menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၂၁ . ၂ . ၂၀၂၂ မှ ၂၅ . ၂ . ၂၀၂၂)
🍀☘️🌿🧄🎋🎋🧄🌿☘️🍀
မတ်ပဲ
------
ပြီးခဲ့တဲ့အပတ်က မတ်ပဲကဈေးအနည်းငယ်မြင့်တက်လာခဲ့ပေမယ့် အကျဈေးနဲ့ပဲ တစ်ပတ်အတွင်း အတက်အကျရှိနေတာဖြစ်လို့ လတ်တလောမတ်ပဲဈေးက ဆက်ပြီးတက်နိုင်မတက်နိုင်ကတော့ ခန့်မှန်းဖို့ ခဲယဉ်းနေပြီး အိန္ဒိယနိုင်ငံရဲ့ဝယ်လိုအား ပြည်တွင်းငွေကြေးလဲလှယ်တဲ့ဈေးနှုန်းပေါ် အများကြီးသက်ရောက်မှု ရှိနိုင်တယ်လို့ ကုန်သည်အချို့ကတော့ခန့်မှန်းပြောဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၁,၂၈၇,၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့တော့ ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၁,၀၀၀ ကနေ ၁၂၂,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၁,၀၀၀ပေါက်ဈေး ရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၂,၀၀၀ ကနေ ၄၂,၂၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကတော့ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်တက်လာပါတယ်။ အိန္ဒိယလိုအပ်ချက်ကြောင့် ပြည်တွင်းမှာ ဈေးကျဆင်းပေမယ့် ဈေးထိန်းရောင်းချမှုကြောင့် ဈေးကပြန်ပြီး တက်လာတာဖြစ်ပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကလည်း ပြန်မြင့်တက်လာတဲ့အတွက်ကြောင့်လည်း ဈေးက ပြန်ကောင်းလာတာဖြစ်ပြီး ဆက်ပြီးတက်နိုင်ခြေကတော့ရှိနေတယ်လို့ ကုန်သည်အများစုက ဆိုထားပါတယ်။ အိန္ဒိယလိုအပ်ချက်က မြင့်နေပြီး အထွက်နှုန်းလျော့နည်းတယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ပဲစင်းငုံနီက လာမယ့်ကာလအနည်းငယ်အတွင်းမှာ အမြင့်ဈေး ပြန်ရောက်နိုင်မယ်လို့လည်းယူဆထားပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁,၃၅၂,၅၀၀ ပေါက်ဈေးရှိပြီး ၂၅,၀၀၀ကျပ်ကျော် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၆,၀၀၀ ကနေ ၁၂၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်အိတ်ကို ၄၂၂,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၄၂,၅၀၀ ပေါက်ဈေးရှိပြီး ၁,၃၀၀ ကျပ်၊ ပြည်ဈေးကွက်မှာတော့ ၄၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ပဲတီစိမ်း
-------
ပဲတီစိမ်းကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ပဲတီစိမ်းတင်သွင်းတာနဲ့ ပတ်သတ်ပြီး အိန္ဒိယက သတင်းထုတ်ပြန်မှုကြောင့် ပြည်တွင်းပဲတီစိမ်းဈေးကွက်မှာ တောင်သူများ အကြား လှုပ်ခတ်ခဲ့ပါတယ်။ စီးပွားကူးသန်းကတော့ ပဲတီစိမ်းဟာ အိန္ဒိယတင်ပို့မှုအပြင် အခြား တရုတ်အပါအဝင် ပြည်ပနိုင်ငံတွေကို တင်ပို့နေတာဖြစ်လို့ စိတ်ပူဖို့မလိုကြောင်း ဈေးကျဖို့မရှိကြောင်း ပြောဆိုပေမယ့် ပဲတီစိမ်း ဈေးတွေကတော့ ဆက်တိုက်ကျဆင်းနေပါတယ်။ ဈေးကွက်အတွင်းမှာတော့ ပဲတီစိမ်းကို ရောင်းချရာမှာစိုးထိုင်းမှုတွေရှိနေပြီး အရည်အသွေးပိုင်း အားနည်းတဲ့အတွက် ဈေးလျော့ဝယ်ယူမှုတွေ ရှိနေတယ်လို့ကုန်သည်တွေက ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း (ခရမ်းရွှေဝါ)က တစ်ပိဿာကို ၂,၃၃၀ ကနေ ၂,၃၅၀ ပေါက်ဈေးရှိပြီး ၃၅ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၁,၉၀၀ ကနေ ၁,၉၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၄၅ ကျပ် ဈေးကျဆင်းပါတယ်။ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့တစ်ပိဿာကို ၂,၀၆၅ ကနေ ၂,၁၃၅ ပေါက်ဈေး ရှိပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၀၀,၀၀၀ ကနေ ၁၀၇,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး)က တစ်တင်းကို ၃၃,၀၀၀ ကနေ ၃၆,၀၀၀ ဈေးငြိမ်ပါတယ်။ ပဲတီစိမ်း (သေး)ကတော့ တစ်တင်းကို ၃၇,၀၀၀ ရှိပြီး ၁,၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ပဲပုပ်
