menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၁၇.၁၀.၂၀၂၂ မှ ၂၁.၁၀.၂၀၂၂)
🌿🌶🌿🌶🌿🌶🌿🌶🌿🌶🌿
မတ်ပဲ
-----
ယခုတစ်ပတ် မတ်ပဲက ဈေးတွေပြန်တက်လာခဲ့ပေမယ့် ငွေလဲလှယ်နှုန်းဈေးကျဆင်းခြင်း၊ ဈေးနိမ့်ပေးဝယ်ယူခြင်း တို့ကြောင့် တစ်ပတ်အတွင်း တစ်တန်ကို ၁၈ သိန်းအောက်ထိ ဈေးပြန်ကျဆင်းသွားပါတယ်။ ငွေဈေးတည်ငြိမ်မှုမရှိတဲ့အတွက် ကုန်သည်တွေအနေနဲ့ အရောင်းအဝယ်ပြုလုပ်ရာမှာအခက်အခဲရှိနေပြီး အခြေအနေစောင့်ကြည့် ရောင်းဝယ်မှုတွေရှိနေတယ်လို့သိရပါတယ်။ ဈေးအတက်ကို စောင့်ကြည့်နေတာဖြစ်တဲ့အတွက် မဖြစ်မနေအခြေအနေမှသာ အရောင်းအဝယ်ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံက ပဲအထွက်နှုန်းလျော့နည်းတဲ့အတွက် အရန်ပဲအဖြစ် သိုလှောင်ရန်ဝယ်ယူမှုတွေ ရှိနေ တယ်လို့ မတ်ပဲဈေးကတော့ တက်နိုင်ခြေရှိတယ်လို့ ကုန်သည်အချို့ကသုံးသပ်ထားပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁,၇၉၇,၀၀၀ ထိ ဈေးပြန်ကျဆင်းသွားပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၄၅,၀၀၀ လောက် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၈၀,၀၀၀ ကနေ ၁၈၅,၀၀၀ ထိ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃,၀၀၀ ကနေ ၅,၀၀၀ ကြားဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲက တစ်တင်း ကို ၅၉,၀၀၀ ကနေ ၅၉,၅၀၀ ကြား ပေါက်ဈေးရှိပြီး ရာဂဏန်းလောက်သာ အတက်အကျရှိနေပါတယ်။ မတ်ပဲကတော့ တစ်လအတွင်း တစ်တန်ကို ငွေကျပ် ၂ သိန်းလောက်ဈေးကျဆင်းသွားပါတယ်။
မြေပဲဆံ
------
မြေပဲကတော့ အသစ်တွေဈေးကွက်ထဲဝင်နေပေမယ့် တရုတ်တင်ပို့မှုရှိနေတဲ့အတွက် ဈေးကောင်းရနေ ပါတယ်။ မြေပဲဆီကတော့ ပဲတွေပေါလာတဲ့အတွက်ကြောင့် ဈေးတွေပြန်ကျဆင်းသလို အကျဈေးနဲ့ ဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာ မြေပဲလုံးဆံနီက တစ်ပိဿာကို ၅,၄၀၀ ကနေ ၆,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးတက်လာပါတယ်။ မြေပဲဆီကတော့ တစ်ပိဿာကို ၁၁,၀၀၀ ကနေ ၁၂,၀၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။ အောင်လံဈေးကွက်မှာတော့ မြေပဲလုံးဆံနီ နဲ့ မြေပဲလုံးဆံဖြူက တစ်ပိဿာကို ၅,၂၀၀ ကနေ ၅,၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ ပြည်ဈေးကွက်မှာလည်း မြေပဲဆံက တစ်ပိဿာကို ၅,၅၀၀ ပေါက်ဈေးရှိပြီး ပဲဆီကတော့ တစ်ပိဿာကို ၉,၀၀၀ ကနေ ၁၁,၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။
ငရုတ်
-----
ငရုတ်ခြောက်တွေကတော့ ရန်ကုန်ဈေးကွက်မှာ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ငရုတ်အစိုတွေ ဈေးကွက်ထဲဝင်နေပြီဖြစ်တဲ့အတွက် ငရုတ်အခြောက်တွေ ဈေးကောင်းရရှိနေတာဖြစ်ပါတယ်။ ငရုတ်အစို တွေကတော့ ထိုင်းတင်ပို့မှုလျော့နည်းတဲ့အတွက် ဈေးတွေကျဆင်းနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ငရုတ်(မြစ်ဝ)က တစ်ပိသာကို ၂၄,၀၀၀ ကနေ ၂၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မြှားနီ(ဟင်္သာတ) ကတော့ တစ်ပိဿာကို ၁၉,၀၀၀ ကနေ ၁၉,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ငရုတ်မျိုးစုံ တစ်ပိဿာကို ၁,၀၀၀ ကနေ ၁,၅၀၀ကြား ဈေးမြင့်တက်လာပါတယ်။
ထန်းလျက်
---------
ထန်းလျက်ဈေးကလည်း ဈေးပြန်ငြိမ်နေရာမှာ ဒီတစ်ပတ်မှာတော့ ဈေးပြန်တက်လာပါတယ်။ ပွဲတော် ကာလ အရောင်းအဝယ်သွက်နေတဲ့အတွက် ဈေးတက်နေတယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ထန်းလျက်(ညောင်ဦး၊ ရေစကြို၊ ပခုက္ကူ၊ တောင်သာ၊ မလိုင်) တို့က တစ်ပိဿာကို ၃,၁၀၀ ကနေ ၃,၈၅၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀ လောက်ဈေး တက်လာပါတယ်။
နှမ်းမျိုးစုံ
-------
နှမ်းမျိုးစုံဈေးတွေကတော့ ငွေလဲလှယ်နှုန်းဈေးကျဆင်းတာနဲ့အတူ ဈေးတွေလည်းပြန်ကျဆင်းသွား ပါတယ်။ အရောင်းအဝယ်ကလည်း အနည်းငယ်ပြန်အေးသွားပါတယ်။
နှမ်းနက်(စမုံ)က မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၃၅,၀၀၀ ကနေ ၂၈၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၂၄၀,၀၀၀ ကနေ ၂၇၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆင်ဖြူကျွန်းဈေးကွက်မှာလည်း တစ်တင်းကို ၈၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅,၀၀၀ လောက် ဈေးကျဆင်းပါတယ်။ တစ်လအတွင်း တစ်အိတ်ကို ၇၀,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
နှမ်းညိုကလည်း မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၃၀,၀၀၀ ကနေ ၂၃၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၇၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ တစ်လ အတွင်းတစ်အိတ်ကို ၂၀,၀၀၀ လောက်ဈေးကျဆင်းပါတယ်။
ပန်းနှမ်းကတော့ ဈေးကွက်ထဲ အသစ်တွေဝင်နေပြီး ဈေးကောင်းရရှိနေပါတယ်။ မန္တလေးဈေးကွက်မှာ တော့ တစ်အိတ်ကို ၁၃၀,၀၀၀ ကနေ ၁၃၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)