menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” ( ၂၆ / ၂ / ၂၀၂၄ မှ ၁ / ၃ / ၂၀၂၄ )
🫘🫛🌽🥦🍅🫘🍅🥦🌽🫛🫘
🫘မတ်ပဲ🫘
မတ်ပဲက အိန္ဒိယဘက်ကအဝယ်အေးသွားတဲ့အတွက် ဒီတစ်ပတ်မှာပါစျေးတွေဆက်တိုက် ကျဆင်းလာပါတယ်။ အိန္ဒိယဘက်က မတ်ပဲအဝယ်အေးသွားတဲ့အပြင် ပြည်တွင်းမှာပို့ကုန်ရငွေအပေါ် မူဝါဒပြောင်းလဲမှုအချို့ကိုပါ လုပ်ဆောင်လာတာကြောင့် ကုန်သည်တွေကပါစျေးချဝယ်နေပြီး မတ်ပဲ စျေး ဆက်တိုက်ကျဆင်းလာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယဘက်က မတ်ပဲကို လိုအပ်ချက်ရှိနေသေးတဲ့အတွက် မြန်မာ့မတ်ပဲစျေးကွက်က ပိဿာ၂၀ တစ်တင်းကို ကျပ် ၉၀,၀၀၀ အောက် ကျဆင်းမယ့်အခြေအနေမရှိဘူးလို့ သိရပါတယ်။ ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ မတ်ပဲ တစ်တန်ကို ၂,၉၈၀,၀၀၀ ကျပ် ရှိပါတယ်။ ပြီးခဲ့တဲ့အပတ်စျေးကွက်နဲ့ယှဥ်ရင် ၄၀,၀၀၀ ကျပ် ဈေးကျဆင်းလာတာဖြစ်ပါတယ်။ အလားတူ မန္တလေးစျေးကွက်မှာလည်း မတ်ပဲ အရည်အသွေး(လတ်)က ပိဿာ ၆၀ ကို ၂၆၅,၀၀၀ ကျပ်၊ မတ်ပဲအရည်အသွေး(ကောင်း) က ပိဿာ ၆၀ ကို ၂၇၀,၀၀၀ ကျပ် စျေးပေါက်နေတာကြောင့် ဒီတစ်ပတ်မှာ တစ်အိတ်ကို ၅,၀၀၀ လောက် စျေးကျလာပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ ကို မြို့နယ်အလိုက် ၉၄,၅၀၀ ကျပ်သာရှိပြီး တစ်တင်းကို ၃,၀၀၀ လောက် ထပ်ကျလာပါတယ်။
🫘ပဲစင်းငုံနီ🫘
ပဲစင်းငုံနီကလည်း ဒီတစ်ပတ် ပြည်တွင်းပဲမျိုးစုံစျေးကွက်မှာ စျေးတွေထပ်ကျလာတာတွေ့ရပါတယ်။ အိန္ဒိယဘက်က ပဲစင်းငုံနီအဝယ်အေးသွားတဲ့အပြင် ပဲစင်းငုံနီကို မြန်မာကနေဝယ်ယူမှုအပေါ် မူဝါဒပြောင်းလဲပြီး စျေးသတ်မှတ်တာတွေလုပ်ဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့် အဝယ်အေးပြီး စျေးတွေကျလာတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလည်း ပို့ကုန်ရငွေအပေါ်မူဝါဒ ပြောင်းလဲသတ်မှတ်မှုအချို့ရှိခဲ့တဲ့အတွက် ပဲစင်းငုံနီစျေးက ဆက်တိုက်ကျဆင်းလာတာဖြစ်ပါတယ်။ ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ် ၃,၇၀၀,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်ကထက် တစ်တန်ကို ၄၇,၀၀၀ ကျပ် ဈေးကျဆင်းလာပါတယ်။ အလားတူ မန္တလေး စျေးကွက်မှာလည်း ပဲစင်းငုံနီတစ်အိတ်ကို ၃၄၉,၀၀၀ မှ ၃၅၀,၀၀၀ ကျပ် စျေးပေါက်ပြီး ၁၆,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
