menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၇.၃.၂၀၂၂ မှ ၁၁.၃.၂၀၂၂)
🌾🌿🌼🌿🌾🌼🌾🌿🌼🌿🌾
🌾ဆန်၊စပါး🌾
ဆန်စပါးဈေးတွေကတော့ ဆက်တိုက်ကိုမြင့်တက်နေပါတယ်။ အဝင်နည်းနေပြီး ပြည်တွင်းဝယ်ယူမှု များနေလို့ဈေးမြင့်တက်နေတယ်လို့သိရပါတယ်။ နယ်ဈေးကွက်တွေမှာလည်း စပါးအဝင်လက်ကျန် နည်းနေပြီး ဆန်စက်တွေက ဝယ်ယူမှုများနေတယ်လို့သိရပါတယ်။ စက်သုံးဆီမြင့်လာမှုကြောင့် သယ်ယူ စရိတ်တွေမြင့် တက်လာမှုကလည်းဈေးတွေကို ဆက်တိုက်မြင့်တက်နေတာပါ။ ဝယ်ယူမှုကတော့ ရန်ကုန်ရော နယ်ရော ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၇,၀၀၀ ကနေ ၄၉,၀၀၀ ပေါက်ဈေးရှိပြီး ၉,၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၆,၀၀၀ ကနေ ၄၈,၀၀၀ ရှိပြီး ၈,၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းက တစ်အိတ်ကို ၄၇,၅၀၀ ကနေ ၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၆,၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံကတော့ တစ်အိတ်ကို ၄၂,၀၀၀ ကနေ ၄၄,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ဆန်ကြမ်းတွေဖြစ်တဲ့ ဧည့်မထဆန်ကတစ်အိတ်ကို ၂၆,၂၀၀ ကနေ ၂၇,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊မြီးဒုံးဆန်က တစ်အိတ်ကို ၃၃,၅၀၀ ကနေ ၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၂၉,၅၀၀ ကနေ ၃၁,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ကျပ် အသီးသီးဈေး တက်လာပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၆၄,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇,၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၃၈,၀၀၀ ရှိကာ ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၉၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ကျပ် ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၆,၅၀၀ ပေါက်ဈေးရှိပြီး ၉၅၀ ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြစပါးကလည်း တင်း ၁၀၀ကို ၉၃၈,၀၀၀ ပေါက်ဈေးရှိပြီးတင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၃၈၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊မြောင်းမြဧည့်မထစပါးက တင်း ၁၀၀ ကို ၆၉၉၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်၊ဆန်ကတစ်အိတ်ကို ၂၅၅၀၀ ကျ,ပ်ရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ဒေးဒရဲပေါ်ဆန်းစပါး၊ ဖျာပုံပေါ်ဆန်းစပါးတို့ကလည်း တင်း ၁၀၀ ကို ၂၀,၀၀၀ ကနေ ၃၅,၀၀၀ ကြားအထိဈေးမြင့်လာပြီး ဆန်ကလည်းတစ်အိပ်ကို ၅၀၀ မှ ၂,၀၀၀ ကြားထိဈေးတက်လာပါတယ်။
🌿ပဲတီစိမ်း🌿
ပဲတီစိမ်းကတော့ဒီတစ်ပတ်မှာလည်းဈေးတက်လာပါတယ်။ ပဲမျိုးစုံဈေးတက်တာနဲ့အတူတင်ပို့မှုလည်း ရှိတဲ့အတွက်ဈေးတက်လာပေမယ့် တရုတ်လမ်းပိုင်းက ကိုဗစ်ကြောင့် ပိတ်ဆို့မှုတွေ ရှိခဲ့တဲ့အတွက် တစ်ပတ်အတွင်းမှာ ဈေးအနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာ ၂,၄၁၅ ကနေ ၂,၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၃၅ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှဝါ) ကတော့ တစ်ပိဿာကို ၂,၁၀၀ ကနေ ၂,၁၇၀ ကျပ် ပေါက်ဈေးရှိပြီး ၆၅ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)ကတော့တစ်ပိဿာကို ၂,၀၀၀ ကနေ ၂,၀၈၅ ပေါက်ဈေးရှိကာ တစ်ပိဿာကို ၅၀ကျပ်အသီးသီး ဈေးပြန်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၀၀,၀၀၀ ကနေ ၁၀၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး)က တစ်တင်းကို ၃၃,၀၀၀ ကနေ ၃၆,၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး ပဲတီစိမ်း (သေး)ကတော့ တစ်တင်းကို ၃၅,၀၀၀ကျပ် ရှိကာ ၂,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။
🌿ကုလားပဲ🌿
