menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၂၁.၃.၂၀၂၂ မှ ၂၅.၃.၂၀၂၂)
🌾🌿🧅🧄🌶🌶🧄🧅🌿🌾
ဆန်၊စပါး
--------
ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးအချို့က အဝင်များလို့ ဈေးအနည်းငယ်ကျဆင်းသွားပြီး နယ်ဈေးကွက်မှာတော့ စပါးဈေးက ဆက်တိုက်ဈေးတက်နေခဲ့ပါတယ်။ အဓိက သယ်ယူပို့ဆောင်စရိတ် စက်သုံးဆီစရိတ်တွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဆန်ဈေးကွက်မှာတော့ အရောင်း အဝယ်က အေးနေပြီး အဝင်ကတော့ ပုံမှန်ရှိနေတယ်လို့သိရပါတယ်။ ဖျာပုံ ပေါ်ဆန်းမွှေးကတော့ တစ်အိတ်ကို ၄၇,၀၀၀ ကနေ ၅၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၂,၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ငစိန်ဆန်ကတော့ တစ်အိတ်ကို ၂၇,၀၀၀ ကနေ ၂၈,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ ဧည့်မထ၂၅% က တစ်အိတ်ကို ၂၆,၅၀၀ ကနေ ၂၈,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၃၂,၀၀၀ ကနေ ၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အခြားဆန်တွေကတော့ ပြီးခဲ့တဲ့အပတ်ကအတိုင်းဈေးငြိမ်ပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁,၀၀၈,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၄,၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၄၁,၅၀၀ ရှိကာ ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၇၂၇,၀၀၀ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၈,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြစပါးကလည်း တင်း ၁၀၀ကို ၁,၀၃၄,၀၀၀ ပေါက်ဈေးရှိပြီးတင်း ၁၀၀ ကို ၇၀,၀၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၄,၃၅၀ ပေါက်ဈေးရှိပြီး ၃,၅၀၀ ကျပ်၊ မြောင်းမြဧည့်မထစပါးက တင်း ၁၀၀ ကို ၇၀၇,၀၀၀ ပေါက်ဈေးရှိပြီး ၈၄,၀၀၀ ကျပ်၊ ဆန်ကတစ်အိတ်ကို ၂၉,၀၀၀ ကျပ်ရှိပြီး ၂,၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ဒေးဒရဲပေါ်ဆန်းစပါး၊ ဖျာပုံပေါ်ဆန်းစပါး ၊မအူပင်၊ လပ္ပတ္တာပေါ်ဆန်းစပါးတို့ကလည်း တင်း ၁၀၀ ကို ၃၀,၀၀၀ ကနေ ၇၀,၀၀၀ ကြားအထိဈေးမြင့်လာပြီး ဆန်ကလည်းတစ်အိပ်ကို ၂,၀၀၀ မှ ၄,၀၀၀ ကြားထိ ဈေးမြင့်တက်လာပါတယ်။ ဧည့်မထစပါးကလည်း တင်း ၁၀၀ ကို ၁၅,၀၀၀ ကနေ ၂၀,၀၀၀ ကြားဈေးတက်လာပြီး ဆန်ကလည်း တစ်အိတ်ကို ၁,၀၀၀ ကနေ ၂,၀၀၀ ကြားဈေးတက်လာပါတယ်။ စပါးဈေးက ပြီးခဲ့တဲ့လနဲ့ ယှဉ်ရင် တစ်လအတွင်း တင်း ၁၀၀ ကို ၁ သိန်း ကနေ ၁ သိန်း၂သောင်းကြား ဈေးတွေ မြင့်တက်လာပါတယ်။ ပြည်တွင်းဈေးကွက်မှာသာမက အာရှဈေးကွက်မှာပါ ဆန်ဈေးတွေက မြင့်တက်နေခဲ့တာဖြစ်ပါတယ်။ လာမယ့်စပါးပေါ်ချိန်မှာတော့ ဈေးကျဆင်း နိုင်မယ်လို့ခန့်မှန်းထားပေမယ့် ယခုနှစ် စစ်ပြေးဒေသတွေမှာ စပါးစိုက်ပျိုးမှုလျော့ကျနိုင်လို့ ဈေးကတော့ အများကြီးကျဆင်းနိုင်ဖွယ်မရှိဘူးလို့ ကုန်သည်အများစုက မျှော်မှန်းထားပါတယ်။
