menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၁၆ . ၁ . ၂၀၂၃ မှ ၂၀ . ၁ . ၂၀၂၃)
🌾🧅🧄🌾🧄🧅🧄🌾🧄🧅🌾
ဆန် စပါး
------
ဝါးတန်းဈေးကွက်မှာတော့ ဆန်သစ်ဈေးတွေရော ဆန်ဟောင်းဈေးတွေပါ မြင့်တက်နေပါတယ်။ တရုတ်အဝယ်ရှိနေပြီး အခြား ဆန်တင်ပို့မှုတွေပါရှိနေတဲ့အတွက် ဈေးတွေမြင့်တက်နေတယ်လို့ သိရ ပါတယ်။ နယ်ဈေးကွက်တွေမှာတော့ လက်ကျန်စပါးတွေနည်းနေပြီး ရန်ကုန်ကိုတော့ ဆန်အဝင်ပုံမှန် ရှိကာ အရောင်းအဝယ်ကောင်းနေတယ်လို့ သိရပါတယ်။
ရန်ကုန်ဝါးတန်းဈေးကွက်မှာ ပေါ်ဆန်းသစ် (နယ်စုံ၊ ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့က တစ်အိတ်ကို ၅၉,၀၀၀ ကနေ ၆၅,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃,၀၀၀ ကနေ ၅,၀၀၀ ကြား ဈေးမြင့်တက်လာပါတယ်။ အဟောင်းကတော့ တစ်အိတ်ကို ၆၁,၀၀၀ ကနေ ၆၇,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂,၀၀၀ ကနေ ၅,၀၀၀ကြား ဈေးမြင့်တက်လာပါတယ်။ ရွှေဘိုပေါ်ဆန်းအသစ်ကတော့ တစ်အိတ်ကို ၇၃,၀၀၀ ကနေ ၈၀,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းအဟောင်းဆန်ကတော့ တစ်အိတ်ကို ၉၃,၀၀၀ ကနေ ၁၀၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။
ဧည့်မထဆန်တွေကတော့ ဈေးငြိမ်နေပြီး မြီးဒုံးဆန်သစ်ကတော့ တစ်အိတ်ကို ၄၈,၀၀၀ ကနေ ၅၀,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်၊ ဧည့်မထ ၂၅ မှတ်တန်ကတော့ ၄၂,၅၀၀ ကနေ ၄၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ရက် ၉၀ဆန်ကတော့ တစ်အိတ်ကို ၄၅,၅၀၀ ကနေ ၄၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ကျပ် ဈေးမြင့်တက်လာပါတယ်။ နယ်ဈေးကွက်တွေမှာလည်း စပါးတင်း ၁၀၀ ကို ၅၀,၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ ဆန်စပါးကတော့ လာမယ့် နွေဆန်ထွက်တဲ့အချိန်ထိ အမြင့်ဈေးနဲ့ပဲရှိနေဦးမယ်လို့ ဆန်ကုန်သည်အများစုက ခန့်မှန်းထားပါတယ်။
ကြက်သွန်နီ
---------
ကြက်သွန်နီကတော့ ပြီးခဲ့တဲ့အပတ်ကတည်းကဈေးကျဆင်းနေခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဆက်ပြီးဈေးကျဆင်းနေပါတယ်။ အဝင်ကတော့ အနည်းငယ်လျော့နည်းသွားပေမယ့် အဝယ်နည်းလို့ လက်ကျန်တွေများပြီး ဈေးကျဆင်းတာဖြစ်တယ်လို့သိရပါတယ်။ နေ့စဉ် ပိဿာချိန် ၁ သိန်း ၂ သောင်း ကျော်ရန်ကုန်ဘုရင့်နောင်ဈေးကွက်ကို အဝင်ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ(မြစ်သား၊ မြင်းခြံ)က တစ်ပိဿာကို ၁,၆၀၀ ကနေ ၂,၂၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀လောက် ဈေးကျဆင်းပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၆၀၀ ကနေ ၂,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းပါတယ်။ မော်လမြိုင်ဈေးကွက်မှာလည်း ကြက်သွန်နီက တစ်ပိဿာကို ၁,၈၀၀ ကနေ ၂,၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၁,၁၀၀ ကနေ ၁,၆၅၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀ ဈေးကျဆင်းပါတယ်။
ကြက်သွန်ဖြူ
----------
ကြက်သွန်ဖြူ(ရှမ်း)ကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ အဝင် လည်း နည်းနေပါတယ်။ အဝယ်ကတော့ပုံမှန်ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း) က တစ်ပိဿာကို ၅,၁၀၀ ကနေ ၆,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ဈေးမြင့်တက်လာပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၃,၈၅၀ ကနေ ၃,၉၀၀ ကြားပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။
နှမ်းမျိုးစုံ
------
နှမ်းမျိုးစုံကတော့ ဒီတစ်ပတ်မှာ ဈေးတွေမြင့်တက်နေခဲ့ပါတယ်။ တရုတ်ရော ဂျပန်ရော အဝယ်ရှိနေတယ်လို့သိရပါတယ်။ ဈေးကွက်ထဲလည်း အဝင်နည်းနေတယ်လို့ကုန်သည်တွေက ဆိုပါတယ်။
နှမ်းနက်(စမုံ)
----------
မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၂၃၅,၀၀၀ ကနေ ၃၀၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံ ဈေးကွက်မှာတော့ တစ်အိတ်ကို ၂၃၀,၀၀၀ ကနေ ၂၄၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
နှမ်းညို
-----
နှမ်းညိုကလည်း အဟောင်းရော အသစ်ပါ ဈေးတွေဆက်တိုက်မြင့်တက်နေပါတယ်။ မန္တလေးဈေးကွက် မှာ နှမ်းညို အသစ်ကတစ်အိတ်ကို ၂၂၅,၀၀၀ ကနေ ၂၃၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်၊ အဟောင်းက တစ်အိတ်ကို ၂၂၅,၀၀၀ ကနေ ၂၃၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
နှမ်းဖြူ
-----
နှမ်းဖြူကလည်း ဈေးမြင့်တက်လာပေမယ့် အဝင်ကတော့နည်းနေပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၉၀,၀၀၀ ကနေ ၂၉၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ကျပ် ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာ တစ်အိတ်ကို ၂၅၀,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ပန်းနှမ်း
------
ပန်းနှမ်းကလည်း အဝင်ရှိသလောက် အဝယ်သွက်နေတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၅၀,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅,၀၀၀ကျပ် ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)