🫛ပဲတီစိမ်း🫛
ပဲတီစိမ်းကလည်း ဒီတစ်ပတ်ရန်ကုန်စျေးကွက်မှာစျေးကျလာပြီး မန္တလေးစျေးကွက်မှာစျေးငြိမ်နေ တာတွေ့ရပါတယ်။ ပဲတီစိမ်းအသစ်တွေ နယ်အစုံကနေ ကုန်စည်ဒိုင်တွေကို အများအပြား ဝင်ရောက်နေမှုရှိနေပြီး တရုတ်ကဝယ်လိုအားအေးသွားသလို ပို့ကုန်ရငွေဂယက်ကြောင့် ပဲတီစိမ်းက အရောင်းအဝယ်အေးနေပြီး ဈေးကျဆင်းလာတာဖြစ်ပါတယ်။ ပဲတီစိမ်းက ထပ်ပြီးဈေးကျဆင်းနိုင်ဦးမယ်လို့ ကုန်သည်အချို့ခန့်မှန်းမှုတွေရှိနေပြီး လက်ရှိသယ်ယူပို့ဆောင်ရေးအခြေအနေ ပြောင်းလဲနေတဲ့မူဝါဒတွေကြောင့် ဈေးကထပ်ပြီးကျဆင်းနိုင်ခြေတွေရှိတယ်လို့ သုံးသပ်ရပါတယ်။ ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်မှာ ပဲတီစိမ်းခရမ်းရွေဝါ တစ်ပိဿာကို ၄,၂၅၀ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄,၀၀၀ ကျပ် နဲ့ ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃,၁၆၅ မှ ၃,၄၂၀ ကျပ် ရှိပြီး ပြီးခဲ့တဲ့အပတ်ကထက် တစ်ပိဿာကို ၂၅၀ မှ ၄၆၅ ကျပ်လောက် စျေးကျသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၅၅,၀၀၀ မှ ၁၈၅,၀၀၀ ကျပ်နဲ့စျေးငြိမ်ပါတယ်။
🌽ပြောင်းဆံ🌽
ပြောင်းဆံကလည်း ဒီတစ်ပတ်မှာစျေးတွေထပ်ကျဆင်းနေပြီး အရောင်းအဝယ်မရှိသလောက်ဖြစ်နေ ပါတယ်။ ပြောင်းဆံစျေးကျနေတာကြောင့် ကုန်သည်တွေကဝယ်လိုအားနည်းနေပြီး ရှမ်းပြည်နယ် ဘက်မှာဆိုရင် အဝယ်မရှိသလောက်ဖြစ်နေတယ်လို့ တောင်သူကုန်သည်တွေထံကနေ သိရပါတယ်။အလားတူ ပြောင်းဆံကလည်း ပြည်ပပို့ကုန်ရငွေအပေါ်ပြောင်းလဲမှုအချို့ လုပ်လိုက်တဲ့အတွက်ကြောင့် ခုလိုစျေးကွက်ကျဆင်းလာနေတာဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်ပေးပြီး တင်ပို့ခွင့်ရှိနေတာဖြစ်ပြီး လမ်းခရီးအခြေအနေပေါ်မူတည်ပြီး ဈေးအပြောင်းအလဲဖြစ်နိုင်တဲ့အတွက် ပြောင်းဆံက လာမယ့်ကာလတိုအတွင်းတက်နိုင်ခြေရှိတယ်လို့ ပြောင်းကုန်သည်အချို့က ခန့်မှန်းထားပါတယ်။ ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁,၀၄၀ မှ ၁,၀၆၀ ကျပ်သာရှိပြီး ပြီးခဲ့တဲ့အပတ်ကထက် တစ်ပိဿာကို ၄၀ ကျပ် စျေးထပ်ကျသွားတာဖြစ်ပါတယ်။ မန္တလေးစျေးကွက်မှာလည်း ပြောင်း (CP)တစ်အိတ်ကို ၅၁,၀၀၀ ကျပ်၊ ပြောင်း(ဗမာ)တစ်အိတ်ကို ၄၉,၀၀၀ မှ ၅၀,၀၀၀ ကျပ်၊ ပြောင်း (ရှမ်း)တစ်အိတ်ကို ၅၁,၀၀၀ ကျပ် စျေးပေါက်ပြီး တစ်အိတ်ကို ၁,၀၀၀ မှ ၁,၅၀၀ ကျပ် စျေးထပ်ကျပါတယ်။
