menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၁၇.၁.၂၀၂၂ မှ ၂၁.၁.၂၀၂၂)
🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀
🍀မတ်ပဲ🍀
မတ်ပဲကတော့ ဒီတစ်ပတ်မှာ အနည်းငယ်ဈေးပြန်တက်လာပါတယ်။ ဈေးကွက်အတွင်း အနည်းငယ် ဝယ်ယူလာမှုတွေပြန်သွက်လာတဲ့အတွက် ဈေးကပြန်တက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က အတက်ဈေးနဲ့ ဈေးစဖွင့်ခဲ့ပေမယ့် ဈေးပိတ်ချိန်မှာတော့ ဈေးတွေကပြန်ကျဆင်းသွားခဲ့ပါတယ်။ လာမယ့် ၃လပိုင်းကုန်အထိ ပဲတင်သွင်းမှုကရှိနေသေးတဲ့အတွက် သိုလှောင်မှုတွေက ရှိနေပါတယ်။ ပဲဈေးက ကျဆင်းသွားမှာစိုးတဲ့အတွက် လက်ရှိအတက်ဈေးနဲ့ ထုတ်ရောင်းမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။ တစ်ပတ်အတွင်းမှာတော့ အတက်အကျတွေက တည်ငြိမ်မှုမရှိပါဘူး။ အိန္ဒိယ ပဲသတင်းအရ မြန်မာ့ပဲတင်ပို့မှုကို နှစ်ဆ တင်ပို့ဖို့အတွက် ပဲကုန်သည်ကြီးတွေက တောင်းဆိုမှု တွေ ပြုလုပ်ထားတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၃သိန်း ၅ သောင်းကျော်ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂သောင်းနီးပါး ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ကနေ ၁၃၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၄၅,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
☘️ပဲစင်းငုံနီ☘️
ဒီတစ်ပတ်မှာတော့ ပဲစင်းငုံနီက မတ်ပဲထက် ဈေးကပိုများနေပါတယ်။ဈေးကွက်ထဲကို အဝင်များနေပေမယ့်လည်း ပြည်ပတင်ပို့မှုကြောင့် ဈေးကောင်းရရှိနေပါတယ်။ လာမယ့် ၃လပိုင်းအကုန်အထိ အိန္ဒိယတင်ပို့မှုကရှိနေတဲ့အတွက် ပဲစင်းငုံနီက ကျဆင်းနိုင်ခြေနည်းတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ အိုမီခရွန်ကြောင့် ပဲတင်သွင်းမှုတွေကို ကန့်သတ်မှုတွေရှိတဲ့အတွက် ဈေးက ပြန်တန့်သွားခဲ့ပေမယ့် ရာသီဥတုကြောင့် ပဲစင်းငုံအထွက်နှုန်းက ၃၀ ရာခိုင်နှုန်းထိကျဆင်းနိုင်မယ်လို့ ခန့်မှန်းမှုတွေကြောင့် ဈေးက အများကြီးကျဆင်းသွားတာမျိုး မရှိတာကိုလည်းတွေ့ရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၃ သိန်း ၈ သောင်းကျော်အထိ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅သောင်းနီးပါး ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၄၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
🍀ပဲလွန်းဖြူ🍀
ပဲလွန်းဖြူကတော့ ရန်ကုန်ဈေးကွက်မှာကျဆင်းနေပေမယ့် မန်းဈေးကွက်မှာတော့ ဆက်တိုက် ဈေးတက်နေပါတယ်။ အဝင်များလို့ ဈေးကျဆင်းပေမယ့် နယ်ဈေးကွက်မှာတော့ အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး)က တစ်ပိဿာကို ၂,၁၆၅ ကနေ ၂,၂၅၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပဲလွန်းဖြူ(မြစ်ဝကျွန်းပေါ်)ကတော့ တစ်ပိဿာကို ၂,၀၅၀ ကနေ ၂,၀၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ ပဲလွန်းဖြူက တစ်အိတ်ကို ၁၂၀,၀၀၀ ကနေ ၁၂၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၉,၀၀၀ ကနေ ၄၀,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
☘️ဘိုကိတ်ပဲ☘️
ဘိုကိတ်ပဲတွေ ဈေးကွက်အတွင်းဈေးတွေတက်လာသလို နယ်ဈေးကွက်တွေမှာတော့ အတက်ဈေးနဲ့ ရှိနေပါတယ်။ ပြည်တွင်းဝယ်ယူမှုတွေများလို့ဈေးတက်နေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၂,၀၀၀ ကနေ ၂,၀၈၅ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၈၅ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို အကြီးက ၁၅၅,၀၀၀ ပေါက်ဈေးရှိနေပြီး အသေးကတော့ တစ်အိတ်ကို ၁၄၅,၀၀၀ ပေါက်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၂၈,၀၀၀ ကနေ ၃၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၈,၀၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)