မတ်ပဲ
-----
ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်ကျဆင်းသွားတဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ မထင်မှတ်အောင်ဈေး တွေပြန်တက်လာခဲ့ပါတယ်။ အိန္ဒိယပဲလိုအပ်ချက်ကြောင့် တင်ပို့ခွင့်ကာလ သက်တမ်းတိုးနိုင်ဖွယ် ရှိနေတဲ့အတွက် နောက်ထပ် သက်တမ်းထပ်တိုးပါက အမြင့်ဈေးနဲ့ရောင်းချနိုင်ရန်အတွက် ပြည်တွင်းမှာပါ အမြင့်ဈေးနဲ့ ဝယ်ယူသိုလှောင်မှုတွေရှိနေတယ်လို့ ကုန်သည်ကြီးများကနေသိရပါတယ်။ အိန္ဒိယဘက်မှာတော့ တင်ပို့ခွင့်ကာလ သက်တမ်းမတိုးပါက မတ်ပဲဈေးက ဆက်ပြီးတက်နိုင်မည်ဖြစ်ပြီး သက်တမ်းတိုးလိုက်ပါက မတ်ပဲဈေးကကျဆင်းနိုင်မယ်လို့ သုံးသပ်မှုတွေရှိတယ်လို့ အိန္ဒိယသတင်း တစ်ခုမှာဖော်ပြထားပါတယ်။ လက်ရှိအခြေအနေအရကတော့ တင်ပို့ခွင့်သာသက်တမ်းတိုးလိုက်ပါက အိန္ဒိယကုန်သည်တွေအနေနဲ့ ဈေးချဝယ်ယူမှုတွေရှိလာနိုင်လို့ အမြင့်ဈေးပေးပြီးဝယ်ယူသိုလှောင်နေတဲ့ပဲကုန်သည်တွေအနေနဲ့ သတိပြုရမှာဖြစ်ပါတယ်။ အိန္ဒိယကတော့ အမြဲပြောင်းနေတဲ့ပေါ်လစီနဲ့ ပဲလိုအပ်ချက်က ကြီးမားနေလို့ စောင့်ကြည့်ရမယ့်အခြေအနေလည်းဖြစ်နေပါတယ်။ ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၅သိန်းနီးပါးအထိ ဈေးမြင့်တက်လာကာ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၈ သောင်းလောက်ဈေးမြင့်တက်လာပါတယ်။ တစ်လအတွင်း တစ်တန်ကို ၂ သိန်းနီးပါးဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၄၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေး တက်လာပါတယ်။ အောင်လံ ဈေးကွက်မှာတော့ တစ်တင်းကို ၄၇,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၈၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ကြက်သွန်နီ
----------
ကြက်သွန်နီကတော့ ပြီးခဲ့တဲ့အပတ်က ဈေးကွက်ထဲကို အသစ်တွေဝင်ရောက်နေပြီဖြစ်လို့ ဈေးကျဆင်းသွားပေမယ့် ဒီတစ်ပတ်မှာတော့ မုန်တိုင်းဝင်ရောက်မှုကြောင့် အဝင်နည်း ပျက်စီးဆုံးရှုံးမှုတွေရှိတဲ့အတွက် လက်ကျန်ကြက်သွန်အဟောင်းတွေ ဈေးပြန်တက်လာပါတယ်။ ကြက်သွန်အသစ်တွေတူးခါနီးအချိန်မှာ မိုးရွာသွန်းမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေအများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ကြက်သွန်နီက တစ်ပိဿာကို ၄၂၅ ကနေ ၁,၁၇၅ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ကျပ် လောက်ဈေးပြန်တက်လာပါတယ်။ အသစ်ထွက်ရှိလာမယ့် ကြက်သွန်တွေကတော့ မိုးကြောင့်အရည်အသွေးပိုင်း အားနည်းနိုင်ပြီးဈေးကောင်းရရှိဖို့ ခက်ခဲနိုင်ကြောင်း ကြက်သွန်ကုန်သည်တွေဆိုပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၀၀ ကနေ ၆၀၀ ကျပ်ပေါက်ဈေးရှိပြီး ၂၅ ကျပ်ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ
