menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၂၅.၄.၂၀၂၂ မှ ၂၉.၄.၂၀၂၂)
🌿🌽🧅🥔🌶🌿🌶🥔🧅🌽🌿
မတ်ပဲ
-----
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကအထိဈေးတက်နေခဲ့ပြီး ဒီတစ်ပတ်မှာတော့ အရောင်းအဝယ်လည်းအေး ဈေးလည်းအေးသွားပါတယ်။ နေ့စဉ် အရောင်းအဝယ်ပေါ်မူတည်ပြီး တစ်ဖြေးဖြေးဈေးကျဆင်းနေ ပါတယ်။ အိန္ဒိယဝယ်ယူမှုလျော့နည်းသွားတဲ့အပြင် သင်္ဘောတင်ပို့မှုကတစ်နှစ်သက်တမ်းတိုး တဲ့အတွက်ကြောင့် အလောတကြီးတင်ပို့မှုမလုပ်ပဲ လက်ရှိငွေကြေးဈေးကွက် ပေါ်မူတည်ပြီး အခြေအနေကြည့် အရောင်းအဝယ် ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁,၄၅၀,၀၀၀ နီးပါးပေါက်ဈေးရှိနေပြီး ပြီး ခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၄၀,၀၀၀ နီးပါးလောက်ကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၄၀,၀၀၀ ကနေ ၁၄၄,၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၃,၀၀၀လောက်သာ ဈေးကျဆင်းပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၆,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၄၃,၈၀၀ ကနေ ၄၅,၉၀၀ ပေါက်ဈေးရှိပြီး ၁,၂၀၀ ကျပ်ဈေးကျဆင်း ပါတယ်။ မတ်ပဲက တစ်လအတွင်း တစ်တန်ကို ငွေကျပ် ၅၀,၀၀၀ကျော်လောက် ဈေးကျဆင်းသွားပါတယ်။
ပြောင်းဆံ
--------
ပြောင်းဆံကတော့ ရန်ကုန်ဈေးကွက်နဲ့ နယ်အချို့မှာ အနည်းငယ်ဈေးတက်လာပါတယ်။ ပိတ်ရက်အပြီး တင်ပို့မှုတွေပြန်လည်လုပ်ဆောင်လာတဲ့အတွက်ကြောင့် အရောင်းအဝယ်ပြန်ဖြစ်လာပြီး ဈေးအနည်း ငယ် ပြန်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၀၂၀ ကနေ ၁,၀၄၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၅၁,၅၀၀ ကနေ ၅၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်လောက်ဈေးတက်ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၆,၈၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ကျပ် ဈေး တက်လာပါတယ်။
ပဲပုတ်
-----
ပဲပုတ်ကတော့ ရန်ကုန်ဈေးကွက်မှာအတက်ဈေးနဲ့ငြိမ်နေပြီး နယ်ဈေးကွက်တွေမှာတော့ အသစ်တွေလည်းဈေးကွက်ထဲဝင်နေပြီး အရောင်းအဝယ်ကောင်းကာ ဈေးကောင်းရနေပါတယ်။ အများစုကတော့ ဆီအတွက် ဝယ်ယူမှုပိုများနေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲပုတ်(ဆီတိုး)က တစ်ပိဿာကို ၂,၉၁၅ ကနေ ၃,၀၀၀ ကျပ်၊ အထွက်တိုး ကတော့ တစ်ပိဿာကို ၂,၆၆၅ ကနေ ၂,၇၅၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ရှမ်း)က တစ်အိတ်ကို ၁၄၅,၀၀၀ ကနေ ၁၅၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ကျပ် ဈေးတက်လာပါတယ်။ ပဲပုတ်(ဗမာ)ကတော့ တစ်အိတ်ကို ၁၄၇,၀၀၀ ကနေ ၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်မှာတော့ တစ်ပိဿာကို ၂,၇၀၀ ကျပ်ရှိပြီး ၅၀ ကျပ်ဈေးတက်လာပါတယ်။
ကြက်သွန်နီ
----------
ကြက်သွန်နီကတော့ ဈေးကျဆင်းသွားပါတယ်။ နေ့စဉ် ကားအဝင်က ၄၀ နီးပါးရှိနေပြီး အဝင်များနေလို့ ဈေးကျဆင်းသွားတာလို့လည်းသိရပါတယ်။ တင်ပို့မှုကတော့လတ်တလော အေးနေသေးပြီး အသစ်တွေ ကလည်း ဈေးကွက်ထဲအများအပြားဝင်ရောက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့တစ်ပိဿာကို ၄၅၀ ကနေ ၁,၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်လောက်ဈေးပြန်ကျဆင်းသွားပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁၅၀ ကနေ ၇၀၀ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၈၀၀ ကနေ ၁,၁၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
အာလူး
------
အာလူးဈေးကတော့ ဆက်တိုက်ဈေးပြန်ကျဆင်းနေပါတယ်။ သင်္ကြန်အပြီးမှာ အနည်းငယ်တက်ပေမယ့် တရုတ်အာလူးတွေ ဈေးကွက်ထဲဝင်လာတဲ့အတွက်ကြောင့် ပြည်တွင်း အာလူးဈေးတွေ ဝယ်ယူအား နည်းပြီး ဈေးတွေကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူးကတစ်ပိဿာကို ၁,၂၅၀ ကနေ ၁,၅၅၀ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ငရုတ်
-----
ငရုတ်ဈေးတွေကတော့ ပြန်တက်လာပါတယ်။ တင်ပို့မှုလည်း ပြန်လည် လည်ပတ်လာပြီ ဖြစ်တဲ့အ တွက်ကြောင့် ဈေးတက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ငရုတ်(ဆင်ဖြူကျွန်း)ပုက တစ်ပိဿာကို ၈,၀၀၀ ကနေ ၈,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ငရုတ် (မြစ်ဝကျွန်းပေါ်ပု)က တစ်ပိဿာကို ၈,၅၀၀ ကနေ ၉,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ကျပ်၊ မိုးထောင်(ဟင်္သာတ)က တစ်ပိဿာကို ၅,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)