menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၁၃.၁၂.၂၀၂၁ မှ ၁၇.၁၂.၂၀၂၁)
🌾🌿🍃🌾🍃🌿🍃🌾🍃🌿🌾
🌾ဆန်၊စပါး🌾
ဒီတစ်ပတ်မှာတော့ အသစ်ထွက်လာတဲ့ ဆန် နဲ့ စပါးတွေ ဈေးနှုန်းမြင့်တက်လာပါတယ်။ပြည်ပတင်ပို့မှု ရှိနေတဲ့အပြင် အဟောင်းလက်ကျန်မရှိတော့တဲ့အတွက် အသစ်တွေကိုဝယ်ယူစုဆောင်းနေမှုတွေ ကြောင့် ဈေးတွေတက်နေတယ်လို့လည်းသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့အဟောင်းဆန် အများစုဈေးငြိမ်နေပြီး အချို့ဆန်အဟောင်းတွေကတော့ ဈေးအနည်းငယ်တက်လာပါတယ်။ ဧည့်မထဆန်အဟောင်းက တစ်အိတ်ကို ၂၅,၃၀၀ ကနေ ၂၆,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ရွှေဘိုပေါ်ဆန်းအဟောင်းကလည်း တစ်အိတ်ကို ၅၃,၀၀၀ ကနေ ၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၅၅,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၈,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၆၂,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်တက်လာပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၉၅၅,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇,၅၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၃၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၉၉,၂၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၄,၂၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၅,၀၀၀ နဲ့ဈေးငြိမ်နေပါတယ်။ ဖျာပုံမှာတော့ ပေါ်ဆန်းနဲ့ဧည့်မထအသစ်တွေ ထွက်လာပြီး ဖျာပုံပေါ်ဆန်းကတော့ တင်း ၁၀၀ ကို ၈၄၀,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၃၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ ဧည့်မထကတော့ တင်း ၁၀၀ ကို ၆၅၃,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၂,၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။ ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၂၄,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၃၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ ဒေးဒရဲဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၅၃,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၂,၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။
🌿ပဲတီစိမ်း🌿
ပဲတီစိမ်းကတော့ ပြီးခဲ့တဲ့အပတ်ကဈေးတက်ပေမယ့် နယ်အလိုက်အသစ်တွေ ဆက်တိုက်ထွက်နေလို့ ဈေးတွေကကျဆင်းနေပါတယ်။ ထိပ်စဈေးတွေကတော့ ဈေးငြိမ်နေပြီးအချို့နယ်တွေမှာတော့ ဈေးက အနည်းငယ်တက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ခရမ်းရွှေဝါ)က ၂,၄၁၅ ကနေ ၂,၅၀၀ ကျပ်ပေါက်ဈေးရှိပြီး ၈၅ကျပ်၊ ပဲခူးရွှေဝါကလည်း ၂,၁၆၅ ကနေ ၂,၂၂၀ ကျပ်ပေါက်ဈေးရှိပြီး ၁၁၅ကျပ် ဈေးကျဆင်းသွားပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ) ကတော့ ၂,၅၀၀ ကနေ ၂,၆၇၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၀,၀၀၀ ကနေ ၁၂၈,၀၀၀ အထိပေါက်ဈေးရှိနေပြီး အနိမ့်ဆုံးဈေးက ၁၀,၀၀၀ ကျပ်လောက်ဈေးကျဆင်းပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၀,၀၀၀ ကနေ ၄၂,၀၀၀ ပေါက်ဈေးရှိနေပြီး ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆,၀၀၀ ကနေ ၄၀,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
🍃ကုလားပဲ🍃
ကုလားပဲက ဆက်တိုက်ဈေးအတက်အကျအနည်းငယ်ရှိနေပြီး အတန်ကြာဈေးငြိမ်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ နယ်အချို့မှာ ကုလားပဲဈေးတွေကပြန်တက်လာခဲ့ပါတယ်။အသစ်တွေလည်း မကြာခင် ထွက်တော့မှာဖြစ်လို့ လက်ကျန်တွေ က အရောင်းသွက်ပြီးဈေးအနည်းငယ်တက်လာတယ်လို့ ကုန်သည်တွေကဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဈေးက တစ်ပိဿာကို ၁,၉၁၅ ကနေ ၁,၉၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၂,၄၅၀ ကနေ ၂,၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (V2)က တစ်အိတ်ကို ၁၃၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀၊ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၁၁၂,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၄,၀၀၀ ကျပ်၊ ကုလားပဲ(929) က တစ်အိတ်ကို ၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်၊ ကုလားပဲ (V7)က တစ်အိတ်ကို ၁၂၇,၀၀၀ ကနေ ၁၂၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် အသီးသီးဈေး တက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၃၉,၂၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ ကုလားပဲ (V2)က တစ်တင်းကို ၃၉,၅၀၀ ကနေ ၄၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)