menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” ( ၂၃ . ၉ . ၂၀၂၄ မှ ၂၇ . ၉ . ၂၀၂၄ )
🫘🫛🥜🌽🫘🫛🫘🌽🥜🫛🫘
မတ်ပဲ
-----
အရင်တစ်ပတ်ကစျေးကျခဲ့တဲ့မတ်ပဲက အခုတစ်ပတ်မှာတော့ စျေးနှုန်းပြန်တက်လာပါတယ်။ နိုင်ငံခြားငွေ စျေးကွက်ကျဆင်းသွားပေမယ့် FOB စျေးနှုန်းတက်လာပြီး ပြည်တွင်းမှာလည်း မတ်ပဲလက်ကျန်နည်းခြင်း၊ ရန်ကုန်အဝယ်ရှိခြင်း၊ ကုန်စည်ဒိုင်တွေကို မတ်ပဲအဝင်နည်းခြင်း၊ ပို့ကုန်ရငွေဖြေလျှော့မှုတွေကြောင့် မတ်ပဲစျေးနှုန်း ပြန်လည်မြင့်တက်တာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ခုတပတ် တနင်္လာနေ့က သိန်း ၄၀ ရှိပြီး အင်္ဂါနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃,၉၇၃,၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၃,၉၆၇,၀၀၀၊ ကြာသပတေးနေ့မှာ ၃,၉၉၀,၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၃,၉၇၇,၀၀၀ ကျပ် ရှိပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၂၆,၀၀၀ ကျပ် တက်လာပါတယ်။ မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၃၇၀,၀၀၀ မှ ၃၈၅,၀၀၀ ကျပ် ရှိလို့ အရင်တစ်ပတ်ကထက် ၅,၀၀၀ ကျပ် အတက်ပြပါတယ်။
ပဲစင်းငုံ
------
ပဲစင်းငုံကတော့ အခုတစ်ပတ်ပထမနှစ်ရက်မှာ စျေးနှုန်းအတက်ပြခဲ့ပေမယ့် နောက်ရက်တွေမှာ ဆက်တိုက်ပြန်ကျဆင်းသွားခဲ့ပါတယ်။ ပဲစင်းငုံကို ပြည်ပတင်ပို့မှုရှိပြီး FOB စျေးလည်းမကျပေမယ့် နိုင်ငံခြားငွေစျေးကျဆင်းခြင်း၊ အရောင်းအဝယ်အေးတဲ့အခြေအနေတွေကြောင့် စျေးပြန်ကျလာတာဖြစ်ပါတယ်။ ပဲလက်ကျန်ကလည်း မရှိသလောက်နည်းတယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တန်ကို တနင်္လာနေ့က ၄,၉၅၀,၀၀၀၊ အင်္ဂါနေ့က ၄,၈၉၅,၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၄,၈၅၀,၀၀၀၊ ကြာသပတေးနေ့မှာ ၄,၈၀၀,၀၀၀ ကျပ် နှင့် သောကြာနေ့မှာ ၄,၇၉၅,၀၀၀ ကျပ်ရှိပါတယ်။ မန္တလေးစျေးကွက်မှာတော့ အခုတစ်ပတ်မှာ ပဲစင်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာ တွေ့ရပါတယ်။
ပဲတီစိမ်း
-------
ပဲတီစိမ်းကတော့ ရန်ကုန်မှာ အတက်အကျမရှိဘဲ အရင်တစ်ပတ်ကအတိုင်းစျေးဆက်ငြိမ်နေပြီး မန္တလေးစျေးကွက်မှာ ကျရိပ်ပြပါတယ်။ လက်ကျန်မရှိသလောက်နည်းနေပြီး အရောင်းအဝယ်လည်း အေးနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မတို့က တစ်ပိဿာကို ၄,၃၃၀ ကနေ ၅,၈၅၀ ကြား ပေါက်ဈေးရှိနေပြီးဈေးငြိမ်နေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) အသစ်က သုံးတင်းဝင်တစ်အိတ်ကို ၁၉၀,၀၀၀ မှ ၂၄၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။
မြေပဲ
----
မြေပဲကတော့ ဩဂုတ်လတတိယပတ်လောက်ကစလို့ စျေးတွေဆက်တိုက်ကျဆင်းခဲ့တာ ယခုတစ်ပတ်မှာလည်း စျေးထပ်ကျပါတယ်။ စျေးကွက်ထဲကို မြေပဲအသစ်တွေလှိုင်လှိုင် ဝင်ရောက်နေတဲ့အပြင် ဆီစက်တွေကလည်း စျေးချဝယ်နေတာကြောင့် မြေပဲစျေးကွက် ကျနေတာဖြစ်ပါတယ်။ မန္တလေးစျေးကွက်မှာ S1 လုံးဆံက ၈,၁၀၀ မှ ၈,၅၀၀ ကျပ်၊ မြေပဲအနီလုံးဆံက ၈,၀၀၀ မှ ၈,၂၀၀ ကျပ်၊ S1 ဆီဆံက ၇,၀၀၀ မှ ၇,၅၀၀ ကျပ် ရှိပါတယ်။ ဒါကြောင့် မြေပဲဆံစျေးကွက်က အရင်တပတ်နဲ့ယှဥ်ရင် တစ်ပိဿာကို အမျိုးအစားနဲ့အရည်အသွေးပေါ်လိုက်ပြီး ၅၀၀ မှ ၇၀၀ ကျပ် စျေးထပ်ကျသွားပါတယ်။
ပြောင်း
------
ပြောင်းဆံစျေးကတော့ ယခုတစ်ပတ်မှာ ရန်ကုန်၊ မန္တလေးစျေးကွက်အားလုံးမှာ စျေးတန်းငြိမ် လာပါတယ်။ ရှမ်းပြည်နယ် အပါအဝင်ဒေသအများစုမှာရေကြီးနစ်မြုပ်မှုဖြစ်ပွားမှုကြောင့် ပြောင်းဆံတွေအရောင်းနည်းသွားခြင်း၊ ပြည်တွင်းလက်ကျန်နည်းခြင်း၊ ပြည်တွင်းအစာစပ် စက်ရုံတွေကဝယ်လိုအားရှိပေမယ့်လည်း ပြည်ပတင်ပို့မှုလျော့သွားလို့ ပြောင်းဆံစျေးက ထပ်တက်မလာဘဲ ယခင်အတက်စျေးတန်းမှာပဲ ငြိမ်နေတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၁,၇၃၀ မှ ၁,၇၅၀ ကျပ်နဲ့ စျေးငြိမ်နေပါတယ်။ မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၀,၀၀၀ မှ ၈၂,၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၃,၀၀၀ မှ ၈၅,၀၀၀ ကျပ်နဲ့ အရင်အပတ်ကအတိုင်းစျေးငြိမ်ပါတယ်။
Sources : AMIA (Farmer Digital TV)