-----------
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဆက်တိုက်ဈေးပြန်ကျဆင်းနေပါတယ်။ အဝင်များလို့ ဈေးကျ ဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၄,၈၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ရှမ်းကြက်သွန်ဖြူတွေကတော့ လက်ရှိမှာ ဈေးကွက်ထဲကို အဝင်နည်းနေသေးတဲ့အတွက်ဈေးက အနည်းငယ်ပြန်တက်လာပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၁,၆၀၀ ကနေ ၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
ဆား
----
ဈေးကွက်အတွင်းအပြောင်းအလဲ သိပ်မရှိတဲ့ဆားကတော့ ၂ပတ်ဆက်တိုက်ဈေးမြင့်တက်လာခဲ့ပါတယ်။ မိုးရွာသွန်းမှုကြောင့် ဆားထုတ်လုပ်နိုင်မှုနည်းနေပြီး အဝင်မရှိတဲ့အတွက် ဆားဈေးတွေ မြင့်တက်လာတယ်လို့ ဆားထုတ်လုပ်သူတွေထံနေသိရပါတယ်။ ထို့ပြင် အခြားလုပ်သားရှားပါးတာတွေ မြင့်တက်လာတဲ့ စရိတ်တွေကြောင့်လည်း ဈေးမြင့်တက်နေတာလို့သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ ဆားက တစ်ပိဿာကို ၂၄၄ ကနေ ၂၇၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀ လောက်တက်လာပါတယ်။ ပြီးခဲ့တဲ့လနဲ့ ယှဉ်ရင်တော့တစ်ပိဿာကို ၈၀ လောက်ဈေးမြင့်တက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ ၂၅ ပိဿာ တစ်အိတ်ကို ၆,၀၀၀ ကနေ ၆,၂၀၀ ပေါက်ဈေးရှိနေပြီး တစ်လအတွင်း တစ်အိတ်ကို ၁,၂၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
ငရုတ်
-----
ငရုတ်ဈေးကတော့ ဒီတစ်ပတ်မှာ အသစ်တွေဈေးကွက်ထဲကို ဆက်တိုက်ဝင်လာနေပြီ ဖြစ်တဲ့အတွက်ဈေးတွေက ပြန်ကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာ ငရုတ်ပွဆင်ဖြူကျွန်းပုကတော့ တစ်ပိဿာကို ၇,၅၀၀ ကနေ ၈,၀၀၀ ပေါက်ဈေးရှိနေပြီ တစ်ပိဿာကို ၂,၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ မြစ်ဝပုကတော့ တစ်ပိဿာကို ၈,၀၀၀ ကနေ ၈,၅၀၀ နဲ့ ဈေးဖွင့်ထားပါတယ်။ မိုးထောင်ဟင်္သာတကတော့ တစ်ပိဿာကို ၅,၄၀၀ ကနေ ၅,၅၀၀ ပေါက်ဈေးရှိပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ ငရုတ်မျိုးစုံက တစ်ပိဿာကို ၂၀၀ လောက်ထိဈေးပြန်ကျဆင်းသွားခဲ့ပါတယ်။
ထန်းလျက်
---------
ကုန်ကြမ်းရှားပါးတာတွေကြောင့် ဈေးမြင့်တက်နေခဲ့တဲ့ ထန်းလျက်က ဒီတစ်ပတ်မှာတော့ ဈေးက အနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ ပစ္စည်းအဝင်လည်းနည်းလာပြီး အရောင်းအဝယ်ကလည်း ပါးတယ်လို့သိရပါတယ်။ ပွဲတော်ရက်ရောက်ခါနီးရင်တော့ ပြန်လည်ဈေးမြင့်တက်မှုတွေရှိလာနိုင်တယ် သုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၂,၂၀၀ ကနေ ၂,၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ လောက်ပြန်ကျဆင်းသွားပါတယ်။
Sources : AMIA(Farmer Digital TV)