menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၁၉ . ၁၂ . ၂၀၂၂ မှ ၂၃ . ၁၂ . ၂၀၂၂)
🌿🌽🍃🌽🌿🌽🌿🌽🍃🌽🌿
🌿ပဲစင်းငုံနီ🌿
ပဲစင်းငုံနီကတော့ အသစ်တွေလည်းဈေးကွက်ထဲကိုဝင်နေပြီး အရောင်းအဝယ်သွက်နေပါတယ်။ လက်ကျန်မရှိတဲ့ ပဲ ဖြစ်တဲ့အတွက် ဝင်သလောက်အရောင်းအဝယ်ဖြစ်နေပြီး ဈေးကောင်းရနေတယ်လို့ သိရပါတယ်။ အိန္ဒိယမှာ ပဲစင်းငုံနီထွက်ရှိမှုနှုန်း ၉ ရာခိုင်နှုန်းကျော်ထိကျဆင်းနိုင်မယ်လို့ Current content က ဖော်ပြတဲ့ ဘာသာပြန်သတင်းအရ သိရပါတယ်။ ပဲစင်းငုံနီကတော့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအပြင် အခြားနိုင်ငံတွေကပါ ဝယ်ယူတင်သွင်းနေတာဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာလည်း ပဲအထွက်နှုန်းလျော့နိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် ပဲစင်းငုံနီကတော့ အများကြီး ဈေးကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်ကြီးအချို့က သုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ အသစ်က တစ်တန်ကို ၁၇သိန်း ၈သောင်းကျော် အထိ ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၃ သောင်းလောက် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း ပဲစင်းငုံနီ အသစ်က တစ်အိတ်ကို ၁၆၇,၀၀၀ နဲ့ ဈေးဖွင့်ပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ မုံရွာ၊ အောင်လံ တို့မှာတော့ ပဲစင်းငုံနီအသစ်က တစ်အိတ်ကို ၅၅,၀၀၀ ကနေ ၅၆,၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။
🍃ပဲတီစိမ်း🍃
ပဲတီစိမ်းကတော့ ပြည်ပတင်ပို့မှုရှိတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပေမယ့် ပြည်တွင်းမှာတော့ အဝင်များပြီး ဈေးတွေက ဆက်တိုက်ကျဆင်းနေပါတယ်။ ဒီတစ်ပတ်မှာတော့ ပဲတီစိမ်းက အကျဈေးနဲ့ဈေးငြိမ်သွားပါတယ်။ ပဲတီစိမ်းက လတ်တလော ဈေးတက်နိုင်ခြေမရှိဘူးလို့ ကုန်သည်တွေကခန့်မှန်းထားပါတယ်။ ပဲမျိုးစုံထွက်ချိန် ဖြစ်တဲ့အတွက် ဈေးငြိမ်နေဦးမယ်လို့ ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း (ခရမ်းရွှေဝါ)ကတော့ တစ်ပိဿာကို ၂,၈၃၀ ကနေ ၃,၀၀၀ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) က တစ်ပိဿာ ကို ၂,၀၀၀ ကနေ ၂,၅၀၀၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိသာကို ၂,၅၀၀ ကနေ ၂,၉၅၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက ၃ တင်းဝင် တစ်အိတ်ကို ၁၃၅,၀၀၀ ကနေ ၁၄၀,၀၀၀ ကြားပေါက်ဈေးရှိပြီး နေ့စဉ်အရောင်းအဝယ်ပေါ်မူတည်ပြီး တစ်အိတ်ကို ၁,၀၀၀ ကနေ ၃,၀၀၀ ကြား အတက်အကျ ရှိနေပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ မုံရွာ၊ ပြည်၊ မော်လမြိုင်တို့မှာတော့ တစ်တင်းကို ၃၄,၀၀၀ ကနေ ၄၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀လောက် ဈေးကျဆင်းသွားပါတယ်။
🌽ပြောင်း🌽
ပြောင်းက ဈေးတွေပြန်မြင့်တက်လာပါတယ်။ တရုတ်နိုင်ငံက တင်သွင်းမှုရှိလာပြီး ငွေကြေးလဲလှယ်နှုန်းဈေးမြင့်လာတဲ့အတွက် ဈေးတွေပြန်မြင့်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဆက်ပြီး တက်နိုင်ခြေကတော့ လက်ရှိမှာ ဈေးကွက်ထဲကိုအဝင်များနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံက တစ်ပိဿာကို ၁,၁၃၀ ကနေ ၁,၁၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာ ကို ၂၀ လောက်ဈေးပြန်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၅၇,၀၀၀ ကနေ ၅၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀လောက် ဈေးပြန်တက်လာပါတယ်။ အခြား ပြောင်းတွေဖြစ်တဲ့ ရှမ်းပြောင်း၊ ဗမာပြောင်း၊ ပြောင်းနီတို့လည်း တစ်အိတ်ကို ၂,၀၀၀ ကနေ ၃,၀၀၀ ကြား ပြန်မြင့်တက်လာပြီး တစ်အိတ်ကို ၅၆,၀၀၀ ကနေ ၆၀,၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။ ဆန်ပြောင်းကလည်း တစ်အိတ်ကို ၆၂,၀၀၀ နဲ့ ဈေးဖွင့်ပြီးအရောင်းအဝယ်ရှိနေပါတယ်။ မုံရွာဈေးကွက်မှာတော့ ပြောင်းနီက တစ်တင်းကို ၂၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ လောက် ဈေးတက်လာပါတယ်။
🌿နှမ်းဖြူ🌿
နှမ်းဖြူကတော့ ဆက်တိုက်ဈေးငြိမ်နေခဲ့ပြီး ဒီတစ်ပတ်မှာတော့ အဝယ်သွက်လာလို့ အနည်းငယ် ဈေးပြန်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာ တစ်တင်းကို ၂၅၅,၀၀၀ ကနေ ၂၆၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀,၀၀၀ လောက်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ နှမ်းဖြူ တစ်တင်းကို ၈၆,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅,၀၀၀လောက် ဈေးတက်လာပါတယ်။
🍃ကြက်သွန်ဖြူ🍃
ကြက်သွန်ဖြူ(ရှမ်း)ကတော့ အ၀င်နည်းလာလို့ဈေးမြင့်တက်လာပါတယ်။ နေ့စဉ် ရန်ကုန်ဈေးကွက်ကို တန်ချိန် ၈,၀၀၀ကျော်သာ အ၀င်ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၃,၈၀၀ မှ ၅,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၈၀၀ခန့် ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာလဲ တစ်ပိဿာကို ၄,၀၀၀ မှ ၅,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၉၀၀နီးပါ ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)