menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” ( ၂၇ . ၅ . ၂၀၂၄ မှ ၃၁ . ၅ . ၂၀၂၄ )
🫛🫘🌶️🫘🫛🌶️🫛🫘🌶️🫘🫛
✅ ယခုတစ်ပတ်အတွင်းမှာတော့ ငွေကြေးဈေးတည်ငြိမ်မှုမရှိပဲ ငွေလဲလှယ်နှုန်းဈေးမြင့်တက်တာ တွေကြောင့် ပို့ကုန်ပဲအပါအဝင်ပဲအများစု ဈေးမြင့်တက်လာပါတယ်။ ဈေးမြင့်တက်နေတာဖြစ်တဲ့အတွက် အရောင်းတွေကတော့ရှိပေမယ့် အဝယ်ကတော့ အနည်းငယ်အေးနေတဲ့အခြေအနေ ဖြစ်တယ်လို့သိရပါတယ်။ ပဲတစ်အိတ်ကို အနိမ့်ဆုံး ၅,၀၀၀ ကနေ အမြင့်ဆုံး ၅၀,၀၀၀ အထိ ဈေးမြင့်တက်နေပါတယ်။
မတ်ပဲ
-----
မတ်ပဲကတော့ ဆက်တိုက်ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း ဒေါ်လာဈေးမြင့်တက်လာတဲ့ အတွက်ကြောင့် ပဲဈေးတွေကမြင့်တက်လာတာဖြစ်ပါတယ်။ ဈေးကွက်အတွင်းမှာတော့ ငွေကြေးဈေး တည်ငြိမ်မှုမရှိတာကြောင့် အရောင်းအဝယ်တွေလည်းအေးနေပြီး ကုန်သည်တွေအနေနဲ့စောင့်ကြည့် နေကြတယ်လို့သိရပါတယ်။ ပြည်တွင်းမှာတော့ငွေကြေးဈေးမတည်ငြိမ်မှုတွေက ပဲဈေးတွေကို မြင့်တက်နေစေသလို အိန္ဒိယနိုင်ငံမှာလည်း အခုနှစ်ရာသီမှာရာသီဥတုအခြေအကြောင့်ပဲမျိုးစုံ ထုတ်လုပ်နိုင်မှုက ၃၀ ရာခိုင်နှုန်းလောက် လျော့ကျနိုင်မယ်လို့ ဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားတာကြောင့် လက်ရှိရွေးကောက်ပွဲပြီးပါက ပဲဈေးမြင့်တက်မှုက ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ မြင့်လာဦးမယ်လို့ အိန္ဒိယကုန်သည်တွေက ခန့်မှန်းထားကြောင်း အိန္ဒိယပဲသတင်းတွေအရ သိရပါတယ်။ ယခင်အခြေအနေက အိန္ဒိယပဲဈေး မြင့်တက်လာမှ ပြည်တွင်းမတ်ပဲဈေး မြင့်တက်ခဲ့တာဖြစ်ပေမယ့် လက်ရှိအခြေအနေကတော့ မြန်မာပြည်တွင်း ပဲဈေးမြင့်တက်လာမှုကိုစောင့်ကြည့်ပြီး အမြင့်ဈေးနဲ့ ရောင်းဝယ်နေကြတာဖြစ်လို့ အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာမတ်ပဲ FAQ က တစ်တန်ကို ရူပီး ၉,၂၂၅ ပေါက်ဈေးရှိနေပြီး ၁၇၅ ရူပီး မြင့်တက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၃,၄၈၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်သောကြာနေ့နဲ့ယှဉ်ရင် တစ်တန်ကို ၁၉၇,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃,၇၇၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၂၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မတ်ပဲ Rawကတော့ တစ်ပိဿာကို ၅,၆၁၅ မှ ၅,၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၂၅ကျပ် ဈေး မြင့်တက်လာပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁,၀၂၅ မှ ၁,၀၄၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၁၅ဒေါ်လာ မြင့်တက်လာပါတယ်။ မတ်ပဲက တစ်လအတွင်း တစ်တန်ကို ၃ သိန်းနီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။
