menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" ( ၂၇. ၁ . ၂၀၂၅ မှ ၃၁. ၁. ၂၀၂၅ )
🌾🫘🌾🫛🌾🫘🌾🫛🌾🫘🌾
✅ အခုတစ်ပတ်မှာ ပြောင်းကစျေးထပ်တက်ပြီး မတ်ပဲ နှင့် ပဲစင်းငုံက စျေးပြန်ကျသွားပါတယ်။ ဆန်ကတော့ ပြည်တွင်းစားဆန်စျေးမြင့်ပြီး exportဆန်ကစျေးကျပါတယ်။ ပဲဖတ်စျေးက မြင့်နေပါတယ်။
ဆန်
---
ဆန်စျေးကွက်မှာ ပြည်ပတင်ပို့တဲ့ ကရင်မဆန်အပါအဝင်ဆန်အမျိုးအစားတွေအားလုံး စျေးတန်းကျဆင်းပြီး ပြည်တွင်းစားသုံးမှုများတဲ့ ဆန်အမျိုးအစားတွေကတော့ စျေးနှုန်းသိသိသာသာ ကျဆင်းတာမျိုးမရှိသေးပါဘူး။ လက်ရှိ ပြည်တွင်းစားသုံးမှုများတဲ့ ဆန်ကဒေသအလိုက်အမျိုးအစားကွာခြားမှုရှိပြီး ပဲခူးအနောက်ခြမ်းမှာတော့ မှော်ဘီ(၃)ဆန် ၂၄ပြည်တစ်အိတ်ကို ဆန်အဟောင်းက ၈၅,၀၀၀ ကျပ် ရှိပြီး ဆန်အသစ်က ၇၅,၀၀၀ ကျပ် ဝန်းကျင်ရှိပါတယ်။ ဆန်အမာအမျိုးအစားတွေကတော့ ၂၄ ပြည် အဟောင်းတစ်အိတ်ကို ၈၈,၀၀၀ လောက်ရှိနေပါ တယ်။ ရွှေဘိုပေါ်ဆန်းမွှေးဆိုရင် အဟောင်းတစ်အိတ်ကို ၂၀၀,၀၀၀ ကျပ်ရှိပါတယ်။ ဧရာပဒေသာဆန်အဟောင်းတစ်အိတ်ကိုဆိုရင် ၁၇၀,၀၀၀ ကျပ်ရှိပြီး ဆန်အသစ်က ၁၃၀,၀၀၀ ကျပ် ရှိတယ်လို့သိရပါတယ်။ ပြည်ပတင်ပို့တဲ့ဆန်အမျိုးအစားတွေကတော့ စျေးကျနေတဲ့အပြင် အရောင်းအဝယ်လည်း အေးနေပါတယ်။
ပြောင်း
-----
ပြောင်းကတော့ ဒီတစ်ပတ်မှာလည်း စျေးထပ်တက်လာပါတယ်။ ပြောင်းဆံကို ပြည်ပဝယ်လိုအား များတဲ့အပြင် ထိုင်းကိုပါအခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့တော့မှာဖြစ်လို့ ကုန်သည်တွေဝယ်လိုအား ကောင်းပြီး စျေးတက်လာတာဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုအတွက် အရည်အသွေးကောင်းတဲ့ ပြောင်းဆံတွေက စျေးကောင်းရနေတာဖြစ်ပါတယ်။ အခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံတစ်ပိဿာကို ၁,၆၈၀ မှ ၁,၇၀၀ ကျပ်အထိ ရှိလာပါတယ်။ အရင်တစ်ပတ်ကထက် တစ်ပိဿာကို ၁၀ ကျပ် ထပ်တက်လာတာဖြစ်ပါတယ်။ မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်းပြောင်းစျေးတက်ပါတယ်။ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၃,၀၀၀ ကျပ် ရှိပြီး ပြောင်း (CP)က ၈၅,၀၀၀ မှ ၈၆,၀၀၀ ကျပ်၊ ပြောင်း(ရှမ်း) ၅၄ ပိဿာကို ၈၆,၀၀၀ ကျပ်စျေးရှိပြီး အရင်တစ်ပတ်ကထက် ၁,၀၀၀ မှ ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
မတ်ပဲ
-----