----
ပဲပုပ်ကတော့ ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ ဝယ်ယူမှုများလို့ ဈေးတက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲပုပ်(မြစ်ဝကျွန်းပေါ်)(ဆီတိုး)က တစ်ပိဿာကို ၂,၄၅၀ ကနေ ၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေးတက်လာပါတယ်။ အထွက်တိုးကတော့ တစ်ပိဿာကို ၂,၁၆၅ ကနေ ၂,၂၅၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲပုပ်(ရှမ်း)က တစ်အိတ်ကို ၁၀၀,၀၀၀ ကနေ ၁၃၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ပဲပုပ်(ဗမာ)ကတော့ တစ်အိတ်ကို ၁၀၈,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲပုပ်က တစ်တင်းကို ၃၆,၀၀၀ ကနေ ၃၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)
---------------------
ကြက်သွန်ဖြူ(ကြူကုတ်)ဈေးတွေကတော့ အဝင်နည်းပြီးအဝယ်များတဲ့အတွက်ဈေးက ပြန်တက်လာခဲ့ပါတယ်။ ရှမ်းကြက်သွန်တွေကတော့ အသစ်တွေဈေးကွက်ထဲဝင်လာပြီဖြစ်လို့ အဟောင်းဈေးက အနည်းငယ်ကျဆင်းပြီး အသစ်ကတော့ အမြင့်ဈေးနဲ့ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၃,၈၀၀ ကနေ ၃,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးပြန်တက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေး တက်လာပါတယ်။ ရှမ်းကြက်သွန်ဖြူ(အဟောင်း) ကတော့ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁,၂၀၀ ကနေ ၃,၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းပါတယ်။ အသစ်ကတော့ တစ်ပိဿာကို ၂,၂၀၀ ကနေ ၂,၉၀၀ နဲ့ဈေး ဖွင့်ထားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ ရှမ်းကြက်သွန်က တစ်ပိဿာကို ၂,၇၀၀ ကနေ ၃,၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေး တက်လာပါတယ်။
စားအုန်းဆီ
----------
စားအုန်းဆီကတော့ လက်ရှိမှာ အမြင့်ဆုံးဈေးထိ ရောက်ရှိနေပါတယ်။ ရုရှား နဲ့ ယူကရိန်း စစ်အခြေအနေ က မလေးရှားစားအုန်းဆီဈေးကွက်ကို တိုက်ရိုက်သက်ရောက်မှုရှိနေတဲ့အတွက် အဓိကတင်သွင်းနေတဲ့ မြန်မာနိုင်ငံမှာလည်း သက်ရောက်မှု ရှိနေပါတယ်။ ရေရှည်မှာ ပိုပြီးသက်ရောက်မှု ရှိနိုင်ပေမယ့် လက်ရှိအခြေအနေကတော့ ထိုအခြေအနေကိုအသုံးချပြီး ဈေးကစားမှုတွေရှိနေတယ်လို့ ဆီကုန်သည်အချို့က သုံးသပ်ထားပါတယ်။ ဆီကုန်သည်အသင်းကတော့ တစ်ပတ်လုံးဆီပေါက်ဈေးကို ထုတ်ပြန်မှုမရှိပေမယ့် ရပ်ကွက်အလိုက် ထုတ်ရောင်းပေးမှုက ၄,၈၀၀ ကနေ ၅,၀၀၀ ကျော်အထိ ဈေးမြင့်တက်သွားခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ စားအုန်းဆီက တစ်ပိဿာကို ၅,၈၅၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၂၀၀ ကျော်ဈေး တက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၆,၁၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျော်ဈေး တက်လာပါတယ်။
Sources : AMIA (Farmer Digital TV)