menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၂၆.၉.၂၀၂၂ မှ ၃၀.၉.၂၀၂၂)


🫘🌽🫘🌽🫘🌽🫘🌽🫘🌽🫘

မတ်ပဲ
-----

ငွေကြေးလဲလှယ်နှုန်း ဈေးကျဆင်းတဲ့အတွက် မတ်ပဲကတော့ ဆက်တိုက်ပြန်ကျဆင်းနေခဲ့ပါတယ်။ ပုံမှန် တင်ပို့မှုကတော့ရှိနေပေမယ့် လှောင်လက်တွေကတော့ ဈေးကွက်ကို စောင့်ကြည့်နေတဲ့အခြေအနေ ဖြစ်နေပါတယ်။ ယခုဈေးထက်ကျဆင်းမည်ကို စိုးရိမ်သူများကတော့ အနည်းစု ထုတ်ရောင်းမှုတွေ ရှိနေပါ တယ်။ လက်ရှိ ပဲပေါက်ဈေးကတော့ ငွေကြေးဈေးပေါ်မူတည်နေတာဖြစ်တဲ့အတွက် ဆက်ပြီးတက်နိုင်ခြေ ရှိ မရှိက ခန့်မှန်းရခက်နေတဲ့အခြေအနေဖြစ်တယ်လို့ ကုန်သည်အများစုကဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၈ သိန်း ၅ သောင်းကျော်အထိ ဈေးရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁ သိန်း ကျော် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၈၂,၀၀၀ ကနေ ၁၈၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၄,၀၀၀ လောက် ဈေးကျဆင်းပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲ က တစ်တင်း ကို ၅၉,၀၀၀ ကနေ ၆၀,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၅,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။

ပဲစင်းငုံနီ
-------

ပဲစင်းငုံနီကလည်း မတ်ပဲ နည်းတူ ဈေးကျဆင်းပါတယ်။ ငွေကြေးကြောင့် ဈေးကျဆင်းနေပေမယ့် ပဲလက် ကျန်မရှိတဲ့အတွက် အရောင်းအဝယ်ကလည်း သိပ်မရှိဘူးလို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၂,၀၂၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁ သိန်း ကျော်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၉၁,၀၀၀ မှ ၁၉၂,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မြင်းခြံ နှင့် မုံရွာတို့မှာတော့ တစ်တင်းကို ၆၀,၀၀၀ ကနေ ၆၂,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၅,၀၀၀ လောက်ဈေးကျဆင်းပါတယ်။

ပြောင်းဆံ
--------

ပြောင်းဆံဈေးကတော့ ဗီယမ်နမ်တင်ပို့မှုရှိနေပေမယ့် ပြည်တွင်းငွေကြေးလဲလှယ်နှုန်းကျဆင်း မှုရှိခြင်း၊ ထိုင်းတင်ပို့မှု မရှိသလောက်ဖြစ်ခြင်း၊ မကြာခင် ဈေးကွက်ထဲ အသစ်များ ဝင်ရောက်လာတော့မည်ဖြစ် တဲ့အတွက်ကြောင့် ဈေးက ဆက်တိုက်ကျဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၀၇၀ ကနေ ၁,၀၉၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀ ကျပ်ဈေး ကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၅၀,၀၀၀ ကနေ ၅၀,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၆,၈၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ
-----------

ကြက်သွန်ဖြူကတော့ ရှမ်းရော ကြူကုတ်ရော ဈေးက ဆက်တိုက်ကျဆင်းပါတယ်။ အဝင်များတဲ့ အပြင် အဝယ်ကလည်း လျော့နည်းသွားတဲ့အတွက် ကျဆင်းနေတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၃,၈၀၀ ကနေ ၃,၈၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းပါ တယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄,၀၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ရှမ်းကြက်သွန်ဖြူကတော့ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂,၆၀၀ ကနေ ၃,၉၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၆၀၀ ကနေ ၄,၁၀၀ ပေါက် ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းပါတယ်။

နှမ်းမျိုးစုံ
-------

နှမ်းမျိုးစုံဈေးကလည်း ငွေကြေးဈေးကျဆင်းတဲ့အတွက်ကြောင့် ဈေးတွေက ဆက်တိုက်ကျဆင်းနေပါ တယ်။ အရည်အသွေးကောင်းတဲ့ နှမ်းတွေကတော့ အဝယ်ရှိတယ်လို့ သိရပါတယ်။ နှမ်းနက်စမုံ ကတော့ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၅၅,၀၀၀ ကနေ ၃၁၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၂၅၅,၀၀၀ ကနေ ၂၉၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ နှမ်းညို ဈေးကလည်း ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂,၄၃၅,၀၀၀ ကနေ ၂၄၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၈၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)