menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၁၂ . ၉ . ၂၀၂၂ မှ ၁၆ . ၉ . ၂၀၂၂)
🌾🌿🧅🧄🥔🌿🥔🧄🧅🌿🌾
🌾ဆန်စပါး🌾
ဆန်စပါးဈေးတွေကတော့ ရန်ကုန်ဈေးကွက်မှာ အရောင်းအဝယ်ကအေးပြီး အဝင်ပုံမှန်ရှိနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင်တော့ ဆန်ဈေးအချို့က ဆက်ပြီး ဈေးတက်လာပါတယ်။ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုနဲ့ပတ်သတ်ပြီး ကန့်သတ်လိုက်တဲ့ သတင်းတွေကြောင့် အာရှ ဆန်အရောင်းအဝယ် ဈေးကွက်မှာ လှုပ်ခတ်သွားခဲ့ပြီး ပြည်တွင်းမှာလည်း ဆန်ဈေးတွေက ဆက်ပြီး တက်နိုင်ချေရှိတယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်ပါတယ်။
ပေါ်ဆန်းဆန်က တစ်အိတ်ကို ၆၁,၀၀၀ ကနေ ၆၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်၊ ကြားပျံရှယ်ကတော့ တစ်အိတ်ကို ၆၅,၀၀၀ ကနေ ၆၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၄၇,၀၀၀ ကနေ ၄၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ ကျပ်၊ သီးထပ်ရှယ်ကတော့ တစ်အိတ်ကို ၄၃,၀၀၀ ကနေ ၄၄,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၅၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။ နယ်ဈေးကွက်တွေမှာတော့ စပါးဈေးက ၁၂သိန်း ကနေ ၁၅ သိန်းကြား ရှိနေတယ်လို့သိရပါတယ်။ ဆန်စပါးကုန်စည်ဒိုင်က ပေါ်ဆန်းဆန်တွေကို တစ်အိတ်ကို ၅၂,၀၀၀ ကနေ ၇၇,၀၀၀ ကြား နဲ့ ရောင်းချပေးမှုတွေ ပြုလုပ်ပေးနေပေမယ့် လက်လီဈေးကွက်မှာတော့ ပေါ်ဆန်းတစ်အိတ်ကို ငွေကျပ် ၁ သိန်းကျော်ထိ ပေါက်ဈေးရှိနေပါတယ်။
🌿စားတော်ပဲ🌿
စံချိန်တင်ဈေးမြင့်တက်နေတဲ့စားတော်ပဲက ဒီတစ်ပတ်မှာတော့ ဈေးပြန်ကျဆင်းသွားပါတယ်။ ဈေးတွေ မြင့်နေတဲ့အတွက် စားတော်ပဲအစားထိုးပဲ အသုံးပြုလာပြီး ပြည်ပကနေ ကနေဒါပဲတွေ ဝင်ရောက်လာတဲ့ အတွက် ဈေးကအနည်းငယ်ပြန်ကျဆင်းသွားတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ စားတော်ပဲကတစ်ပိဿာကို ၆,၆၆၅ ကနေ ၇,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးပြန်ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့စားတော်ပဲက တစ်အိတ်ကို ၂၁၅,၀၀၀ ကနေ ၄၁၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၁၃၅,၀၀၀ ပေါက်ဈေးရှိပြီ ဈေးငြိမ်ပါတယ်။
🌿ထောပတ်ပဲ🌿
ထောပတ်ပဲကတော့ ဆက်တိုက်ဈေးမြင့်တက်ခဲ့ရာမှာ ဒီတစ်ပတ်မှာတော့ ဈေးကပြန်ကျဆင်းသွား ပါတယ်။ လက်ကျန်နည်းနေပြီး အရောင်းအဝယ်ကလည်းအေးသွားကာ ဈေးက ပြန်ကျဆင်းသွားတာ ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ထောပတ်ပဲ က တစ်ပိဿာကို ၂,၃၄၅ ကနေ ၂,၆၁၀ ပေါက်ဈေးရှိပြီး ၃ ပတ်လောက် ဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ထောပတ်ပဲက တစ်အိတ်ကို ၁၆၅,၀၀၀ ကနေ ၁၇၀,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
🧅ကြက်သွန်နီ🧅
ကြက်သွန်နီကတော့ ဈေးငြိမ်နေရာမှ ဒီတစ်ပတ်မှာတော့ ဈေးကကျဆင်းလာပါတယ်။ အဝင်ကတော့ ပုံမှန်ရှိနေပေမယ့် အသစ်တွေ ဈေးကွက်ထဲဝင်ရောက်မှုများနေလို့ ဈေးချရောင်းချဝယ်ယူမှုတွေ ရှိနေပြီး ဈေးကျဆင်းသွားတာဖြစ်တယ်လို့သိရပါတယ်။ ပြည်ပဝယ်ယူမှုကလည်းမရှိတဲ့အတွက် ကြက်သွန်နီက ဈေးတွေ ထပ်ပြီးမတက်တာဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊မုံရွာ) က တစ်ပိဿာကို ၂,၄၀၀ ကနေ ၃,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့တစ်ပိဿာကို ၂,၇၀၀ ကနေ ၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
🧄ကြက်သွန်ဖြူ🧄
ကြက်သွန်ဖြူ(ကြူကုတ်)ဈေးကတော့ ဆက်တိုက်ဈေးပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲ အဝင်များ လို့ ဈေးကျဆင်းသွားတာဖြစ်ပြီး ဝယ်ယူမှုလည်းလျော့နည်းသွားတယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၄,၀၀၀ မှ ၄,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၄,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ ရှမ်းကြက်သွန်ဖြူကတော့ အဝင်နည်းတဲ့အတွက် ဈေးကပြန်တက်လာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂,၈၀၀ ကနေ ၄,၂၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀ ကျပ် ဈေးပြန်တက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၈၀၀ ကနေ ၄,၁၀၀ ပေါက်ဈေးနဲ့ ဈေးငြိမ်ပါတယ်။
🥔အာလူး🥔
အာလူးဈေးကတော့ ဈေးကွက်အတွင်းဈေးပြန်တက်လာပါတယ်။ ဈေးကွက်ထဲအဝင်နည်းလို့ ဈေးတက် လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး(အောင်ပန်း)က တစ်ပိဿာကို ၁,၄၀၀ ကနေ ၂,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးတက်လာပါတယ်။ တရုတ်အာလူးတွေကလည်း တစ်ပိဿာကို ၂,၄၅၀ ကနေ ၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
Sources : AMIA (Farmer Digital TV)