စည်းရှိသူများကလည်း ဈေးတက်နိုင်သဖြင့် ထိန်းသိမ်းရောင်းချနေခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရပြီး ပဲ၊နှမ်း စျေးကွက်တစ်ခုလုံး ပုံမှန်မဟုတ်သည့် အမြင့်စျေးများဖြင့် အရောင်းအဝယ်ကောင်း နေခြင်းဖြစ်ကြောင်း ဟု ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
✔“အဓိကကတော့ ငွေစျေးအပြောင်းအလဲမြန်နေတော့ ငွေမကိုင်တော့ဘဲ ပစ္စည်းဝယ်လိုတဲ့သူများလို့ စျေးတွေ အမြန်တက်သွားတာပါ။ ပဲမျိုးစုံမှ အိတ်လိုက်ရောင်းရင် အိတ်စျေး အလိုက် ကျပ် ၅,၀၀၀- ၁၀,၀၀၀ စျေးမြင့်တက်လာတယ်။ ပိဿာစျေးရောင်းတဲ့ မြေပဲလည်း ကျပ် ၁၀၀-၂၀၀ စျေးမြင့်တက်လာ တယ်။ စျေးကတော့ အကုန်ကိုတက်လာတယ်။ မနက်စျေး ညနေစျေး အပြောင်းအလဲ အရမ်းမြန်လာတယ်” ဟု ၎င်းကပြောသည်။
မြေပဲ
----
ပြည်တွင်းစားအုန်ဆီနှုန်းများမှာ ဒေါ်လာစျေးနှုန်း အပြောင်းအလဲ နှင့် ဆက်လက်မြင့်တက်လာမှုကြောင့် မြေပဲဆီ ရောင်းအား ပိုမိုကောင်းလာကာ မြေပဲဆံမျိုးစုံ တစ်ပိဿာ ကျပ် ၁၀၀ မှ ၂၀၀ ကျော် စျေးနှုန်း မြင့်တက်လာသလို ဝယ်လိုအားလည်း ကောင်းလာသည်။ မြေပဲလုံးဆံ တစ်ပိဿာ ကျပ် ၃,၀၀၀၊ အနီလုံးဆံ တစ်ပိဿာကျပ် ၂,၉၀၀ ပေါက်စျေးမြင့် အရောင်းအဝယ် သွက်နေသည်။ ပြည်တွင်း မြေပဲဆီ တစ်ပိဿာ ကျပ် ၆,၅၀၀ ၊ နေကြာဆီ တစ်ပိဿာ ကျပ် ၆,၅၀၀ ၊ စားအုန်ဆီ တစ်ပိဿာ ကျပ် ၄,၉၃၀ ပေါက်စျေးရှိကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။
နှမ်းနက်
-------
အသစ်ဝင်ရောက်နေသည့် နှမ်းနက်များ အမျိုးအစားအလိုက် အရည်အသွေးအလိုက် တစ်အိတ်လျှင် ကျပ် ၁၀,၀၀၀ ကျော် စျေးမြင့်တက်လာပြီး အဝင်ရှိသလောက် အဝယ်သွက်နေသည်။ ယခင်သီတင်းပတ်များက နှမ်းအက်စစ်လွတ်မှသာ အဝယ်ရှိသော်လည်း ယခုလကုန်ရက်များတွင် နှမ်းအားလုံး အဝယ်သွက်လာကြောင်း အရည်အသွေးကောင်း ထိပ်စနှမ်းနက်တစ်အိတ် ကျပ် ၁၄၀,၀၀၀ ကျော်မှ ၂၁၅,၀၀၀ ထိ ပေါက်စျေးရှိလာသည်။ အခြားနှမ်းဖြူသစ်များမှာ တစ်အိတ်လျှင်ကျပ် ၁၅၈,၀၀၀၊ နှမ်းဖြူ(ဂျပန်) တစ်အိတ်ကျပ် ၁၇၀,၀၀၀ ၊ နှမ်းညို(သစ်) ကျပ် ၁၃၀,၀၀၀ အရည်အသွေးအလိုက် စျေးမြင့်တက်လာသည်။
ပဲတီစိမ်း
------
ပဲတီစိမ်းမှာ ရန်ကုန်ပို့ကုန်လိုင်း အဝယ်များလာသဖြင့် လက်ကျန်နည်းလာသည့် ပဲတီစိမ်း( အညာ) မှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၃၅,၀၀၀ ထိ စျေးမြင့်တက်လာသည်။
ပဲစင်းငုံ နှင့် မတ်ပဲ
---------------
အိန္ဒိယပို့ကုန် ပဲစင်းငုံ နှင့် မတ်ပဲတို့မှာလည်း စျေးဆက်လက်မြင့်တက်လာပြီး စက်တင်ဘာ (၃၀) ရက် နေ့တွင် ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ် ကျပ် ၁၅၀,၀၀၀ ကျော်ထိ မြင့်တက်လာသည်။ မတ်ပဲစျေးမှာ ယခင် သီတင်းပတ်ထက် ကျပ် ၄၀,၀၀၀ ခန့် သိသိသာသာစျေးတက်လာပြီးသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၂၀၀,၀၀၀ ပေါက်စျေးဖြစ်သွားကြောင်း သိရသည်။ ယင်းပို့ကုန် ပဲနှစ်မျိုးမှာ ဒေါ်လာစျေး မြင့်တက်မှုနှင့် ပြည်တွင်းလက်ကျန်နည်းပါးခြင်းကြောင့်စျေးအတက် အလွန်မြန်ဆန်နေခြင်းဖြစ်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။
✔ထို့ပြင်ပဲစျေးကွက်အတွင်းအဝင်များလာသည့် ပြည်ပစားတော်ပဲ (ကနေဒါ) မှာ စျေးကျဆင်းသွားရာမှ တစ်အိတ်ကျပ် ၁၈၀,၀၀၀ ကျော် အမြင့်စျေးဖြစ်လာသည်။ ပြည်တွင်းကုလားပဲမှာ စက်တင်ဘာ (၃၀) ရက် နေ့တွင် ဗွီးတူးကုလားပဲတစ်အိတ် ကျပ် ၁၃၁,၀၀၀၊ နိုင်းတူးနိုင်းကုလားပဲတစ်အိတ်ကျပ် ၁၂၅,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ် ကျပ် ၁၁၈,၀၀၀ အသီးသီးပေါက်စျေးရှိလာရာ ယခင်သီတင်းပတ်ထက် တစ်အိတ်လျှင် ကျပ် ၂,၀၀၀ -၅,၀၀၀ကြား စျေးမြင့်တက်ကြောင်း သိရသည်။
✔ပြည်တွင်းမှာ ဒေါ်လာစျေး ၊ရွှေစျေး ၊စက်သုံးဆီစျေးနှုန်းများ အပြိုင်အဆိုင်စျေးမြင့်တက်လာခြင်းနှင့် အတူ မန္တလေးကုန်စည်ဒိုင် ပဲ ၊နှမ်းစျေးကွက်မှာ တရုတ်ကုန်သည်များ၊ ပြည်တွင်းကုန်သည်များနှင့် အရောင်းအဝယ် ပြန်လည်စည်ကားလာသည်ကိုတွေ့ရသည်။
✔ပဲမျိုးစုံနှင့်နှမ်းဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)