menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” ( ၁၃ . ၁ . ၂၀၂၅ မှ ၁၇ . ၁ . ၂၀၂၅ )
🫘🌽🫘🌽🫘🌽🫘🌽🫘🌽🫘
↗️ ဒီတစ်ပတ်မှာတော့ ပြောင်း၊ မတ်ပဲ၊ ပဲစင်းငုံ စျေးတွေထပ်ကျပြီး နှမ်းစျေးကွက်ကအေးနေပါတယ်။
မတ်ပဲ
-----
မတ်ပဲကတော့ ဒီတစ်ပတ်မှာ စျေးကထပ်မံကျဆင်းပြီး တစ်တန်ကို ၁၈၀,၀၀၀ ကျပ် လောက် စျေး ကျသွားပါတယ်။ အိန္ဒိယမှာလည်းမတ်ပဲကစျေးကျပြီး မြန်မာကနေလည်းပဲအဝယ်အေးတဲ့အပြင် မြန်မာမှာလည်း မတ်ပဲအသစ်တွေစျေးကွက် ထဲဝင်ရောက်မှုရှိနေတာကြောင့်လည်း စျေးကျနေ တာဖြစ်ပါတယ်။ ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃,၀၁၀,၀၀၀ ကျပ် စျေးတန်းသာရှိပါတယ်။ အရင်တစ်ပတ်က တစ်တန်ကို ၃,၁၉၅,၀၀၀ ကျပ် ရှိခဲ့ပါတယ်။ မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၅၀,၀၀၀ ကျပ်သာရှိပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ ပြည်ကုန်စည်ဒိုင်နဲ့ဟင်္သာတကုန်စည်ဒိုင်တွေမှာတော့ပိဿာ ၂၀ ကို ၉၀,၀၀၀ ကျပ် ကျော်သာရှိနေပါတယ်။
ပဲစင်းငုံ
-----
ပဲစင်းငုံကလည်း ဒီတစ်ပတ်မှာ တစ်တန်ကို ၁၅၀,၀၀၀ ကျပ်လောက် စျေးထပ်ကျလာပါတယ်။ ပြည်တွင်းမှာ ပဲအသစ်တွေပေါ်နေတဲ့အပြင်အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစင်းငုံ က စျေးကျဆင်းနေတာဖြစ်ပါတယ်။ ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၂,၉၂၀,၀၀၀ ကျပ်သာ ရှိပါတယ်။ အရင်တစ်ပတ်က တစ်တန်ကို ၃,၀၇၅,၀၀၀ ကျပ် ရှိပါတယ်။ နှစ်လ ကျော်ကြာဈေးမဖွင့်တဲ့ မန္တလေးစျေးကွက်မှာတော့ ပဲစင်းငုံနီ ပိဿာ ၆၀ ကို ၂၇၅,၀၀၀ မှ ၂၇၄,၀၀၀ ကျပ် စျေးဖွင့်ထားတာတွေ့ရပါတယ်။
ပြောင်း
-----
ပြောင်းကတော့ အခုတစ်ပတ်မှာလည်း စျေးအနည်းငယ်ကျရိပ်ပြလာပါတယ်။ ပြောင်းဆံကို အိန္ဒိယအပါအဝင် ပြည်ပနိုင်ငံအချို့ကဝယ်လိုအားရှိပေမယ့်လည်း စျေးကတော့အရင်တစ်ပတ်မှာ လည်း တစ်ပိဿာကို ၁၀ ကျပ်ကျခဲ့သလို အခုတစ်ပတ်မှာလည်း ၁၀ ကျပ် ထပ်ပြီးဈေးကျဆင်းပါတယ်။ စျေးကျပေမယ့် ပြည်တွင်းအစာစပ်စက်ရုံတွေကလည်း ပုံမှန်အဝယ်ရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁,၆၄၀ မှ ၁,၆၆၀ ကျပ် ရှိပါတယ်။ မန္တလေးကုန်စည်ဒိုင် စျေးကွက်မှာတော့ ပြောင်း(ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၉,၀၀၀ မှ ၈၀,၀၀၀ ကျပ် ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၁,၀၀၀ မှ ၈၂,၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်တစ်ပတ်ကထက် ၁,၀၀၀ မှ ၃,၀၀၀ ကျပ် ဈေးထပ်ကျလာပါတယ်။
နှမ်းမျိုးစုံ
------
ဒီတစ်ပတ်မှာ စမုံနှမ်းနက်ကစျေးကျရိပ်ပြပြီး နှမ်းဖြူက စျေးတက်လာကာ နှမ်းညိုက စျေးငြိမ်နေပါတယ်။ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ နှမ်းဖြူက ဆောင်းနှမ်းအဝင်နည်းခြင်း၊ လုပ်ငန်းသမားအဝယ် ပုံမှန်ရှိခြင်းကြောင့်စျေးတက်လာပါတယ်။ နှမ်းညိုက အသစ်အဝင်နည်းခြင်း၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရင်တစ်ပတ်ကစျေးအတိုင်းငြိမ်နေတာဖြစ်ပါတယ်။ နှမ်းနက် (စမုံ)ကတော့ အရည်အသွေးပေါ်လိုက်ပြီး လုပ်ငန်းသမားနဲ့ တရုတ်ဝယ်လက်အဝယ်နည်းလို့ စျေးကျရိပ်ပြလာတာဖြစ်ပါတယ်။ စမုံနှမ်းနက်သုံးတင်းတစ်အိတ်ကို ၆၂၀,၀၀၀ မှ ၆၉၀,၀၀၀ ကျပ်အတွင်းရှိလို့ အရင်တစ်ပတ်ကထက် ၁၅,၀၀၀ ကျပ်လောက် ဈေးကျလာပါတယ်။ နှမ်းညိုကတစ်အိတ်ကို ၃၀၅,၀၀၀ မှ ၃၁၀,၀၀၀ ကျပ်နဲ့ စျေးငြိမ်ပါတယ်။ နှမ်းဖြူဗမာက တစ်အိတ်ကို ၃၅၀,၀၀၀ မှ ၃၆၀,၀၀၀ ကျပ်ရှိလို့ အရင်တစ်ပတ်ကထက် ၁၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ နှမ်းဖြူ ဂျပန်ကစျေးဖွင့်ထားခြင်းမရှိပါဘူး။
Sources : AMIA (Farmer Digital TV)