menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်လအတွင်း နှမ်းဈေး ၁၀ရာခိုင်နှုန်းအထိ မြင့်တက်လာ
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
⏩ငွေလဲလှယ်နှုန်းမြင့်မားမှုကြောင့် တစ်လအတွင်း နှမ်းဈေး ၁၀ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း နှမ်းကုန်သည်များထံမှသိရပါသည်။ ထို့ပြင် ပြီးခဲ့သည့်နှမ်းစိုက်ရာသီချိန်တွင် နှမ်းစိုက်သည့်ဒေသအများစု အကြောင်းအမျိုးမျိုးကြောင့် လျော့ချစိုက်ပျိုးခဲ့ရသည့်အတွက် အထွက်နှုန်းနည်းကာ နှမ်းစျေး စျေးကောင်း ပြန်ရလာကြောင်း နှမ်းကုန်သည်များထံမှ သိရသည်။
⏩“ငွေစျေးကလဲကောင်းတော့ နှမ်းစျေးကောင်းတဲ့ သဘောမှာရှိတယ်။ အရင်ကနှစ်သိန်းဝန်းကျင်ကနေ သုံးသိန်းဝန်းကျင်ဆိုတော့ ဆယ်ရာခိုင်နှုန်း သာသာလေးတော့ ကောင်းတယ်။ နောက်ပြီး အထွက်နှုန်း ကလဲကျတယ် ပြီးခဲ့တဲ့ရာသီက နိုင်ငံရေးအခြေအနေကြောင့် စစ်ကိုင်းတိုင်း တခုလုံးမစိုက်လိုက်ရဘူး” ဟု အောင်လံမြို့ ကုန်စည်ဒိုင်ဥက္ကဌ ဦးအောင်မိုး က ပြောသည်။
⏩လက်ရှိ နှမ်းစျေးကွက်တွင် အက်စစ်အောင်သည့်နှမ်းများသာ အဓိကထား အရောင်းဝယ်ဖြစ်နေပြီး အက်စစ်အောင်သည့် နှမ်းမှာလည်း လက်ရှိစျေးကွက်တွင် ရှားနေကြောင်း စျေးကွက်မှ သိရသည်။ ယခင် ကိုဗစ်ကြောင့် နှမ်းနက် (၄၅)ပိဿာ၀င် တစ်အိတ် ကို နှစ်သိန်းထိ ပေါက်စျေးသာရှိခဲ့ရာမှ ယခုဆိုလျှင် အက်စစ်အောင်သည့် နှမ်း (၄၅)ပိဿာ၀င် တစ်အိတ်ကို မန္တလေးတွင် (၃)သိန်းဝန်းကျင်ရှိပြီး၊ အောင်လံတွင် နှစ်သိန်းခုနှစ်သောင်းအထိစျေးရရှိကာ အချိန်နှင့်နေရာလိုက်၍ စျေးနှုန်းများပြောင်းလဲ နိုင်ကြောင်း သိရသည်။
⏩ဈေးကွက်အတွင်း နှမ်းဝယ်သူများအနေဖြင့် နှမ်းအတွင်း အက်စစ်ဓာတ်ပါဝင်မှုကို တိုင်းတာပြီးမှ ဝယ်ယူခြင်းများရှိကြောင်း သိရသည်။ “အခုတော့ အက်စစ်အောင်တဲ့ နှမ်းတွေပဲ အဝယ်လိုက်နေတယ်။ အဲ့နှမ်းကိုပဲ အဓိကလိုချင်ကြတာ။ နှမ်းကိုစစ်လိုက်ရင် စိမ်းနေရင် အက်စစ်အောင်တယ်။ ဝါနေရင် အက်စစ်မအောင်ဘူး။ ဝါနေရင် ဝယ်ရောင်းတွေမကြိုက်ကြဘူး။ အက်စစ် အဆင့်တန်း (၁)ကတော့ ရှားတယ်။ အဆင့်(၂) နဲ့ (၃)လောက် ကတော့ ရှိတယ်။ စျေးကတော့ တစ်သောင်းခွဲ၊ နှစ်သောင်းလောက် ကွာသွားတယ်” ဟု နှမ်းကုန်သည်တစ်ဦး က ပြောသည်။
⏩မြန်မာနိုင်ငံမှ မိုးနှမ်းများတွင် ရိပ်သိမ်းချိန် အစိုဓာတ်များသည့်အတွက် အက်စစ်ပါဝင်မှုမှာ တစ်ရာခိုင်နှုန်း မှ နှစ်ရာခိုင်နှုန်းအထိ ပါဝင်မှုများရှိကြောင်း သိရှိရပြီး ယင်းကဲ့သို့ပါဝင်မှုမရှိရန် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း သုံးသပ်ကြသည်။ လက်ရှိတွင် မိုးများအဆက်မပြတ်ရွာသွန်းနေသောကြောင့် နှမ်းနေလှန်းပြီး နှမ်းထောင်းသည့်အချိန်တွင် အခက်အခဲဖြစ်နေကြောင်း တောင်သူများထံမှ သိရသည်။
⏩“နှမ်းစိုက်တဲ့အခါမှာ မိုးကမရပဲ နှမ်းထောင်တဲ့အချိန်မှာ မိုးရွာတော့ အခက်ခဲဖြစ်နေတယ်။ အက်စစ်အောင်တဲ့နှမ်းနည်းသွားတာပေါ့။ အက်စစ်ဓာတ်ပါဝင်မှုမများအောင် နှမ်းကိုရိတ်သိမ်းချိန်နဲ့ နှမ်းခါတဲ့အချိန်တွေမှာ မိုးလွှတ်အောင်ဆောင်ရွက်ရတယ်။ ရာသီဥတုဖောက်ပြန်လို့ မိုးမိပြီး နှမ်းအထွက် နှုန်းအပြင် နှမ်းအရည်အသွေးပိုင်းလည်းထိခိုက်တာတွေလဲရှိတယ်” ဟု တောင်သူတစ်ဦးကပြောသည်။
⏩မြန်မာ့နှမ်းကို တရုတ်နိုင်ငံ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး ယခုအချိန်တွင် တရုတ်နိုင်ငံ တခုတည်းသာတင်ပို့နေရကြောင်း ကျန်နိုင်ငံများသို့ တင်ပို့ရန် အခက်ခဲများစွာရှိနေကြောင်လည်း သိရသည်။ မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် အများအပြားစိုက်ပျိုးလျှက်ရှိပြီး မကွေးတိုင်းဒေသကြီးအောင်လံမြို့နယ်မှ ထွက်ရှိသည့် နှမ်းနက်သည် အရည်အသွေးအလွန်ကောင်းမွန်သဖြင့် ဂျပန်နိုင်ငံမှ အလွန်နှစ်သက်ကြောင်းလည်း လေ့လာတွေ့ရှိရသည်။
⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)