menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” ( ၂၃ . ၁ . ၂၀၂၃ မှ ၂၇ . ၁ . ၂၀၂၃)
🌿🌽🌿🧅🌿🫘🌿🧄🌿🥜🌿
ပဲတီစိမ်း
-----
ပဲတီစိမ်းကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ အသစ် ဈေးမဖွင့်သေးပဲ အဟောင်းလက်ကျန်ပဲဈေးနဲ့ ဈေးငြိမ်နေပါတယ်။ နယ်ဈေးကွက်တွေမှာတော့ တရုတ် အဝယ်ရှိနေတဲ့အတွက် အသစ်တွေရောလက်ကျန်ပဲတွေပါ ဈေးကောင်းရရှိနေတယ်လို့ သိရပါတယ်။ ပဲတီစိမ်းက ပုံမှန်တရုတ်ကိုတင်ပို့နေခဲ့ပြီး ဈေးမြင့်တဲ့ပဲဖြစ်ပေမယ့် ကိုဗစ်ကြောင့် တရုတ်နယ်စပ် ပိတ်တဲ့အချိန် ဈေးတွေကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပဲခူးရွှေဝါ၊ ခရမ်းရွှေဝါ၊ ဝါးခယ်မ)တို့က တစ်ပိဿာကို ၂,၀၈၀ ကနေ ၂,၉၂၀ ကြား ပေါက်ဈေးရှိနေပြီးဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၃၃,၀၀၀ ကနေ ၁၅၇,၀၀၀ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ် ခရမ်းရွှေဝါတို့ကလည်း တစ်အိတ်ကို ၁၇၀,၀၀၀ ကနေ ၁၉၈,၀၀၀ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၃,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၅၀၀ ကနေ ၅၁,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၅၄,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၄,၀၀၀ကျပ် ဈေးမြင့်တက်လာပါတယ်။
ပြောင်းဆံ
-------
ပြောင်းဆံကတော့ တရုတ်ကရော ထိုင်းကပါ အဝယ်ရှိနေတဲ့အတွက် ဆက်တိုက်ဈေးတွေမြင့်တက်နေ ပါတယ်။ ငွေလဲလှယ်နှုန်းဈေးကလည်း အနည်းငယ်မြင့်တက်နေပါတယ်။ ဆက်ပြီးဈေးတက်နိုင်ခြေ ကတော့နည်းပြီး လက်ရှိအတက်ဈေးနဲ့သာ အရောင်းအဝယ်ရှိနိုင်တယ်လို့ ပြောင်းကုန်သည်အချို့က ခန့် မှန်းထားပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၁,၂၆၀ ကနေ ၁,၂၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်း က တစ်အိတ်ကို ၆၄,၀၀၀ ကနေ ၆၅,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ကျပ်၊ ဗမာပြောင်း၊ ရှမ်းပြောင်းတို့ကလည်း တစ်အိတ်ကို ၆၂,၀၀၀ ကနေ ၆၅,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ အခြား ဆန်ပြောင်း နဲ့ ပြောင်းနီတို့ကတော့ ဈေးကွက်ထဲ အဝင်ရှားသွားပြီး ဈေးလည်းငြိမ်သွားပါတယ်။ မုံရွာဈေးကွက်မှာလည်း စီပီပြောင်းက တစ်တင်းကို ၂၁,၉၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၀၀ကျပ် ဈေးတက်လာပါတယ်။
စားတော်ပဲ
--------
ဈေးတွေကျဆင်းသွားခဲ့တဲ့စားတော်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတွေပြန်တက်လာပါတယ်။ ဈေးကွက်ထဲ အသစ်တွေအနည်းငယ်အဝင်ရှိနေပြီး အဝင်ရှိသလောက် အဝယ်လည်းရှိတယ်လို့ သိရပါ တယ်။ ရန်ကုန်ဈေးကွက်မှာတော့ စားတော်ပဲ က တစ်ပိဿာကို ၅,၈၃၀ ကနေ ၆,၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ စားတော်ပဲ တစ်အိတ်ကို ၁၉၅,၀၀၀ ကနေ ၂၇၀,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀,၀၀၀ လောက် ဈေးပြန်တက်လာပါတယ်။
ကြက်သွန်နီ
--------
ကြက်သွန်နီကတော့ အကျဈေးနဲ့ ဈေးငြိမ်နေတဲ့အနေအထားဖြစ်ပါတယ်။ ဈေးကွက်ထဲကို နေ့စဉ် အဝင် တန်ချိန် ၂သိန်းနီးပါး ဝင်နေပါတယ်။ ကြက်သွန်ကုန်သည်တွေကတော့ အဝင်ထိန်းနေပြီး ဈေးကိုလည်း ယခုထက်မကျစေရန်ထိန်းနေပေမယ့် ဆက်ပြီးဈေးကအေးနိုင်ဦးမယ်လို့ သုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးကွက်ကိုတော့ ကြက်သွန်နီ မြင်းခြံ၊ ဆိပ်ဖြူ၊ မြစ်သားတို့ အဝင်ရှိနေပြီး တစ်ပိဿာကို ၁,၆၀၀ ကနေ ၃,၃၀၀ ကြား အရောင်းအဝယ်ရှိကာ နေ့စဉ်အဝင်ပေါ်မူတည်ပြီး ၅၀၊ ၁၀၀ အတက်အကျ ရှိပါတယ်။ မော်လမြိုင်ဈေးကွက်မှာလည်း ကြက်သွန်နီက တစ်ပိဿာကို ၁,၆၀၀ ကနေ ၂,၃၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၁,၁၀၀ ကနေ ၁,၅၅၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀ ဈေးကျဆင်းပါတယ်။
ကြက်သွန်ဖြူ
----------
ကြက်သွန်ဖြူ(ရှမ်း)ကတော့ လက်ရှိ အတက်ဈေးနဲ့ဈေးငြိမ်သွားပါတယ်။ အဝင်နည်းပြီး ပစ္စည်းလက်ကျန် ရှားတယ်လို့ သိရပါတယ်။ ကြူကုတ်ကတော့ တရုတ်ဘက်ကနေ ဝင်လာတာများတဲ့အတွက် ဈေးကတော့ ပြန်ကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း) က တစ်ပိဿာကို ၅,၁၀၀ ကနေ ၆,၃၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၃,၆၅၀ ကနေ ၃,၇၅၀ ကြား ပေါက်ဈေးရှိနေပြီး ၁၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
သကြား
-----
သကြားဈေးကတော့ တက်လာပါတယ်။ ဗီယမ်နမ်ကို တန်ချိန်ငါးထောင် စတင်တင်ပို့နေပြီး တစ်နှစ် အတွင်း တန်ချိန် ၅သောင်းနီးပါးအထိ တင်ပို့ရန်ရှိကြောင်း သကြားအသင်းကနေသိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ သကြားက တစ်ပိဿာကို ၂,၇၂၀ ကနေ ၂,၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ကျပ် ဈေးတက်လာပါတယ်။ တစ်လအတွင်း တစ်ပိဿာကို ၂၀၀လောက် ဈေးမြင့်တက်လာပါတယ်။
မန်ကျည်းသီး
----------
မန်ကျည်းသီးကလည်း ဈေးကွက်ထဲ အသစ်တွေဆက်တိုက်ဝင်ရောက်နေပြီး ဈေးကလည်းကျဆင်းသွား ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မန်ကျည်းသီးက တစ်ပိဿာကို ၁,၇၅၀ ကနေ ၃,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀လောက် ဈေးကျဆင်းသွားပါတယ်။
Sources : AMIA (Farmer Digital TV)