ပြောင်းဆံ
--------
ပြောင်းဆံကလည်း ငွေကြေးပြောင်းလဲမှုနဲ့အတူ ဈေးမြင့်တက်နေပါတယ်။ ဈေးကွက်အတွင်း ဈေးမြင့်တက်နေပေမယ့်လည်း တောင်သူတွေဈေးကောင်းမရရှိဘူးလို့သိရပါတယ်။ လက်ရှိမှာတော့ တင်ပို့မှုတွေရှိနေတာဖြစ်လို့ အရောင်းအဝယ်ကရှိပေမယ့် အနည်းငယ်အေးသွားတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁,၂၇၀ မှ ၁,၃၀၀ ကျပ် ရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းတစ်အိတ်ကို ၆၅,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့သောကြာနဲ့နှိုင်းယှဉ်လိုက်ရင်တော့ တစ်အိတ်ကို ၄,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ စီပီပြောင်း ပြောင်းဆံက မေလအစပိုင်းကတည်းက ပြည်ပ ဝယ်ယူမှုရှိနေတဲ့အတွက် ဆက်တိုက်ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဧပြီလနဲ့နှိုင်းယှဉ်ရင် သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၁၃,၅၀၀ ဈေးမြင့်တက်လာပါတယ်။
ကြက်သွန်နီ
---------
ကြက်သွန်နီကတော့ ဈေးကွက်ထဲအဝင်လျော့ပေမယ့် ဈေးကတော့ကျဆင်းသွားခဲ့ပါတယ်။ နယ်စုံကနေ အဝင်ရှိနေပါတယ်။ အဆက်မပြတ်မိုးရွာတဲ့အတွက် ဈေးကွက်ထဲတစ်ပတ်အတွင်း အဝင်လျော့သွားပေမယ့်လည်း မိုးကြောင့်ပျက်စီးဆုံးရှုံးပြီး အရည်အသွေးပိုင်းဆိုင်ရာ အားနည်းတဲ့ အတွက်ကြောင့် ဈေးကောင်းမရရှိဘူးလို့လည်းသိရပါတယ်။ နေ့စဉ် ဘုရင့်နောင်ဈေးကွက်ထဲကို ပိဿာချိန် ၁သိန်း နှင့် ၁ သိန်းခွဲကြား အဝင်ရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီဆိပ်ဖြူကတော့ တစ်ပိဿာကို ၁,၅၀၀ မှ ၂,၂၀၀ ကျပ် ရှိပြီး တစ်ပိဿာကို ၁၀၀ကျပ် ဈေးကျဆင်းပါတယ်။ အခြားအမျိုးအစားဖြစ်တဲ့ မြင်းခြံ၊ တောင်တွင်း၊ မင်းဘူး၊ ရွှေဘို၊ မုံရွာတို့ကလည်း တစ်ပိဿာကို အနိမ့်ဆုံးဈေး ၁,၂၀၀ ကနေ ၂,၃၀၀ ကြား ရှိနေပြီး ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၂၀၀ မှ ၁,၈၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ် ဈေးကျဆင်းပါတယ်။ ကြက်သွန်နီကတော့ ပြီးခဲ့တဲ့လနဲ့ယှဉ်ရင် တစ်လ အတွင်း တစ်ပိဿာကို ၅၀၀ နီးပါး ဈေးကျဆင်းသွားခဲ့ပါတယ်။
သကြား
------
သကြားကတော့ လက်ရှိငွေကြေးဈေးတည်ငြိမ်မှုမရှိတဲ့အတွက် ဈေးမြင့်တက်နေတာဖြစ်ပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပါတယ်။ တစ်ပိဿာကို ၄,၆၀၀ မှ ၄,၇၀၀ ကျပ် ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)