menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” ( ၁၆ . ၁၀ . ၂၀၂၃ မှ ၂၀ . ၁၀ . ၂၀၂၃ )
🫘🌽🧄🌽🫘🧄🫘🌽🧄🌽🫘
✅ ယခုတစ်ပတ်အတွင်းမှာ မတ်ပဲက စံချိန်တင်ဈေးမြင့်တက်ခဲ့ပေမယ့် ပဲစင်းငုံနီကတော့ အပြောင်းအလဲမရှိဈေးငြိမ်နေပါတယ်။ ပြည်တွင်းပဲမာအချို့ ဈေးမြင့်တက်သလို လက်ကျန်တွေမရှိတဲ့အတွက် အချို့ပဲတွေဈေးကျဆင်းလာပါတယ်။
မတ်ပဲ
-----
မတ်ပဲက ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အမြင့်ဆုံးဈေး ရောက်ရှိနေပါတယ်။ ပွဲတော်ကာလဝယ်ယူမှုတွေကြောင့် ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး မြန်မာပြည်တွင်း မတ်ပဲ လက်ကျန်လျော့နည်းနေတာဖြစ်လို့ မတ်ပဲကဆက်ပြီးဈေးတက်နိုင်ဦးမယ်လို့ အိန္ဒိယဘက်က ကုန်သည်တွေက သုံးသပ်ထားပေမယ့်ပြည်တွင်းကုန်သည်တွေကတော့ အများကြီးထပ်ပြီး တက်နိုင်ခြေ မရှိဘူးလို့လည်းခန့်မှန်းထားကြပါတယ်။ လက်ရှိပေါက်ဈေးက အမြင့်ဆုံးဖြစ်ပြီး လက်ကြီးသမားတွေ လက်ထဲတွင်သာ ပဲရှိတော့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းလက်ကျန်က လက်ရှိမှာတန်ချိန်တစ်သိန်းကျော်လောက်သာကျန်ရှိနေပြီး ပြည်တွင်းမတ်ပဲ စိုက်ရတော့မှာဖြစ်တဲ့အတွက် မျိုးပဲတွေအရောင်းအဝယ်ကောင်းနေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂,၇၂၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၈၀,၀၀၀ ကျပ် ဈေးမြင့်တက်လာသည်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၆၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေးမြင့် တက်လာသည်။ နယ်ဈေးကွက်တွေမှာတော့ မတ်ပဲက တစ်တင်းကို ၈၉,၀၀၀ ထိပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃,၀၀၀လောက် ဈေးမြင့်တက်လာပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကတော့ သုံးပတ်ဆက်တိုက်ဈေးငြိမ်နေပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း လက်ကျန်မရှိတဲ့ အတွက် အဝယ်လည်းမရှိ အရောင်းလည်းမရှိလို့ ဈေးငြိမ်နေတာဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၄,၀၇၅,၀၀၀ ရှိနေပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၃၇၀,၀၀၀ မှ ၃၈၀,၀၀၀ ကြား ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်အိတ်ကို ၁၀,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ လာမယ့်လအတွင်း ရိတ်သိမ်းတော့မှာဖြစ်လို့ အမြင့်ဈေးနဲ့ဖွင့်နိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။
ပြောင်းဆံ
--------
ထိုင်းတင်ပို့မှုမရှိတော့တဲ့နောက်ပိုင်း ဈေးကျဆင်းသွားတဲ့ပြောင်းဆံက ဒီတစ်ပတ်မှာတော့ အနည်းငယ် ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း ပြောင်းအသစ်တွေအဝင်ရှိနေတာဖြစ်တဲ့အတွက် နယ်ဈေးကွက်တွေမှာတော့ အများကြီးဈေးမြင့်တက်တာမျိုးမရှိပဲ စိုထိုင်းစပေါ်မူတည်ပြီး ပါးပါးလေးသာ ဈေးတက်တယ်လို့ တောင်သူတွေက ဆိုပါတယ်။ တရုတ်တင်ပို့မှု နဲ့ အခြားတင်ပို့မှုတို့အတွက် လှောင်သမားတွေ အဝယ်ရှိနေတာဖြစ်လို့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၁,၀၇၀ မှ ၁,၀၉၀ ရှိပြီး တစ်ပိဿာကို ၁၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၅၁,၅၀၀ မှ ၅၂,၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ ရှမ်းနဲ့ဗမာပြောင်းတွေကလည်း တစ်အိတ်ကို ၅၀,၀၀၀ ကနေ ၅၂,၀၀၀ ကြားရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်လောက်ဈေးမြင့်တက်လာပါတယ်။ မုံရွာဈေးကွက်မှာလည်း စီပီပြောင်း တစ်တင်းကို ၁၈,၅၀၀ ကျပ် ရှိပြီး ၅၀၀ကျပ် ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ
-----------
ကြက်သွန်ဖြူကတော့ ပြီးခဲ့တဲ့အပတ်ကထက်ဈေးမြင့်တက်နေတာဖြစ်ပါတယ်။ ဈေးကွက်အတွင်း အဝင်နည်းနေပြီးအဝယ်သွက်နေတဲ့အတွက် ဈေးမြင့်တက်နေတာဖြစ်ပြီး ထပ်ပြီး ဈေးမြင့်တက်နိုင်ဦးမယ်လို့ ကြက်သွန်ဖြူကုန်သည်တွေကဆိုပါတယ်။ လက်ရှိ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ကြူကုတ်)ရော (ရှမ်း)ရော နေ့စဉ်ပိဿာချိန် တစ်သောင်းအထက် အဝင်ရှိနေပေမယ့် ဈေးကောင်းနေတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၇,၈၀၀ မှ ၇,၉၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ ရှမ်းကြက်သွန်ကတော့ ဝယ်လိုအားကောင်းပြီး အဝင်နည်းလာတဲ့အတွက် တစ်ပိဿာကို ၈,၀၀၀ မှ ၉,၆၀၀ ရှိပြီး တစ်ပိဿာကို ၇၀၀ကျပ် ဈေးတက်လာပါတယ်။
သကြား
------
ဆက်တိုက်ဈေးမြင့်တက်နေတဲ့သကြားက ဒီတစ်ပတ်မှာ အနည်းငယ်ဈေးပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း အဝယ်နည်းတဲ့အတွက် ကျဆင်းသွားတာလို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၃,၇၅၀ မှ ၃,၇၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
Sources : AMIA (Farmer Digital TV)