menu

“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၂၈ . ၁၁ . ၂၀၂၂ မှ ၂ . ၁၂ . ၂၀၂၂)


🌾🫘🌾🫘🌾🫘🌾🫘🌾🫘🌾

ဆန်စပါး .....

ရန်ကုန်ဈေးကွက်မှာ ပေါ်ဆန်းဆန်ကလွဲပြီး အခြားဆန်ချောဈေးတွေ ငြိမ်နေပါတယ်။ ဆန်ကြမ်းဈေး ကတော့ တင်ပို့မှုရှိနေတဲ့အတွက် ဈေးကတက်နေပါတယ်။ နယ်ဈေးကွက်ဖြစ်တဲ့ ဧရာဝတီတိုင်း ဈေး ကွက်မှာလည်း စပါးဈေးက အမြင့်ဈေးနဲ့ရှိနေပေမယ့် အဝယ်လျော့နည်းခြင်းကြောင့် ဈေးအနည်းငယ် ပြန်ကျဆင်းတယ်လို့ ဧရာဝတီကုန်သွယ်မှုဗဟိုဌာနက သိရပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းဆန်ကတော့ တစ်အိတ်ကို ၉၀,၀၀၀ ကနေ ၉၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်အိတ်ကို ၄၃,၅၀၀ ကနေ ၄၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ ကျပ်၊ ရက်(၉၀)ဆန်ကတော့ တစ်အိတ်ကို ၄၈,၀၀၀ ကနေ ၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ ကျပ်၊ ဆန်သီးထပ်ကတော့ တစ်အိတ်ကို ၄၆,၀၀၀ ကနေ ၄၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပထမတန်းစားစပါးက တင်း ၁၀၀ ကို ၁၅ သိန်း ၅ သောင်းကနေ ၁၇ သိန်းနီးပါးထိပေါက်ဈေးရှိနေပြီး ဆန်ကတော့ တစ်အိတ်ကို ၅၅,၀၀၀ ကနေ ၆၅,၀၀၀ ကြားပေါက်ဈေး ရှိနေပါတယ်။ ဒုတိယတန်းစားစပါးကတော့ တင်း ၁၀၀ကို ၁၃ သိန်းကနေ ၁၄သိန်း ၅သောင်း ကြား ပေါက်ဈေးရှိနေပြီး ဆန်ကတော့တစ်အိတ်ကို ၄၀,၀၀၀ ကနေ ၅၀,၀၀၀ ကြား အရောင်းအဝယ်ရှိနေပါ တယ်။ ပြီးခဲ့တဲ့လနဲ့ယှဉ်ရင်တော့ တင်း ၁၀၀ ကို ၅သောင်းကျော်လောက် ဈေးမြင့်တက်လာပါတယ်။ ထို့ပြင် အချိန်အခါမဟုတ်မိုးရွာတဲ့အတွက် မကြာခင်ထွက်ရှိလာမယ့်စပါးများ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းမှုတွေ ရှိလာနိုင်မည်ကို တောင်သူအများစု စိုးရိမ်မှုများရှိနေပါတယ်။

မတ်ပဲ .....

မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၁၇ သိန်းအောက်ထိဈေးကျဆင်းသွားပါတယ်။ အိန္ဒိယနိုင်ငံ တွင်းမှာလည်း ပြည်ပတင်ပို့တဲ့ မတ်ပဲတွေဝင်ရောက်နေတဲ့အတွက် ဈေးတွေကျဆင်းနေခဲ့တာဖြစ်ပြီး တော့ မြန်မာပြည်တွင်းမှာလည်း ဒေါ်လာပေါက်ဈေးငြိမ်နေတဲ့အတွက် မတ်ပဲက ဆက်တက်မလာပဲ ဈေးက ကျဆင်းနေခဲ့တာဖြစ်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။ မတ်ပဲကတော့ လတ်တလော အနေအထားအရ ဈေးကဆက်ပြီးတက်လာနိုင်ခြေနည်းတယ်လို့ ကုန်သည်ကြီးအချို့က ခန့်မှန်းထားပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆သိန်း၉သောင်းကျော် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၃ သောင်းလောက် ဈေးကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁)ရက်နေ့နဲ့နှိုင်းယှဉ်ရင်လည်း တစ်တန်ကို ၂သောင်း လောက်သာ ကျဆင်းနေခဲ့တာဖြစ်ပြီး တစ်လအတွင်း အကျဈေးနဲ့ဈေးငြိမ်နေခဲ့တာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ မတ်ပဲအသစ်က တစ်အိတ်ကို ၁၆၀,၀၀၀ ကနေ ၁၆၃,၀၀၀ ကြားပေါက်ဈေးနဲ့ ဈေးဖွင့်ထားပြီး မတ်ပဲ အဟောင်းကတော့တစ်အိတ်ကို ၁၆၇,၀၀၀ ကနေ ၁၇၀,၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ မတ်ပဲအဟောင်းဈေးက တစ်အိတ်ကို ၂,၀၀၀လောက် ဈေးမြင့် တက်လာခဲ့ပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲက တစ်တင်းကို ၅၂,၀၀၀ ကနေ ၅၄,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကနေ ၃,၀၀၀ ကြား ဈေးကျဆင်းသွားပါတယ်။

စားတော်ပဲ .....

စားတော်ပဲကတော့ ဈေးတွေကျဆင်းပါတယ်။ အသစ်တွေလည်း ဈေးကွက်ထဲကိုမဝင်သေးတဲ့အတွက် ဈေးတွေ ပြန်ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ စားတော်ပဲက တစ်ပိဿာကို ၆,၅၀၀ မှ ၆,၈၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၂၀,၀၀၀ ကနေ ၃၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၁၀၀,၀၀၀ ပေါက်ဈေးရှိပြီး ပစ္စည်းလက်ကျန်မရှိ အရောင်းအဝယ်အေး ဈေးအေးနေတယ်လို့ သိရပါတယ်။

ထန်းလျက် .....

ထန်းလျက်ကတော့ ဈေးတွေကျဆင်းနေပါတယ်။ အဝင်များပြီးအရောင်းအဝယ်အေးသွားတဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ထန်းလျက်(မျိုးစုံ)က တစ်ပိဿာကို ၂,၅၀၀ ကနေ ၃,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကနေ ၁၅၀ ကြားဈေးကျဆင်းသွားပါတယ်။

အာလူး .....

အာလူးကတော့ ဈေးတွေမြင့်တက်နေရာမှ ဒီတစ်ပတ်မှာတော့ ဈေးကပြန်ကျဆင်းသွားပါတယ်။ အဝင် နည်းပေမယ့် တရုတ်အာလူးသီးတွေ ဈေးကွက်ထဲအဝင်များတဲ့အတွက် ဈေးကပြန်ကျဆင်းသွားတာဖြစ် ပါတယ်။ တရုတ်သီးတွေကတော့ ဈေးတက်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး(အောင်ပန်း)က တစ်ပိဿာကို ၁,၇၅၀ ကနေ ၂,၁၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ တရုတ်အာလူးကတော့ တစ်ပိဿာကို ၁,၅၅၀ ကနေ ၂,၁၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တရုတ်အာလူးက တစ်ပိဿာကို ၁,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)