menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” ( ၂၅ . ၁၁ . ၂၀၂၄ မှ ၂၉ . ၁၁ . ၂၀၂၄ )
🌱🫘🌱🌽🌱🫘🌱🌽🌱🫘🌱
မတ်ပဲ
------
မတ်ပဲစျေးကွက်က နေ့စဉ်နဲ့အမျှစျေးတန်းကကျဆင်းလာနေပြီး ဒီတစ်ပတ်မှာလည်းစျေးအနည်းငယ် ထပ်ကျတာတွေ့ရပါတယ်။ မတ်ပဲကိုအဓိကဝယ်ယူတဲ့အိန္ဒိယနိုင်ငံက သူတို့နိုင်ငံရဲ့ မတ်ပဲလိုအပ်ချက် ပြည့်သွားတဲ့အတွက်ကြောင့်အဝယ်အေးသွားတဲ့အတွက် စျေးတန်းကကျဆင်းလာနေတာဖြစ်တယ်လို့ သိရပါတယ်။ မိုးမတ်ပဲအသစ်တွေလည်းစပေါ်နေပြီး စျေးကွက်ထဲစတင်ဝင်ရောက်နေတာကြောင့်လည်း မတ်ပဲစျေးတန်း အေးနေတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ(FAQ)တစ်တန်ကို ဒီတစ်ပတ် အင်္ဂါနေ့မှာ ၃,၅၇၆,၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၃,၅၇၀,၀၀၀၊ ကြာသပတေးနေ့မှာ ၃,၅၆၅,၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၃,၅၆၁,၀၀၀ ကျပ်သာ ရှိပါတယ်။ အရင်တစ်ပတ်နဲ့ယှဉ်ရင် မတ်ပဲတစ်တန်ကို ၂ သောင်းလောက်စျေးထပ်ကျပါတယ်။ မန္တလေးစျေးကွက်မှာတော့ မတ်ပဲ(အဟောင်း)က ပိဿာ ၆၀ တစ်အိတ်ကို ၃၀၀,၀၀၀ မှ ၃၂၅,၀၀၀ ကျပ်ရှိပြီး မတ်ပဲအသစ်က တစ်အိတ်ကို ၂၆၀,၀၀၀ မှ ၂၈၀,၀၀၀ ကျပ် ရှိပါတယ်။
ပဲစင်းငုံ
------
ပဲစင်းငုံကတော့ စျေးအတက်အကျတည်ငြိမ်မှုမရှိပါဘူး။ ဒီတစ်ပတ်မှာတော့ စျေးကပြန်ကျပါ တယ်။ ပြည်တွင်းမှာလည်း ပဲလက်ကျန်မရှိသလောက်ဖြစ်နေပြီး အရောင်းအဝယ်အေးနေတာက တစ်ကြောင်း၊ ပြည်ပဝယ်လိုအားလည်းပုံမှန်လောက်သာရှိတာကြောင့်တစ်ကြောင်း စျေးပြန်ကျ လာတာဖြစ်ပါတယ်။ နိုင်ငံခြားငွေစျေးအတက်အကျကြောင့်လည်း စျေးကွက်ကအတက်အကျ တည်ငြိမ်မှုမရှိဘဲဖြစ်နေတယ်လို့ သိရပါတယ်။ မကြာခင် ပဲအသစ်တွေ ဈေးကွက်ထဲဝင်တော့မှာဖြစ်လို့ ပဲဈေးက လက်တလောမှာတော့ အတက်မရှိနိုင်သေးဘူးလို့ ကုန်သည်အချို့က သုံးသပ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို အင်္ဂါနေ့မှာ ၃,၉၅၀,၀၀၀၊ ဗုဒ္ဓဟူးနေ့က ၃,၉၄၂,၀၀၀၊ ကြာသပတေးနေ့မှာ ၃,၈၉၅,၀၀၀ နဲ့ သောကြာနေ့မှာ ၃,၈၅၂,၀၀၀ ကျပ် ရှိပြီး ပြီးခဲ့တဲ့တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁သိန်းဝန်းကျင် စျေးပြန်ကျပါတယ်။ မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်လည်း ပဲစင်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာ တွေ့ရပါတယ်။
