menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၅.၁၂.၂၀၂၂) မှ ( ၉.၁၂.၂၀၂၂)
🌿🌱🫘🧅🌶️🌿🌶️🧅🫘🌱🌿
🌿မတ်ပဲ🌿
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အနည်းငယ်ပြန်တက်လာခဲ့ပေမယ့်ငွေဈေး၊ အရောင်း အဝယ်ပေါ်မူတည်ပြီး အတက်အကျသိပ်မရှိပဲ ဈေးတန်းတစ်ခုမှာပဲရှိနေပါတယ်။ အသစ်တွေကလည်း ဆက်တိုက်ထွက်ရှိနေပြီး ငွေဈေးကလည်း လတ်တလောငြိမ်နေတဲ့အချိန်ဖြစ်နေတဲ့အတွက် အိန္ဒိယဝယ်ယူမှုကတော့ မြန်မာ့ဈေးကွက်အခြေအနေကို စောင့်ကြည့်ဝယ်ယူမှုတွေရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲကတစ်တန်ကို ၁၇ သိန်း ၅ သောင်းကြားပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်တော့ ၄ သောင်းလောက်ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း နေ့စဉ်အဝင်ပေါ် မူတည်ပြီး တစ်အိတ်ကို ၁၆၀,၀၀၀ ကနေ ၁၇၂,၀၀၀ ကြား အရောင်းအဝယ်ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်အိတ်ကို ၆,၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲက တစ်တင်း ကို ၅၄,၀၀၀ ကနေ ၅၇,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀ လောက်ဈေးတက်လာပါတယ်။
🌱ပဲကြီး🌱
ပဲကြီးဈေးကတော့ ဒီတစ်ပတ်မှာ ဈေးတွေကျဆင်းပါတယ်။ လက်ကျန်မရှိတော့ပေမယ့် မကြာခင် အသစ်တွေဈေးကွက်ထဲဝင်တော့မှာဖြစ်တဲ့အတွက် အရောင်းအဝယ်အေးနေတာလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၃,၈၂၅ ကနေ ၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ် ဈေးကျဆင်းပါတယ်။ ပဲကြီး(ရွှေကျွန်း)ကတော့ တစ်ပိဿာကို ၄,၃၃၅ ကနေ ၄,၄၂၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၉၀ ကျပ် ဈေးကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲကြီးက တစ်အိတ်ကို ၂၀၀,၀၀၀ ကနေ ၂၃၀,၀၀၀ ကြား ပေါက်ဈေးရှိပြီး အရောင်းအဝယ်မရှိဈေးအေးနေပါတယ်။ အောင်လံဈေးကွက်မှာတော့ ပဲကြီးက တစ်အိတ်ကို ၆၅,၀၀၀ ကနေ ၇၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။
🫘စားတော်ပဲ🫘
စားတော်ပဲကလည်း ဆက်တိုက်ကျဆင်းနေပါတယ်။ အရောင်းအဝယ်လည်းအေးပြီး ဈေးလည်းကျဆင်းနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ စားတော်ပဲက တစ်ပိဿာကို ၆,၅၀၀ မှ ၆,၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၂၀,၀၀၀ ကနေ ၃၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
🧅ကြက်သွန်နီ🧅
ကြက်သွန်နီကတော့ နွေကြက်သွန်တွေ ဈေးကွက်ထဲအဝင်မရှိတော့ပဲ မိုးကြက်သွန်တွေ ဈေးကွက်ထဲကို ဝင်လာပါတယ်။ နယ်စုံမဟုတ်ပဲ မြင်းခြံနဲ့ မြစ်သားလောက်ပဲ အဝင်ရှိနေပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ထက်အေးနေပြီး ဈေးချရောင်းဝယ်နေရတယ်လို့ ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (မြင်းခြံ)က တစ်ပိဿာကို ၃,၁၀၀ ကနေ ၄,၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀လောက်ဈေးကျဆင်းပါတယ်။
🌶️ငရုတ်🌶️
ငရုတ်ဈေးကတော့ ဈေးတွေ ပြန်ကျဆင်းနေပါတယ်။ ဈေးကွက်ထဲ အဝင်များနေပြီး ပြည်ပတင်ပို့မှုလည်း နည်းနေပါတယ်။ ငွေဈေးကျဆင်းမှုကြောင့် ဈေးကကျဆင်းသွားတာလည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ငရုတ်(မြှားနီ)က တစ်ပိဿာကို ၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်၊ ငရုတ်(မိုးထောင်ပျော်ဘွယ်)က တစ်ပိဿာကို ၁၂,၀၀၀ ကနေ ၁၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်၊ ဆင်ဖြူကျွန်းကတစ်ပိဿာကို ၂၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ် ကျဆင်းပါတယ်။ မော်လမြိုင်ဈေးကွက်မှာလည်း ငရုတ်(ရှမ်းကျွန်း)က တစ်ပိဿာကို ၁၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊ မိုးထောင်က တစ်ပိဿာကို ၁၃,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
Sources : AMIA (Farmer Digital TV)