close
Close menu
About Us
Open submenu
Our Product
Open submenu
Agri-Knowledge
Open submenu
Contact Us
မြန်မာ
English
Close submenu
About Us
Our Story
Vision & Mission
Career
CSR
Close submenu
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Close submenu
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၁၇ . ၃ . ၂၀၂၅ မှ ၂၁ . ၃ . ၂၀၂၅)
🌽🫛🫘🧄🧅🌽🧅🧄🫘🫛🌽
ပြောင်း
------
ပြောင်းကတော့ စျေးကွက်အတက်ဘက်ကိုရောက်လာနေတယ်လို့ သိရပါတယ်။ ပြောင်းအထွက် နှုန်းနည်းခြင်း၊ ပြည်ပကဝယ်လိုအားကောင်းခြင်းကြောင့် မြန်မာ့ပြောင်းစျေးကွက်ကောင်းနေတာဖြစ် တယ်လို့ သိရပါတယ်။ ထိုင်းဝယ်လက်တွေကတော့ဧရာဝတီပြောင်းကိုပိုပြီးဝယ်လိုအားကောင်းနေ ပါတယ်။ ပြောင်းဆံကိုထိုင်းနဲ့အိန္ဒိယကိုအခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့နေတဲ့အပြင်တခြားပြည်ပ နိုင်ငံတွေကိုပါ တင်ပို့မှုရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁,၆၈၀ မှ ၁,၆၉၀ ကျပ် ရှိပါတယ်။ ကုန်ချိန်ပမာဏများများရောင်းချမယ်ဆိုရင်တော့ ၁,၇၃၀ ကျပ်လောက်အထိ စျေးရနေပါတယ်။
ပဲတီစိမ်း
-------
ပဲတီစိမ်းက အတက်စျေးတန်းမှာငြိမ်နေပေမယ့် အရောင်းအဝယ်တော့ သွက်နေတယ်လို့သိရပါတယ်။ တရုတ်ဝယ်လိုအားရှိတာကြောင့် ဈေးကွက်ကောင်းနေတာဖြစ်ပါတယ်။ တောင်သူတွေက သိုလှောင်မှု နည်းပြီးရောင်းလိုအားများနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅,၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး ပဲတီစိမ်းအညာကလည်း အရင်တပတ်က အတိုင်း ၅,၁၆၅ ကျပ် မှ ၅,၁၈၅ ကျပ်မှာ ဈေးငြိမ်နေတာပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ) ကတော့ ၅,၂၅၀ မှ ၅,၂၇၀ ကျပ် ရှိပါတယ်။ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းအညာက ၂၆၀,၀၀၀ မှ၂၆၅,၀၀၀ ကျပ် ရှိပါတယ်။
မတ်ပဲ
-----
မတ်ပဲကတော့ တစ်တန်ကို ကျပ်သိန်း ၃၀ အထက်မှာပဲ စျေးတန်းရှိနေပါတယ်။ အိန္ဒိယအစိုးရဘက်က အခွန်ကင်းလွတ်ခွင့်နဲ့တင်သွင်းခွင့်ပြုလိုက်ပြီးနောက်မှာ စျေးထပ်မတက်လာပေမယ့်လည်း သိန်း ၃၀ ကျပ် စျေးတန်းအောက်ကိုကျဆင်းသွားခြင်းမရှိဘဲ ကျပ်သိန်း ၃၀ အပေါ်မှာပဲ အတက်အကျ ရှိနေတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃,၀၁၇,၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃,၀၀၆,၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၃,၀၁၅,၀၀၀ ကျပ်၊ ကြာသပတေးနေ့မှာ ၃,၀၁၁,၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃,၀၁၁,၀၀၀ ကျပ်ရှိပါတယ်။ ခုတစ်ပတ်မှာ ၃၀,၀၀၀ လောက် ကျပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ကို ၂၈၀,၀၀၀ မှ ၂၈၂,၀၀၀ ကျပ်ရှိပါတယ်။
ပဲစင်းငုံ
------
ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ ဈေးတန်းပြန်ကျလာပါတယ်။ တစ်တန်ကို ကျပ်သိန်း ၃,၀၅၅,၀၀၀ အထိမြင့်တက်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ တစ်တန်ကို ကျပ်သိန်း ၃၀ အောက်ပြန်ကျသွားပါတယ်။ စျေးတန်းအေးပေမယ့် အိန္ဒိယက ပဲစင်းငုံအဝယ်ပုံမှန်ရှိပြီး လှောင်လက်သမားတွေလည်း အဝယ်ရှိနေ ပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့နဲ့ အင်္ဂါနေ့က ပဲစင်းငုံနီ တစ်တန်ကို ၂,၉၆၀,၀၀၀ကျပ်၊ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ မှာ ၂,၉၈၀,၀၀၀ ကျပ်သာရှိပါတယ်။ မန္တလေးဈေးကွက်မှာ ခုတစ်ပတ်မှာ ပဲစင်းငုံနီ ပိဿာ ၆၀ ကို ၂၇၈,၀၀၀ မှ ၂၇၉,၀၀၀ ကျပ် ရှိပါတယ်။
ကြက်သွန်နီ
----------
ကြက်သွန်နီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အဝင်နည်းပေမယ့် ဈေးကအကျဈေးနဲ့ရှိနေပါတယ်။ ပြည်တွင်းဝယ်လိုအားနည်းပြီး ရောင်းအားများနေတာကြောင့် ဈေးတွေက ဆက်တိုက် ကျဆင်းနေတာလည်း ဖြစ်ပါတယ်။ နေ့စဉ်ဘုရင့်နောင်ဈေးကွက်ထဲကို ပိဿာချိန် ၂ သိန်းခွဲ ပတ်ချာလည် အဝင်ရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ကြက်သွန်နီ (ဆိတ်ဖြူ၊ မြစ်သား၊တို့က တစ်ပိဿာကို ၁,၆၀၀ မှ ၂,၇၀၀ ကြားရှိပြီး တစ်ပိဿာကို ၁၀၀ ဈေးကျဆင်းပါတယ်။ ရက် (၂၀) အတွင်း တစ်ပိဿာကို ၃၀၀ မှ ၈၀၀ ကြား ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ
----------
ကြက်သွန်ဖြူကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းပြီး ဈေးမြင့်တက်လာတာဖြစ်ပါတယ်။ ရှမ်းကြက်သွန်ဖြူကတစ်ပိဿာကို ၆,၀၀၀ မှ ၇,၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် ဈေးတက်လာပြီး ကြူကုတ်ကလည်း တစ်ပိဿာကို ၁၃,၀၀၀ မှ ၁၃,၅၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ မတ်လအစနဲ့ ယှဉ်ရင်တော့ ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပြီး ကြူကုတ်ကတော့ တစ်ပိဿာကို ၁,၀၀၀ ကျော်လောက် ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)
Close menu