menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တင်ပို့မှုအဆင်ပြေစေရန် သရက်သီးကားများကို ဦးစားပေး ဝင်ရောက်ခွင့်ပြုမည်
🥭🥭🥭🥭🥭🥭🥭🥭🥭🥭
➡️သရက်သီးများတင်ပို့ရာတွင် အဆင်ပြေစေရန် ဧပြီ ၁၆ရက်မှစတင်ကာ သရက်သီးကားများကို တိုကင်စနစ်ဖြင့် တန်းစီစောင့်ဆောင်းရန် မလိုတော့ဘဲ ဦးစားပေးကာ တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမောင်ညွန့်ကပြောသည်။
➡️သရက်သီးမှာ အခြားသီးနှံများနှင့်မတူဘဲ မော်တော်ယာဉ်ပေါ်တွင် နှစ်ရက်ထက်ပို၍ ထားသိုမရသဖြင့် ဖရဲ၊သခွားများရောင်းချသည့် ပုံစံဖြစ်သော တန်းစီစနစ်ဖြင့် မဟုတ်တော့ဘဲ ရောက်ရှိသည်နှင့် တရုတ်နိုင်ငံအတွင်းသို့ ဦးစားပေး စနစ်ဖြင့် ဝင်ရောက်ရောင်းချခွင့် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဧပြီ ၁၆ ရက် မတိုင်ခင်ကတော့ တိုကင်စနစ်နဲ့ပဲ တန်းစီရောင်းချခွင့်ပြုသွားမှာဖြစ်ပါတယ်” ဟု ဦးစိုင်းမောင်ညွန့်က ပြောသည်။
➡️အချိန်နှောင့်နှေးခြင်းကြောင့် သရက်သီးအလေအလွင့်မဖြစ်စေရန် နှင့် သရက်စိုက်ပျိုးသူများက သရက်သီးများကို ဈေးနှုန်းပိုမိုရရှိစေရန် ရာသီချိန်မတိုင်မီ ခူးဆွတ် ရောင်းချမှုကို ထိန်းချုပ်ရန်အတွက် ယခုကဲ့သို့ သတ်မှတ်ဖြေလျော့ပေးခြင်းဖြစ်ကြောင်း သိရသည်။
➡️“ဖရဲ၊သခွားက ဆယ်ရက်လောက်အထိ ကားပေါ်မှာထားလို့ရတယ်။ သရက်သီးက နှစ်ရက်ထက်ပိုပြီး ကားပေါ်မှာ ထားလို့မရဘူး။ ထားလိုက်ရင်အရည်အသွေးလည်းကျသလို၊ ရောင်းတန်းမဝင်တော့တဲ့ အနေအထားတွေလည်းဖြစ်နိုင်တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး သရက်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌဦးသန်းထွန်းကပြောသည်။
မျိုးသန့် (မြန်မာတောင်သူကြီးများဂျာနယ်)