ပြောင်း
-----
ပြောင်းဆံစျေးကလည်း ဒီတစ်ပတ်မှာစျေးတက်လာပါတယ်။ ပြောင်းဆံအသစ်တွေပေါ်နေပေမယ့် လမ်းပန်းဆက်သွယ်ရေးကြောင့် ပြောင်းဆံတွေစျေးကွက်ထဲဝင်ရောက်မှုနည်းခြင်း၊ ပြောင်းစိုက်ပျိုးမှု နည်းလို့အထွက်နှုန်းနည်းခြင်း၊ ပြည်ပကလည်းဝယ်လိုအားရှိသလို ပြည်တွင်းအစာစပ်စက်ရုံတွေက လည်းဝယ်ယူမှုရှိနေတာကြောင့် စျေးတက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံတစ်ပိဿာကို ၁,၅၅၀ မှ ၁,၅၇၀ ကျပ် ရှိပြီး တစ်ပိဿာ ၃၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ပြောင်း(ဗမာ) က ၅၄ပိဿာ တစ်အိတ်ကို ၇၈,၀၀၀ မှ ၇၉,၀၀၀ ကျပ် ရှိပြီး ပြောင်း(CP)နဲ့ ပြောင်း(ရှမ်း) ၅၄ ပိဿာကို ၈၀,၀၀၀ မှ ၈၁,၀၀၀ ကျပ် စျေးရှိပါတယ်။ ပြောင်းတစ်အိတ်ကို ၂,၀၀၀ လောက် ဈေးတက်လာပါတယ်။
နှမ်းမျိုးစုံ
--------
ဒီတစ်ပတ်မှာတော့ နှမ်းမျိုးစုံဈေးက ဆက်တိုက်မြင့်တက်လာပါတယ်။ စမုံနှမ်းနက်က စျေးနှုန်းတက် လာပြီး ကျန်တဲ့နှမ်းဖြူနဲ့ နှမ်းညိုလည်း ဈေးတက်လာပါတယ်။ စမုံနှမ်းနက်က အောင်လံဘက်က အသစ်တွေဈေးကွက်ဝင်လာပြီး ပြည်ပအဝယ်ရှိခြင်း၊ ကျန်တဲ့နှမ်းဖြူကလည်း လုပ်ငန်းသုံးဖြစ်လို့ ပုံမှန်အဝယ်ရှိခြင်း၊ နှမ်းညိုကလည်းဆီစက်တွေကဝယ်လိုအားရှိတာကြောင့် စျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ အက်စစ်လွတ်တဲ့ စမုံနှမ်းနက်သုံးတင်းတစ်အိတ်ကို ၆၄၅,၀၀၀ မှ ၆၈၀,၀၀၀ ကျပ်အတွင်းရှိပြီး အရင်တစ်ပတ်ကထက် ၃၀,၀၀၀ ကျပ်လောက်ဈေးတက်လာပါတယ်။ နှမ်းညိုကလည်းတစ်အိတ်ကို ၃၁၀,၀၀၀ မှ ၃၁၅,၀၀၀ ကျပ် စျေးပေါက်ပြီး တစ်အိတ်ကို ၅,၀၀၀ကျပ် ဈေးတက်လာပါတယ်။ နှမ်းဖြူဗမာကလည်း တစ်အိတ်ကို ၃၈၀,၀၀၀ မှ ၄၀၅,၀၀၀ ကျပ် ရှိကာ အရင်တစ်ပတ်ကထက် ၃၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ နှမ်းဖြူ ဂျပန်က ၄၅ ပိဿာ သုံးတင်တစ်အိတ်ကို ၄၁၅,၀၀၀ မှ ၄၂၅,၀၀၀ ကျပ် ရှိပြီး ဈေးငြိမ်ပါတယ်။
Sources : AMIA (Farmer Digital TV)