🥦ပန်းဂေါ်ဖီ🥦
ပန်းဂေါ်ဖီကတော့စျေးကွက်ပျက်နေပြီး ခြံပိုင်ရှင်တွေမှာ တစ်ပွင့် ၁၀၀၊ ၂၀၀ ကျပ်နဲ့သာ ရောင်းချနေကြရတယ်လို့ သိရပါတယ်။ ဝယ်လိုအားနည်းပြီး ရောင်းလိုအားများနေခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် အလုပ်သမားငှားခစရိတ်တွေ ကုန်ကျမှုများတဲ့အပြင် နယ်စုံကနေ ပန်းပွင့်တွေ ဈေးကွက်ထဲဝင်ရောက်မှုရှိတာကြောင့်ပန်းပွင့်စျေးက ကျဆင်းနေတာဖြစ်ပါတယ်။ ရှမ်းပြည်နယ် အောင်ပန်းကုန်စည်ဒိုင်ရောင်းစျေးမှာ ပန်းပွင့် (ချိန်းထုပ်) တစ်ပွင့် ၃၀၀ ကျပ်၊ ပန်းပွင့်အလတ်စတစ်ပွင့် ၂၅၀ ကျပ်သာ စျေးရှိပါတယ်။
🥦ဂေါ်ဖီထုပ်🥦
အလားတူဂေါ်ဖီထုပ်ကလည်း စျေးကျဆင်းနေတဲ့အပြင် ဝယ်လိုအားလည်းလျော့ကျလာနေပါတယ်။ ဂေါ်ဖီထုပ်ကလည်း ရှမ်းပြည်နယ်ကနေ အခြားဒေသတွေကိုတင်ပို့ရောင်းချရမှုလျော့ကျလာတာကြောင့် ပြည်နယ်တွင်း ဂေါ်ဖီထုပ်စျေးကွက်က ကျဆင်းလာနေတာဖြစ်ပါတယ်။ အောင်ပန်းကုန်စိမ်းပွဲရုံတွေမှာ ဂေါ်ဖီထုပ် (ချိန်းထုပ်) ၂ပိဿာနီးပါးခန့်တစ်ထုပ်ကို ၅၀၀ကျပ်သာရှိပြီး ဂေါ်ဖီထုပ်အလတ်ဆိုဒ် ၁ ပိဿာအောက်ခံကိုမှ ၃၀၀ ကျပ်သာ စျေးရှိနေပါတယ်။
🍅ခရမ်းချဉ်သီး🍅
ခရမ်းချဉ်သီးကတော့ ရှမ်းကုန်စိမ်းသီးနှံတွေထဲမှာစျေးအကျဆုံးသီးနှံတစ်ခုဖြစ်နေပါတယ်။ လတ်တ လောမှာ ရှမ်းထွက်ခရမ်းချဉ်သီးတွေကို ဝယ်ယူမှုလျော့လာတာကြောင့် ကုန်စိမ်းပွဲရုံအချို့ ခရမ်းချဉ်သီး အဝယ်ကိုရပ်နားထားကြပါတယ်။ ခရမ်းချဉ်သီးခြံပြတ်စျေးက တစ်ပိဿာကို ၁၀၀ လောက်သာရပြီး ခြံကနေပွဲရုံအရောက်စျေးက တစ်ပိဿာကို ၃၀၀၊ ၄၀၀ ကျပ်သာ အများဆုံးစျေးရကြပါတယ်။ အောင်ပန်းပွဲရုံအချို့မှာတော့ ခရမ်းချဉ်ဂွတ်ရှယ်သီး တစ်ပိဿာကို ၇၀၀ ကျပ်၊ ခရမ်းချဉ်ရှယ်သီး တစ်ပိဿာ ၅၀၀ ကျပ်၊ ခရမ်းချဉ် အသေးဆုံးသီး တစ်ပိဿာ ၃၀၀ ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာ ၈၀၀ ကျပ်၊ ခရမ်းချဉ်အစိမ်းသီးအကြီးဆုံးဆိုဒ် ၅၀၀ ကျပ်၊ ခရမ်းချဉ် အစိမ်းသီးအလတ်ဆိုဒ်၄၀၀ ကျပ်၊ ခရမ်းချဉ်သီးအစိမ်းအသေးဆိုဒ် ၃၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ ရန်ကုန်လက်ကားဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
Sources : AMIA (Farmer Digital TV)