menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၈.၈.၂၀၂၂ မှ ၁၂.၈.၂၀၂၂)
🌿🍀☘️🌶🥔🌿🥔🌶☘️🍀🌿
🌿မတ်ပဲ🌿
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ဗဟိုဘဏ်က သတ်မှတ်ပေးလိုက်တဲ့ ငွေလဲလှယ်နှုန်းဈေးကြောင့် ပြည်တွင်းပဲဈေးတွေ မြင့်တက်လာခဲ့ပေမယ့် အရောင်းအဝယ်က အေးသွားပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံက မတ်ပဲအထွက်နှုန်းလျော့နည်းသွားပြီး ပြည်တွင်း ပဲ ဈေးနှုန်းမြင့်တက်တဲ့အတွက် တင်ဒါခေါ်ယူမှုပြုလုပ်နေပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာလည်း ပဲဈေးမြင့်တက်မှုကြောင့် ပြန်လည်ဝယ်ယူရောင်းချမှုတွေ ပြန်သွက်လာမယ်လို့ ကုန်သည်တွေက သုံးသပ်ထားပေမယ့် ဒေါ်လာငွေဈေးလဲလှယ်မှုဆိုင်ရာအခက်အခဲတွေကြောင့် စောင့်ကြည့်နေတယ်လို့ လည်းသိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၈ သိန်းကျော်ထိ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို တစ်သိန်းခွဲကျော်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၈၀,၀၀၀ ကနေ ၁၈၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို ၅၉,၀၀၀ ကနေ ၆၀,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၆,၀၀၀ လောက် ဈေးတက်လာပါတယ်။
🍀ပဲစင်းငုံနီ🍀
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့တစ်လလုံးတောက်လျှောက်ဈေးငြိမ်နေရာမှ ဩဂုတ်လကနေစပြီး တစ်ဖြည်းဖြည်း ဈေးတက်လာခဲ့ပါတယ်။ မြန်မာ့ကျပ်ငွေဈေး တန်ဖိုးနည်းလာတာနဲ့ ထပ်တူ ပြောင်းလဲနေတဲ့ မူဝါဒအချို့ တင်ပို့မှုဆိုင်ရာအခက်အခဲ အချို့ကြောင့် လက်ရှိမှာတော့ မတ်ပဲဈေးထက် ကျော်လွန်သွားပြီး တစ်ပတ်အတွင်း တစ်တန်ကို ၃ သိန်းကျော်မြင့်တက်ခဲ့ပါတယ်။ ထို့ပြင် မြန်မာပြည်တွင်းမှာလည်း လက်ကျန်မရှိတော့သလို အိန္ဒိယလိုအပ်ချက်က ပြီးခဲ့တဲ့ (၃) လကတည်းက ကြိုတင် ခန့်မှန်းထုတ်ပြန်ထားခဲ့တဲ့အတိုင်း အထွက်နှုန်းလျော့နည်းမှုကြောင့် ဝယ်ယူမှုများပြားပြီး အခုလို ဆက်တိုက်တက်နေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကလည်း ငြိမ်သက်မှုမရှိတဲ့ မြန်မာ့ပဲဈေးကွက်အခြေအနေကို စောင့်ကြည့်နေတာဖြစ်တဲ့အတွက် ဆက်ပြီး တက်နိုင်ခြေ ရှိ၊မရှိကတော့ ခန့်မှန်းဖို့ ခဲယဉ်းတယ်လို့ ကုန်သည်တွေကဆိုပါတယ်။
လက်ရှိရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၉သိန်း ၃သောင်း ကျော်ပေါက်ဈေးရှိပြီး ၃ သိန်းကျော် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၈၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၂,၀၀၀ ကျော်ဈေးမြင့် တက်လာပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မြင်းခြံ နှင့် မုံရွာတို့မှာတော့ တစ်တင်းကို ၅၉,၀၀၀ ကနေ ၆၀,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၀,၀၀၀ လောက်တက်လာပါတယ်။
☘️ပဲပုတ်☘️
ပဲပုတ်ဈေးကလည်း တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲပုတ် (မြစ်ဝကျွန်းပေါ်အထွက်တိုး ) က တစ်ပိဿာကို ၂,၆၆၅ ကနေ ၂,၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ကျပ်၊ ဆီတိုးကတော့ တစ်ပိသာကို ၂,၇၅၀ ကနေ ၂,၈၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ရှမ်း)က တစ်အိတ်ကို ၁၃၀,၀၀၀ ကနေ ၁၄၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲပုတ်(ဗမာ)ကတော့ တစ်အိတ်ကို ၁၈၅,၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ မြင်းခြံဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၄၀၀ ကနေ ၃,၄၅၀ ပေါက်ဈေးရှိပြီး တစ်ပိသာကို ၅၀ ကျပ်ဈေး တက်လာပါတယ်။
🌶ငရုတ်🌶
ငရုတ်ကလည်း ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ငွေကြေးလဲလှယ်နှုန်းဈေးမြင့်တက်လာမှုနဲ့အတူ အထွက်နှုန်းလျော့ အဝင်နည်းလို့ ဈေးအမြင့်ဆုံးထိရောက်ရှိနေတာဖြစ်ပါတယ်။ ငရုတ်အမြင့်ဆုံးဈေး တက်မှုက ၁၂,၀၀၀ ထိပဲ ရှိတယ်လို့ ကုန်သည်တွေက ဆိုထားပါတယ်။ ရန်ကုန်ဈေးကွက်မှာ ငရုတ်(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၁၂,၀၀၀ ကနေ ၁၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်၊ ငရုတ်(မြစ်ဝ)က တစ်ပိဿာကို ၁၅,၀၀၀ ကနေ ၁၆,၀၀၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁,၀၀၀ ကျပ်၊ ကျောက်ဆည်(ဒီမွန်)က တစ်ပိဿာကို ၁၇,၅၀၀ ကနေ ၁၈,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀၀ ကျပ်၊ မြှားနီ(ဟင်္သာတ)က တစ်ပိဿာကို ၁၅,၀၀၀ ကနေ ၁၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄,၀၀၀ကျပ်၊ ပန်းရဲ(သစ်)က တစ်ပိဿာကို ၁၅,၀၀၀ ကနေ ၁၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ မော်လမြိုင်မှာတော့ ငရုတ်အသစ်တွေက ဈေးကွက်အတွင်း အတက်ဈေးနဲ့ငြိမ်နေပါတယ်။
🥔အာလူး🥔
အာလူးကလည်း အဝင်နည်းတဲ့အတွက် ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး (အောင်ပန်း)က တစ်ပိဿာကို ၁,၁၅၀ ကနေ ၁,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးတက်လာပါတယ်။ တရုတ်အာလူးကတော့ တစ်ပိဿာကို ၂,၀၅၀ မှ ၂,၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)