ကုလားပဲဈေးကလည်း တက်နေပါတယ်။ အိန္ဒိယနိုင်ငံမှာ ပွဲတော်ရာသီကြောင့် ကုလားပဲဝယ်ယူမှု များနေပါတယ်။ အိန္ဒိယကို တင်ပို့မှုနည်းပေမယ့်ဈေးကောင်းပေးဝယ်မှုတွေကြောင့် ပြည်တွင်းမှာ လည်းဈေးက ဆက်တိုက်တက်နေခဲ့ပါတယ်။ တပ်ရိက္ခာဝယ်ယူမှု၊ ပဲမျိုးစုံဈေးတက်မှု၊ ဝယ်ယူသိုလှောင်မှု များနေတာတွေ ကလည်း ပြည်တွင်းကုလားပဲဈေးကကျဆင်းနိုင်ခြေနည်းနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၂,၂၁၅ပေါက်ဈေး ရှိပြီး ၈၀ကျပ်၊ ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၂,၃၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာ တော့ ကုလားပဲ (V2) ကအသစ်က တစ်အိတ်ကို ၁၂၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ကုလားပဲ (V7)က ၁၂၇,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ကျပ်၊ ကုလားပဲ(929)က ၁၂၄,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)က ၁၂၃,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ကျပ် အသီးသီးဈေးတွေ မြင့်တက်လာပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲ(929)က တစ်တင်းကို ၄၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၂၀၀ ကျပ်၊ ကုလားပဲ (V2) က တစ်တင်းကို ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ ကုလားပဲ(၉၂၉)က တစ်တင်းကို ၄၀,၇၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်၊ အောင်လံဈေးကွက်မှာတော့ ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၄၃,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ကျပ်ဈေးတက်လာပါတယ်။
🌿ဆီ🌿
ဆီဈေးတွေကတော့ နိုင်ငံတကာဈေးကွက်မှာလည်းဈေးတွေမြင့်တက်နေသလို ပြည်တွင်းမှာလည်း ဆက်တိုက်မြင့်တက်နေပြီးလက်ရှိမှာ အမြင့်ဆုံးရောက်ရှိနေခဲ့ပါတယ်။ မြေပဲဆံဈေးတွေမြင့်တက်လာမှုနဲ့အတူဆီကြိတ်စက်တွေကလည်းဝယ်ယူမှုများခြင်း၊ အခြားစက်သုံးဆီမြင့်တက်မှု၊ သယ်ယူပို့ဆောင်စရိတ်မြင့်တက်မှုတွေကြောင့် ပဲဆီက တစ်ပိဿာကို ၁,၀၀၀လောက် ဈေးတက်လာပါတယ်။ လက်ရှိပေါက်ဈေးကတစ်ပိဿာကို ၈,၀၀၀ ကနေ ၉,၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။ နှမ်းဆီဈေးကလည်း နှမ်းဈေးမြင့်တက်လာမှုနဲ့အတူ ဈေးတွေမြင့်တက်လာပါတယ်။ တစ်ပိဿာကို ၈,၀၀၀ ကနေ ၈,၅၀၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ စားအုန်းဆီကတော့ ပြည်ပက တင်သွင်းနေတာဖြစ်ပြီး အဓိကတင်သွင်းနေတဲ့မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့မှာလည်း ရုရှားစစ်ကြောင့် ဈေးတွေက အမြင့်ဆုံးရောက်ရှိနေခဲ့ပါတယ်။ ပြည်တွင်း ဈေးကွက်မှာလည်း တစ်ပိဿာကို ၇,၇၀၀ ထိဈေးမြင့်တက်လာပါတယ်။
🌿နှမ်း🌿
နှမ်းမျိုးစုံဈေးကတော့ ပြီးခဲ့တဲ့အပတ်ကအထိဈေးငြိမ်နေပေမယ့် ဒီတစ်ပတ်မှာတော့ ဝယ်ယူမှုများတဲ့ အတွက်ဈေးကမြင့်တက်လာပါတယ်။ နှမ်း လက်ကျန်လည်းလျော့နည်းနေတယ်လို့ သိရပါတယ်။
🌿နှမ်းနက်(စမုံ)🌿
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၆၅,၀၀၀ ကနေ ၂၃၅,၀၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅,၀၀၀ ကနေ ၁၉၀,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၂၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာလည်း တစ်တင်းကို ၅၀,၀၀၀ ကနေ ၇၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
🌿နှမ်းဖြူ🌿
မန္တလေးဈေးကွက်မှာတော့တစ်အိတ်ကို ၁၆၅,၀၀၀ ကနေ ၁၈၀,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၇,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၅၀,၀၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
🌼ပန်းနှမ်း🌼
ပန်းနှမ်းကတော့ လက်ရှိမှာအမြင့်ဆုံးဈေးရောက်ရှိနေပါတယ်။ လက်ကျန်ကတော့ မရှိသလောက်နည်း နေတဲ့အတွက်ဆက်တိုက်ဈေးမြင့်တက်နေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၁၂,၀၀၀ အထိ မြင့်တက်လာခဲ့ပြီးလက်ရှိမှာတော့ ဈေးကွက်ပြန်အေးသွားပါတယ်။
Sources : AMIA (Farmer digital TV)