menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၂၇.၆.၂၀၂၂ မှ ၁.၇.၂၀၂၂)
🌿🍀🌽🌶☘️☘️🌶🌽🍀🌿
🌿မတ်ပဲ🌿
မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၁၇သိန်းထိဈေးတက်လာပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲ ထွက်ရှိမှုနှုန်းကျဆင်းတယ် ဆိုတဲ့သတင်းတွေကြောင့် ပြည်တွင်းပဲကုန်သည်တွေကကြိုတင် ဝယ်ယူသိုလှောင်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ဆက်ပြီးတက်နိုင်ခြေကတော့ရှိပေမယ့် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၇သိန်းပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၈ သောင်းလောက်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၆၅,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၁ သောင်းကျပ်ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲ က တစ်တင်း ကို ၅၀,၀၀၀ ကနေ ၅၇,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၄,၀၀၀ လောက် ဈေးတက် လာပါတယ်။
🍀ပဲစင်းငုံနီ🍀
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပါတယ်။ အိန္ဒိယက ထုတ်ပြန်တဲ့ ဘာသာပြန်သတင်းအရ ပဲစင်းငုံနီ စိုက်ဧကလျော့ကျတယ်ဆိုတဲ့ သတင်းတွေကြောင့် ပဲစင်းငုံနီက ပြန်တက်လာတာဖြစ်တယ်လို့ကုန်သည်တွေက ဆိုပါတယ်။ အိန္ဒိယဝယ်ယူမှုက လက်တလောငြိမ်နေပေမယ့် ကြိုတင်ဝယ်ယူသိုလှောင်မှုတွေကြောင့် ဈေးကွက်အတွင်း ပြန် လှုပ်ခတ်လာတာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၄ သိန်း ၈ သောင်းထိပေါက်ဈေးရှိနေပြီး တစ်တန်ကို ၁သိန်းလောက် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈,၀၀၀ လောက် ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်တို့မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၄၅,၀၀၀ ကနေ ၄၆,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀ လောက်ဈေးတက်လာပါတယ်။
🌽ပြောင်းဆံ🌽
ပြောင်းဆံကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ အဝင်ကတော့ ပုံမှန်ရှိနေပေမယ့် ပြောင်းပို့ကုန် လိုင်စင်ကိစ္စနဲ့ပတ်သတ်ပြီးဆွေးနွေးမှုတွေရှိနေတဲ့အတွက် အဝယ်ကို တန့်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ပို့ကုန်လိုင်စင်ကြေးကို တစ်တန် ဒေါ်လာ ၃၂၀ ထိတိုးမြှင့် သတ်မှတ်လိုက်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၉၈၀ ကနေ ၁,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း စီပီပြောင်းက တစ်အိတ်ကို ၄၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ အခြား ပြောင်းနီ၊ဆန်ပြောင်း၊ ဗမာပြောင်း တို့ကလည်း တစ်အိတ်ကို ၅,၀၀၀ လောက်ကျဆင်းသွားပါတယ်။ မြင်းခြံမှာတော့ တစ်ပိဿာကို ၈၉၀ ကနေ ၉၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀ လောက်ဈေးကျဆင်းသွားပါတယ်။
🌶ငရုတ်🌶
ငရုတ်ဈေးတွေကတော့ ပြန်တက်လာပါတယ်။ တရုတ်တင်ပို့မှုရှိနေပြီး ဈေးကွက်ထဲ အဝင်နည်းတဲ့ အတွက် တက်လာတာဖြစ်ပါတယ်။ ငရုတ်(မြစ်ဝကျွန်းပေါ်)ပု က တစ်ပိဿာကို ၁၀,၀၀၀ ကနေ ၁၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မိုးထောင်(ဟင်္သာတ) ကတော့ တစ်ပိဿာကို ၇,၈၀၀ ကနေ ၈,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၃၀၀ လောက် ဈေးတက်လာပါတယ်။ အခြား ငရုတ်တွေကတော့ အတက်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။
☘️နှမ်းညို☘️
နှမ်းညိုကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ အဝင်များတဲ့အတွက် ဈေးတွေပြန်ကျဆင်းတာဖြစ် ပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းညိုအသစ်ကတော့ တစ်အိတ်ကို ၁၄၅,၀၀၀ ကနေ ၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆,၅၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။
☘️ပန်းနှမ်း☘️
ဆက်တိုက် ဈေးအတက်ရှိနေတဲ့ပန်းနှမ်းကတော့ ဈေးတွေပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲ အဝင်ကလည်း မရှိတော့ဘူးလို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၁၂,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
Sources : AMIA (Farmer Digital TV)