အရင်တစ်ပတ်က စျေးတန်းအကျရပ်ခဲ့တဲ့မတ်ပဲက အခုတစ်ပတ်မှာတော့ စျေးပြန်ကျလာပါတယ်။ ရန်ကုန်လှောင်လက်သမားတွေအဝယ်ရှိသလို နယ်လှောင်လက်သမားတွေဝယ်ယူခြင်း၊ ပဲခွက်စက်တွေဝယ်ယူမှုရှိပေမယ့်လည်း ပဲအသစ်တွေစျေးကွက်ထဲဝင်ရောက်ပြီး ပြည်ပစျေးကွက်အေးနေတာကြောင့် စျေးတန်းက အကျဘက်မှာပဲရှိတာဖြစ်တယ်လို့သိရပါတယ်။ စျေးတန်းပြန်မာလာတဲ့အခြေအနေရှိတယ်လို့ ကုန်သည်အချို့ကတော့ ခန့်မှန်းထားပါတယ်။ အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃,၀၃၀,၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃,၀၁၀,၀၀၀ ၊ ကြာသပတေးနေ့မှာ ၃,၀၅၅,၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃,၀၅၃,၀၀၀ ကျပ်ရှိပြီး တစ်ပတ်အတွင်းမှာ ၄သောင်းခန့် အတက်အကျရှိခဲ့ပါတယ်။ အရင်တစ်ပတ်နဲ့ယှဉ်ရင်တော့ ၃၀,၀၀၀ ကနေ ၇၀,၀၀၀ လောက် ကျပါတယ်။ မန္တလေးစျေးကွက်မှာလည်း စျေးကျပါတယ်။ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၇၅,၀၀၀ မှ ၂၈၀,၀၀၀ ကျပ် ရှိပြီး ၅,၀၀၀ ကျပ်ကျပါတယ်။
ပဲစင်းငုံ
------
အရင်တစ်ပတ်ကမှ စျေးပြန်အတက်ပြခဲ့တဲ့ ပဲစင်းငုံကအခုတစ်ပတ်မှာတော့ စျေးပြန်ကျသွားပါတယ်။ မြန်မာပဲစင်းငုံကို အိန္ဒိယနိုင်ငံကိုအခွန်ကင်းလွတ်ခွင့်နဲ့လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ(၃၁) ရက် အထိ အိန္ဒိယက သက်တမ်းထပ်တိုးခွင့်ပြု လိုက်ပြီးနောက်မှာ ပဲစင်းငုံစျေးပြန်တက်လာခဲ့ပေမယ့် လက်ရှိမှာ အိန္ဒိယကဝယ်လိုအားနည်းခြင်း၊ ပြည်တွင်းက လှောင်လက်သမားသာ အဝယ်ရှိခြင်း၊ ပဲအသစ်တွေစျေးကွက်ထဲဝင်ရောက်မှုများတဲ့အခြေအနေတွေကြောင့် စျေးတန်းမငြိမ်ဘဲအကျဘက်ပြန်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။ အခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစင်းငုံနီတစ်တန်ကို ၂,၉၂၅,၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၂,၉၀၀,၀၀၀၊ ကြာသပတေးနေ့က ၂,၉၇၂,၀၀၀ ကျပ်၊ သောကြာနေ့မှာ တော့ ၂,၉၃၂,၀၀၀ ကျပ် ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၇၀,၀၀၀ လောက် အတက်အကျရှိခဲ့ပါတယ်။အရင်တစ်ပတ်နဲ့ယှဉ်ရင်လည်း အနိမ့်ဆုံး ၇၀,၀၀၀ မှ ၁၃၀,၀၀၀ အထိ ကျပါတယ်။ မန္တလေးစျေးကွက်မှာလည်း ခုတစ်ပတ်မှာ ပဲစင်းငုံနီ ပိဿာ ၆၀ကို ၂၇၅,၀၀၀ မှ ၂၇၈,၀၀၀ ကျပ် ရှိပြီး အရင်တစ်ပတ်ကထက် ၁၀,၀၀၀ ကျပ် ဈေးကျပါတယ်။
ပဲဖတ်
----
ပြည်တွင်းမွေးမြူရေးအစာစျေးကွက်မှာ ပဲဖတ်ကိုဝယ်လိုအားကောင်းတဲ့အပြင် နှမ်းဖတ်ချဉ်အဖြစ် ထုတ်လုပ်ရောင်းချရာမှာလည်း စားသုံးသူစျေးကွက်ကောင်းတာကြောင့် မြေပဲဖတ်စျေးက အမြင့်စျေးတန်းမှာပဲရှိနေတယ်လို့ သိရပါတယ်။ ပဲဖတ်ကို ငါးမွေးမြူရေးလုပ်ငန်း၊ ဝက်မွေးမြူရေး အစာတွေထဲမှာရောစပ်သုံးကြတာဖြစ်ပါတယ်။ စားသုံးမှုအနေနဲ့နှမ်းဖတ်ချဉ်အဖြစ် လုပ်ရောင်းကြပါတယ်။ လက်ရှိမှာ ပဲဖတ်က ဝယ်လိုအားကောင်းနေတာကြောင့်စျေးတက်နေတာဖြစ်ပါတယ်။ မန္တလေးစျေးကွက်မှာ ပဲဖတ် ၁ ပိဿာကို ၆,၀၀၀ မှ ၆,၅၀၀ ကျပ် ရှိပြီး မကွေးစျေးကွက်မှာ ၆,၇၀၀ ကျပ် ဝန်းကျင်စျေးပေါက်နေတယ်လို့သိရပါတယ်။
Sources : AMIA (Farmer Digital TV)