menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၁၃.၆.၂၀၂၂ မှ ၁၇.၆.၂၀၂၂)
🌿🫘🌽🌿🎋🎋🌿🌽🫘🌿
မတ်ပဲ
-----
မတ်ပဲကတော့ ၃ပတ်ဆက်တိုက် ဈေးတက်လာပါတယ်။ အိန္ဒိယဝယ်ယူမှုက လျော့နည်းနေပေမယ့် ပုံမှန်တင်ပို့မှုကတော့ ရှိနေပါတယ်။ ပဲဝယ်ယူမှုနဲ့ပတ်သတ်ပြီး ဈေးတိုးမြင့်လိုက်တဲ့ ထုတ်ပြန်ချက်က ဈေးတွေတက်သလို ပြည်တွင်း ပဲကုန်သည်တွေကလည်း အမြင့်ဈေးနဲ့ရောင်းဝယ်မှုတွေကြောင့် ပဲဈေးက ဆက်တိုက်တက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလောက်ကလည်း ဈေးတွေအမြင့်ဈေးနဲ့ အရောင်းအဝယ်ရှိခဲ့ပြီး အရမ်းဈေးမကျဆင်းအောင် ကုန်သည်အချင်းချင်း ထိန်းရောင်းမှုတွေရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ပဲဈေးကထပ်ပြီးတက်နိုင်ခြေရှိသေးတယ်လို့ ခန့်မှန်းထားပေမယ့် ၁၆သိန်း ကျော်ထိ ဈေးရရှိဖို့က စောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်လို့ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲကတစ်တန်ကို ၁၅သိန်း၇သောင်းကျော် ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၄သောင်းကျော် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၅,၀၀၀ ကနေ ၁၅၆,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်မှာတော့ တစ်ပိဿာကို ၂,၄၅၀ ကနေ ၂,၅၀၀ ကျပ်ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်၊ မုံရွာဈေးကွက်မှာတော့ ၄၈,၀၀၀ ကနေ ၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၇၀၀ ကျပ်၊ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်တက်လာပြီး ဒီတစ်ပတ်မှာတော့ ၁၄ သိန်းကျော်အထိ ဈေး တက်လာပါတယ်။ ရက်အတော်ကြာဈေးငြိမ်နေခဲ့ပေမယ့် မတ်ပဲတက်လို့ ပဲစင်းငုံနီဈေးလည်း အနည်းငယ် တက်လာပေမယ့် အိန္ဒိယဝယ်ယူမှုကတော့လျော့နည်းပါတယ်။ ပြည်တွင်းအရောင်းအဝယ်ကလည်း နည်းပြီး အတက်အကျကလည်း သိပ်မရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၄သိန်း ၁သောင်းပေါက်ဈေးရှိပြီး တစ်တန်ကို ၂သောင်း လောက်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ကနေ ၁၃၁,၀၀၀ ကြား ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်တို့မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၄၃,၇၀၀ ကနေ ၄၄,၀၀၀ ကြား အရောင်းအဝယ်ရှိနေပြီး တစ်တင်းကို ၇၀၀ လောက်ဈေးတက်လာပါတယ်။
ပြောင်းဆံ
--------
ပြောင်းဆံကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကျဆင်းနေပြီး ဒီတစ်ပတ်မှာလည်း ဈေးက ဆက်ပြီး ကျဆင်းသွားပါတယ်။ ပြည်ပတင်ပို့မှုမရှိတဲ့အတွက်ကြောင့် ဈေးတွေကျဆင်းနေတာဖြစ်တယ်လို့သိရ ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၁,၀၃၀ ကနေ ၁,၀၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၅၁,၅၀၀ ကနေ ၅၂,၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အခြားဗမာပြောင်း၊ ရှမ်းပြောင်း၊ ပြောင်းနီတို့ကတော့ တစ်အိတ်ကို ၄၀,၀၀၀ ကနေ ၅၂,၀၀၀ ကြားပေါက်ဈေးရှိပြီး ၂,၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၆,၈၀၀ ပေါက်ဈေးရှိပြီး ၁,၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
သကြား
------
သကြားဈေးကလည်း အချိန်အတန်ကြာ ဈေးငြိမ်နေရာမှာ ဒီတစ်ပတ်မှာတော့ ဈေးတက်လာပါတယ်။ ဈေးကွက် ထဲမှာတော့ အဝင်နည်းလာပြီး တင်ပို့မှုကလည်းနည်းလာတဲ့အတွက်ဈေးတက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ သကြား (ပြည်တွင်း)က တစ်ပိဿာကို ၂,၂၀၀ ကနေ ၂,၂၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပြီး သကြား(ပြည်ပ) ကတော့ တစ်ပိဿာကို ၂,၄၀၀ ပေါက်ဈေးရှိပါတယ်။
ထန်းလျက်
---------
ထန်းလျက်ကလည်း ဈေးတက်လာပါတယ်။ ကုန်ကြမ်းအဝင်နည်းတဲ့အတွက် ထန်းလျက်လည်း အဝင်နည်းလို့ဈေးတက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ထန်းလျက် တောင်သာမလိုင်က တစ်ပိဿာကို ၂,၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ကျပ်၊ ညောင်ဦးဆေးရှယ်ကတော့ တစ်ပိဿာကို ၂,၃၅၀ ကနေ ၂,၄၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်၊ ပခုက္ကူကြမ်းကလည်း တစ်ပိဿာကို ၂,၃၅၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ အတက်ဈေးနဲ့ ကာလအတန်ကြာရှိခဲ့တဲ့ ရေစကြိုထန်းလျက်က ဒီတစ်ပတ်မှာတော့ ၂,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
နှမ်းဖြူ
------
နှမ်းဖြူဈေးကလည်း တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်သွက်နေပြီး အဝယ်လည်းများနေပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၇၈,၀၀၀ ကနေ ၁၈၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၆၁,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၆၅၀ ကနေ ၃,၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ် ဈေးတက်လာပါတယ်။
နှမ်းညို
------
နှမ်းညိုကလည်း အသစ်တွေထွက်လာပြီး ဈေးကောင်းရရှိနေပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းညို အသစ်ကတော့ တစ်အိတ်ကို ၁၆၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈,၀၀၀ကျပ် ဈေးတက်လာပြီး နှမ်းညို အဟောင်းကတော့ ၁၅၅,၀၀၀ ကနေ ၁၆၀,၀၀၀ ကြားပေါက်ဈေးရှိပါတယ်။ မြင်းခြံဈေးကွက် မှာတော့ နှမ်းညိုအသစ်က တစ်ပိဿာကို ၃,၇၀၀ ကနေ ၃,၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၅၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၅၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)