menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် (၂၃.၈.၂၀၂၁ မှ ၂၇.၈.၂၀၂၁) ထိ
🌾🧄🌿🥔🌾🌿🌾🧄🌿🥔🌾
🌾ဆန်🌾
ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးတွေမြင့်တက်လာပါတယ်။ လက်ရှိအချိန်အထိ နယ်ကုန်စည်ဒိုင်တွေမှာ အချို့အရောင်းအဝယ်မရှိတဲ့အပြင် ရန်ကုန်အဝင်နည်းတဲ့အတွက် ဈေးကွက်ထဲ အဝင်နည်းလာပါတယ်။ အဝင်နည်းတဲ့အပြင် ပြည်တွင်းဝယ်ယူမှုကလည်း မြင့်တက်လာတဲ့အတွက် တစ်ပတ်အတွင်းဈေးတွေ မြင့်တက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၁,၀၀၀ ကနေ ၄၃,၀၀၀ ပေါက်ဈေးရှိပြီးတစ် အိတ်ကို ၁,၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းမွှေး(သစ်)က တစ်အိတ်ကို ၃၉,၅၀၀ ကနေ ၄၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ မြောင်းမြပုသိမ်ပေါ်ဆန်းမွှေး(သစ်)က တစ်အိတ်ကို ၄၄,၀၀၀ ကနေ ၄၇,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံ(သစ်)က တစ်အိတ်ကို ၄၁,၀၀၀ ကနေ ၄၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၅၀၀ ကျပ်၊ရွှေဘိုပေါ်ဆန်းသစ်ကတော့ တစ်အိတ်ကို ၄၇,၅၀၀ ကနေ ၅၂,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ကျပ် အသီးသီး ဈေးတက်လာခဲ့ပါတယ်။
ဒုတိယတန်းစားဖြစ်တဲ့ ဧည့်မထ(သစ်)က တစ်အိတ်ကို ၂၃,၃၀၀ ကနေ ၂၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်၊ မြီးဒုံဆန်က တစ်အိတ်ကို ၃၄,၅၀၀ ကနေ ၃၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ ဆန်သီးထပ်က တစ်အိတ်ကို ၂၃,၅၀၀ ကနေ ၂၄,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
🌿မတ်ပဲ🌿
မတ်ပဲကတော့ တစ်ပတ်အတွင်း ပြည်တွင်းငွေလဲလှယ်နှုန်းဈေး၊ အိန္ဒိယနိုင်ငံအတွင်း မတ်ပဲဈေးမြင့် တက်မှုတွေကြောင့် ဆက်တိုက်မြင့်တက်ခဲ့ပေမယ့် အတက်အကျကတော့တည်ငြိမ်မှုမရှိပါဘူး။ အိန္ဒိယနိုင်ငံတွင်း ရာသီဥတုဆိုးရွာစွာပျက်စီးမှုတွေကြောင့် ပဲစိုက်ခင်းပျက်စီးမှုတွေရှိခဲ့တဲ့အတွက် ပြည်ပ ပဲတွေကို ပိုမိုအဝယ်လိုက်လို့ဈေးတွေမြင်တက်နေခဲ့တာဖြစ်လို့ အိန္ဒိယသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မတ်ပဲကတော့ လက်ရှိမှာ တစ်တန်ကို ၁,၃၄၀,၀၀၀ ထိ ဈေးတက်လာပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ငွေကျပ် ၂ သောင်းနီးပါးဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်လနီးပါး ကုန်စည်ဒိုင်ပိတ်ထားခဲ့ပြီး ယခုပြန်လည်ဖွင့်တဲ့အချိန်မှာတော့ မတ်ပဲက သုံးတင်းဝင်တစ်အိတ်ကို ၁၃၅,၀၀၀ ပေါက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၄,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်လောက် ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ လောက်ဈေးတက်လာပါတယ်။
🌿ပဲစင်းငုံနီ🌿
ပဲစင်းငုံနီလည်း ဒီတစ်ပတ်မှာဈေးတက်လာပြီး မတ်ပဲနဲ့ ဈေးသိပ်မကွာတဲ့အနေအထားကိုရောက်ရှိ နေပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းမြင့်တက်လာတဲ့အတွက် ဈေးတွေကလည်း မြင့်တက်နေတာ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေဈေးကျဆင်းတာဖြစ်တဲ့အတွက်ကြောင့် လက်ရှိတက်ဈေးများသည် ထင်သလောက်အကျိုးအမြတ်မရှိဘူးလို့လည်း ကုန်သည်တွေက ဆိုပါတယ်။ အိန္ဒိယမှာလည်း ပဲစင်းငုံနီ က ပဲရှားပါးမှုကြောင့်ဈေးတွေ မြင့်တက်နေပြီး မြန်မာ့ပဲစင်းငုံနီတွေလည်း အဝယ်လိုက်နေတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁,၃၃၀,၀၀၀ ကျော်အထိ ဈေးမြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ငွေကျပ်နှစ်သောင်း နီးပါး ဈေးထပ်တက်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၂၅,၀၀၀ နဲ့ ဈေးစဖွင့်ပါတယ်။ ပြည်ဈေးကွက် မှာတော့ တစ်တင်းကို ၄၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၂,၀၀၀ ကျပ်ရှိပြီး ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
🧄ကြက်သွန်ဖြူ(ကြူကုတ်)
🧄
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဈေးတွေအမြင့်ဆုံးမြင့်တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ တရုတ်ကဝင်ရောက်မှုရှိတဲ့အတွက် ဈေးတွေ ပြန်ကျဆင်းသွားတာလို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၅,၀၀၀ ကနေ ၅,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂,၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
🌿ထန်းလျက်🌿
ထန်းလျက်ဈေးတွေလည်း ဒီတစ်ပတ်မှာမြင့်တက်လာပါတယ်။ ဈေးကွက်ထဲကို အဝင်နည်းပြီး ကုန်ကြမ်းရှားပါးမှုကြောင့် ဈေးတွေမြင့်တက်နေတာဖြစ်တယ်လို့သိရပါတယ်။ ထန်းလျက်က တစ်ပိဿာကို ၁,၇၀၀ ကနေ ၂,၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ လောက်ဈေးတက်လာ ပါတယ်။
🥔အာလူး🥔
အာလူးဈေးတွေလည်း ပြန်ပြီး မြင့်တက်လာပါတယ်။ ပြည်တွင်းဝယ်ယူမှုများပြီး ရန်ကုန်ဈေးကွက်ထဲ အဝင်နည်းတဲ့အတွက်ဈေးတွေ တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ အာလူး(အောင်ပန်း)က တစ်ပိဿာကို ၅၂၀ ကနေ ၁,၃၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ လောက်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၁,၁၀၀ ပေါက်ဈေးရှိပြီး ၁၀၀ လောက်ဈေးမြင့်တက်လာပါတယ်။
Sources : AMIA (Farmer Digital TV)