menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တင်ပို့မှုဆိုင်ရာ မူဝါဒသတ်မှတ်ချက်များ နှင့် ပဲသစ်ရာသီပို့ကုန်ပဲများ ဈေးကွက်အခြေအနေ
🫘🥜🥜🫘🥜🫘🥜🫘🥜🫘
🔹ပို့ကုန်ပဲအုပ်စုများအပါအဝင် ပဲ၊ ပြောင်း၊ နှမ်းများကို ဒေါ်လာဖြင့်ရောင်းချမည့် တင်ပို့မှုဆိုင်ရာ မူဝါဒသတ်မှတ်ချက်များကြောင့် ပဲသစ်ရာသီပို့ကုန်ပဲများ ဈေးကျဆင်းနေပြီး တရုတ်နိုင်ငံသို့တင်ပို့မှုထက် အိန္ဒိယနိုင်ငံသို့ အဓိကထားရောင်းချသွားရမည်ဖြစ်ကြောင်း ပဲကုန်သည်များသုံးသပ်ထားသည် ဟု သိရသည်။
🔹ပဲ၊ ပြောင်း၊ နှမ်း အပါအဝင်ပို့ကုန်ပဲများအတွက် ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲရှိလာမှ ပြည်တွင်းဈေးကွက် ပြန်လည်ဦးမော့လာမည်ဖြစ်ကြောင်း၊ လက်ရှိမှာ ပို့ကုန်ပဲဈေးကွက်မှာ ဒေါ်လာဖြင့်သာရောင်းချရမည့်မူဝါဒကြောင့် တရုတ်နိုင်ငံတင်ပို့ရာမှာ အခက်အခဲဖြစ်နေကြောင်း၊ ပဲသစ်ပေါ်လာချိန်မှာ ပို့ကုန်ပဲတွေ အိန္ဒိယနိုင်ငံကို အဓိကထားရောင်းချသွားရမည်ဖြစ်ကြောင်း၊ လက်ရှိမှာ တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မည့်အခြေအနေကြောင့် တရုတ်လိုင်း တင်ပို့နေသည့် ပဲတီစိမ်း၊ နှမ်း နှင့် မြေပဲဆံများ အရောင်းအဝယ်သွက်လာကြောင်း ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
🔹“လက်ရှိမှာ မန္တလေးပဲဈေးကွက်မှာတော့ ပွတ်ကာသီကာအခြေအနေနဲ့ ရောင်းဝယ်နေကြတာမျိုးပါ။ ပို့ကုန်ပဲတွေက ဝယ်ဈေးနဲ့ ရောင်းဈေး ကပ်ရောင်းကပ်ဝယ်နေတာမျိုးပါ။ အသစ်ပေါ်နေတာကတော့ မတ်ပဲ၊ ပဲစင်းငုံ နဲ့ ဈေးကောင်းနေတာကတော့ မြေထောက်ပဲပါ။ အဝင်လည်းနည်းပါသေးတယ်။ မနှစ်ကတော့ ၁သိန်းကျော်လောက်ဈေးဖြစ်ပေမယ့် ဒီနှစ်မှာ မြေထောက်ပဲက ဈေးကောင်းနေပါတယ်။ မြေပဲလုံးဆံကလည်း တစ်ပိသာကျပ် ၆,၀၀၀ လောက်ပဲရှိပါတယ်။ တရုတ်နယ်စပ်တင်ပို့မှုမှာ ဇန်နဝါရီ(၈)ရက်ကျော်ရင် ဂိတ်တွေဖွင့်မှာမို့ ဈေးလှုပ်လာပါတယ်။ ပဲဈေးကွက်တက်လာတာ မျိုးတော့မဟုတ်ပါဘူး။ ဒီနှစ်က အိန္ဒိယလိုင်းက ပိုဈေးကောင်းမယ်လို့မြင်ပါတယ်။ လက်ရှိမှာ ပဲ၊ ပြောင်း၊ နှမ်း အကုန်လုံးက ပို့ကုန်သွင်းကုန်လိုင်စင်နဲ့တင်ပို့နေရတော့ လက်ရှိပဲသစ်ရာသီအတွက် ဈေးကျဆင်းမှု တွေ ဖြစ်လာနိုင်ပါတယ်။ အဓိက ကုန်စည်စီးဆင်းမှုမကောင်းရင် ဈေးကျတာဖြစ်တတ်ပါတယ်။ ဒီတော့ပို့ကုန်ပဲတွေအတွက် အိန္ဒိယလမ်းကြောင်းက ပိုကောင်းလာနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
🔹လက်ရှိအချိန်တွင် ပဲ၊ ပြောင်း၊ နှမ်းများကို နယ်စပ်နှင့် ပုံမှန်ကုန်သွယ်မှုပြုလုပ်ရာတွင် ဒေါ်လာဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရန်နှင့် ဒေသအတွင်း သယ်ယူပို့ဆောင်ရာမှာ ပို့ကုန်လိုင်စင်ဖြင့်သာ သယ်ယူ ပို့ဆောင်နိုင်တာကြောင့်လည်း သိုလှောင်ဝယ်လက်များအနေဖြင့် ဝယ်ယူမှုနည်းနေသေးကြောင်း နှင့် ပဲသစ်များအပေါ် ဈေးလျော့ဝယ်ယူနေကြောင်း ပဲကုန်သည်များထံကသိရသည်။
🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘
မတ်ပဲ နှင့် ပဲစင်းငုံမှာ ဈေးအကောင်းကြီး မဟုတ်သေးဘဲ ဈေးအနည်းငယ်ကျဆင်းသွားပြီး နယ်မြို့ ပဲကုန်သည်များ အရောင်းအဝယ်ခပ်သွက်သွက်ဖြစ်နေကြောင်း ဈေးကွက်အတွင်း အရောင်းအဝယ်အဖြစ်ဆုံး ပဲဈေးကွက်ဖြစ်နေရာ ဇန်နဝါရီ (၃) ရက်နေ့တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ် ငွေ ကျပ် ၁၆၃,၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၆၄,၀၀၀၊ ပဲတီစိမ်းအညာမှာ ထိပ်စသုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၁၄၀,၀၀၀ ပေါက်ဈေးရှိသည်။ အသစ်ဝင်ပို့ကုန်ပဲများ လက်လွှဲလက်ပြောင်း အရောင်းအဝယ်ခပ်သွက်သွက်ရှိနေသော်လည်း ဒေါ်လာဈေးအပြောင်းအလဲကို စောင့်ကြည့် ထိန်းညှိဝယ်ယူနေခြင်းဖြစ်သည်။ ထို့အပြင် အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့မှု သက်တမ်းတိုးမြင့်ထားတာ ကြောင့်လည်း အဝယ်အေးနေခြင်းဖြစ်သည်။
🥜နှမ်း နှင့် မြေပဲ🥜
နှမ်းဈေးကွက်မှာ အသစ်ကုန်သလောက်ရှိပြီး နှမ်းမျိုးစုံ တရုတ်နိုင်ငံသို့တင်ပို့မှုဆိုင်ရာ အခက်အခဲမျာရှိတာကြောင့် အသစ်ဝင်နှမ်းများ ဈေးကျဆင်းနေခြင်းဖြစ်သည်။ အလားတူ မြေပဲလုံးဆံများလည်း ဈေးကျဆင်းနေရာမှာ မကြာမီ တရုတ်နယ်စပ်ဂိတ်များ အလုံးစုံ ပြန်ဖွင့်မည့် အခြေအနေများကြောင့် ဈေးအနည်းငယ်ပြန်တက်လာရာ ဇန်နဝါရီ(၃)ရက်နေ့တွင် နှမ်းနက် ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀၊ နှမ်းဖြူ (သစ်)ငွေကျပ် ၂၆၅,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာ ငွေကျပ် ၆,၃၀၀၊ ဆီဆံတစ်ပိဿာ ငွေ ကျပ် ၅,၀၀၀ သို့ အသီးသီး ဈေးမြင့်တက်လာသည်။
🔹ပြည်တွင်းစားသုံးမှု မြင့်မားနေသည့် ကုလားပဲအုပ်စုမှာ အသစ်ဝင်ရောက်မှုမရှိသေးတာကြောင့် ဆက်လက်မြင့်တက်လျက်ရှိရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေ ကျပ် ၂၀၅,၀၀၀ ထိ ဈေးမြင့်တက်လာပြီး အသစ်ဝင် ပဲမာလိုင်းများမှ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၂၅,၀၀၀၊ ပဲကြီး(သစ်)တစ်အိတ်လျှင် ငွေ ကျပ် ၂၅၅,၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၁၇၀,၀၀၀၊ စွန်တာပြာနှင့်ပဲဇီးကွက် တစ်အိတ်လျှင် ငွေ ကျပ် ၁၂၇,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ်၂၄၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀ ပေါက်ဈေးဖြင့် ယခင်နှစ်ထက် အမြင့်ဈေးဖြင့်ဝင်ရောက်လာကြောင်းသိရသည်။
🔹သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း