menu

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ . ၁၁ . ၂၀၂၂ မှ ၂၅ . ၁၁ . ၂၀၂၂)


🌿🌱🫘🧅🧄🫘🧄🧅🌱🌿

🌿ကုလားပဲ🌿

ဈေးငြိမ်နေခဲ့တဲ့ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးတွေပြန်ကျဆင်းခဲ့ပါတယ်။ ငွေကြေးဈေး တည်ငြိမ် မှုမရှိတာရယ် မကြာခင် ပဲအသစ်တွေ ဈေးကွက်ထဲဝင်တော့မှာဖြစ်လို့ ဈေးကကျဆင်းနေတာဖြစ် တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၃,၀၈၀ ကနေ ၃,၁၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၃,၂၅၀ ကနေ ၃,၃၃၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ် ဈေးကျဆင်းပါတယ်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၃,၉၅၀ ကနေ ၄,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ်ကို ၁၆၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇,၀၀၀ ကျပ်၊ ကုလားပဲ (၉၂၉)ကတော့ တစ်အိတ်ကို ၁၇၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၁၉၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀,၀၀၀ ကျပ်၊ ကုလားပဲ (ဗွီဆဲဗင်း)ကတော့ တစ်အိတ်ကို ၁၉၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ၅၈,၅၀၀ကျပ် ရှိပြီးတစ်တင်းကို ၁,၀၀၀ ကျပ် ကုလားပဲ(၉၂၉)က တစ်တင်းကို ၅၈,၅၀၀ကျပ် ရှိပြီး တစ်တင်းကို ၂,၀၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)ကတော့ တစ်တင်းကို ၆၃,၀၀၀ကျပ် ရှိပြီး တစ်တင်းကို ၂,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။

🌱ပဲတီစိမ်း🌱

ပဲတီစိမ်းကတော့ လက်ရှိမှာ အကျဈေးနဲ့ဈေးငြိမ်နေပြီး နေ့စဉ်အရောင်းအဝယ်ပေါ်မူတည်ပြီး အနည်းငယ် သာ အပြောင်းအလဲရှိပါတယ်။ တင်ပို့မှုကတော့ တရုတ်နယ်စပ်က ခဏခဏပိတ်နေတဲ့အတွက် လျော့နည်းနေပြီး ဈေးကောင်းလည်းမရရှိပါဘူး။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်တဲ့သတင်းတစ်ပုဒ်အရ ပဲတီစိမ်းကို လာမယ့် ၂၀၂၃မှာ ဥရောပကိုတင်ပို့မယ်လို့ သိရပါတယ်။ ယခင်နှစ်တွေကလည်း တင်ပို့မှုတွေပြုလုပ်ပေမယ့် အရည်အသွေးပိုင်းဆိုင်ရာ အဓိကထားတဲ့အတွက် အများကြီးတင်ပို့နိုင်မှု မပြုလုပ်နိုင်ခဲ့ပါဘူး။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ) ကတော့ တစ်ပိဿာကို ၃,၀၀၀ ကနေ ၃,၀၈၅ ကျပ် ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိသာကို ၂,၅၈၀ ကနေ ၂,၈၃၅ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) ကတော့ တစ်ပိဿာ ကို ၂,၄၆၅ ကနေ ၂,၅၀၀ကျပ်နဲ့ ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက ၃တင်းဝင် တစ်အိတ်ကို ၁၃၅,၀၀၀ ကနေ ၁၄၅,၀၀၀ ကြားပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ၊ ပြည်၊ မော်လမြိုင်တို့မှာတော့ တစ်တင်းကို ၃၉,၀၀၀ ကနေ ၄၆,၀၀၀ ကျပ် ရှိပြီး တစ်တင်းကို ၂,၀၀၀ လောက် ဈေးကျဆင်းပါတယ်။

🫘ပဲလွန်း🫘

ပဲလွန်းကတော့ ဈေးကွက်အတွင်း အသစ်တွေဝင်နေပြီး ဈေးကအမြင့်ဈေးရှိနေပါတယ်။ လက်ကျန်ပဲ လွန်း ကလည်း နည်းနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲလွန်းဖြူက တစ်ပိဿာကို ၂,၀၀၀ ကနေ ၂,၃၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပဲလွန်းနီကလည်း တစ်ပိဿာကို ၂,၃၃၅ ကနေ ၂,၅၀၀ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။ အရောင်းအဝယ်ကတော့ နည်းတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲလွန်းဖြူကတော့ ဈေးမဖွင့်တော့ပါဘူး။ ပဲလွန်းပြာတော့ အသစ်တွေ ဈေးကွက်ထဲဝင်နေပြီးတစ်အိတ်ကို ၁၂၅,၀၀၀ ကနေ ၁၃၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ လောက်ဈေးတက်ပါတယ်။ မုံရွာဈေးကွက်မှာလည်း ပဲလွန်းပြာ(အသစ်)က တစ်တင်းကို ၄၁,၀၀၀ နဲ့ ဈေးဖွင့်ပါတယ်။

🧅ကြက်သွန်နီ🧅

ကြက်သွန်နီကတော့ အဝင်ပုံမှန်ရှိနေပေမယ့် ပြည်ပဝယ်လိုအားကြောင့် ဈေးကတော့မြင့်တက်နေပါ တယ်။ အရောင်းအဝယ်ကလည်းသွက်နေပါတယ်။ နေ့စဉ် နယ်စုံကနေ ကြက်သွန်ကား အစီး(၂၀) ကျော် ပုံမှန် ဝင်ရောက်နေပြီး နွေလက်ကျန်တွေကဈေးကောင်းရနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၃,၆၀၀ ကနေ ၄,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိသာကို ၂၀၀ ကျပ်၊ ကြက်သွန်နီ မြင်းခြံ(ကံဆင်း)ကတော့ တစ်ပိဿာကို ၃,၈၀၀ ကနေ ၄,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးတက်ပါတယ်။ နယ်မြင်းခြံဈေးကွက်တွေမှာလည်း ကြက်သွန်နီက အဟောင်းကတစ်ပိဿာကို ၃,၅၀၀ ကနေ ၄,၂၀၀ ကြား ထိပေါက်ဈေးရှိနေပြီး အသစ်ကတော့ တစ်ပိသာကို ၁,၂၀၀ ကနေ ၃,၃၀၀ကြား အရောင်းအဝယ်ရှိနေပြီး တစ်ပိဿာကို ၃၀၀ကျပ် ဈေးမြင့်တက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၇၀၀ ကနေ ၄,၃၀၀ကြား ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀လောက်ဈေးတက်လာပါတယ်။

🧄ကြက်သွန်ဖြူ🧄

ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကွက်ထဲ အရောင်းအဝယ်လည်းအေးသွားပြီး ဈေးလည်းအေးသွားပေ မယ့် ကြူကုတ်ကတော့ အဝင်များလို့ဈေးကကျဆင်းပါတယ်။ အခြားပခုက္ကူဘက်ကလည်း အဝင်တွေ ရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြူကုတ်က တစ်ပိဿာကို ၃,၃၀၀ ကနေ ၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းပါတယ်။

Sources : AMIA (Farmer Digital TV)