menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၂.၈.၂၀၂၁ မှ ၆.၈.၂၀၂၁)
🌿🍃🧅🍃🌿🧅🌿🍃🧅🍃🌿
🌿မတ်ပဲ🌿
မတ်ပဲကတော့ ဈေးစဖွင့်တဲ့အချိန်မှာ အတက်ဈေးနဲ့ဈေးဖွင့်ခဲ့ပါတယ်။။၂ ပတ်ကျော်ကြာ ဈေးကွက်တွေ ပိတ်ထားခဲ့ပြီး အရောင်းအဝယ်ကလည်း မရှိတော့တဲ့အခြေအနေပါ။ ဈေးကွက်အတွင်း အတက်ဈေးနဲ့ ရှိခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာအများအပြားထုတ်ရောင်းမှုတွေကြောင့် ဈေးတွေ ပြန်ကျဆင်းသွားခဲ့ ပါတယ်။ လက်ရှိမှာတော့ အတက်ဈေးနဲ့ပဲရှိနေဦးမယ့် အခြေအနေပါ။ ပဲလက်ကျန်တွေကလျော့နည်း နေပြီး ငွေထုတ်ဖို့အခက်အခဲတွေနဲ့ အပြည့်အဝပြန်လည်မဖွင့်သေးတဲ့ ကုန်စည်ဒိုင်တွေကြောင့် အရောင်းအဝယ်က ထင်သလောက်ရှိနေဦးမှာမဟုတ်ပါဘူး။
အိန္ဒိယကလည်း ပဲတင်ပို့မှုကိုပွဲတော်မတိုင်မီ တင်သွင်းဖို့ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပြီး မိုးစိုက်ပဲဧကလျော့နည်းတဲ့အတွက် မြန်မာ့ပဲဈေးကတော့ အရမ်းမကျဆင်းနိုင်ဘူးလို့ ကုန်သည်အချို့က သုံးသပ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁,၂၆၀,၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပြီး ၂ ပတ်အတွင်း တစ်တန်ကို ၁ သိန်း ၅ သောင်းလောက်ဈေးမြင့်တက်လာခဲ့ပါတယ်။တစ်ပတ်အတွင်း ငွေကျပ်၂သောင်းလောက်ပြန်ကျဆင်းသွားခဲ့ပြီး သောကြာနေ့စာရင်းအရ တစ်တန်ကို ၁,၂၄၅,၀၀၀ သာပေါက်ဈေးရှိပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၉,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့တစ်တင်းကို ၃၆,၀၀၀ ပေါက်ဈေးရှိပါတယ်။
🍃ပဲစင်းငုံနီ🍃
ပဲစင်းငုံနီကလည်း ဈေးကွက်ပြန်လည်ဖွင့်ချိန်မှာ အတက်ဈေးနဲ့ ဈေးဖွင့်ပါတယ်။ ဒါပေမယ့် ပဲလက်ကျန်မရှိတော့တဲ့အခြေအနေကြောင့် ဈေးကအတက်ဈေးနဲ့ ငြိမ်နေပါတယ်။ နယ်တော်တော် များများမှာလည်း အရောင်းအဝယ်ကမရှိပါဘူး။ ပဲစင်းငုံနီက မတ်ပဲလောက်ဈေးမတက်ပါဘူး။ ပြည်တွင်းမှာလည်းစိုက်ဧကလျော့နည်းပြီး ကုန်သည်များလက်ထဲမှာသာ ပဲတွေက ရှိတော့တာ ဖြစ်အတွက် ပဲဈေးကွက်က ငြိမ်နေခဲ့တာဖြစ်ပါတယ်။
အိန္ဒိယမှာတော့ ပဲစင်းငုံနီ စိုက်ပျိုးထုတ်လုပ်မှုလျော့ကျတဲ့အပြင်မိုးသန်းထည်စွာရွာသွန်တဲ့ အတွက် ကြောင့် စိုက်ဧကတွေလျော့နည်းနိုင်တဲ့အတွက် ဈေးတွေက တက်နေခဲ့တာဖြစ်ပါတယ်။ ဈေးကွက် ဖွင့်တဲ့အချိန်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁,၁၈၀,၀၀၀ နဲ့ စဖွင့်ခဲ့ပြီး လက်ရှိမှာတော့တစ်တန်ကို ၁,၁၇၅,၀၀၀ နဲ့ ၃ ရက်ကြာဈေးအပြောင်းအလဲမရှိပဲ ငြိမ်နေပါတယ်။ ဈေးမပိတ်ခင် ရက်နဲ့နှိုင်းယှဉ် လိုက်ရင် တစ်တန်ကို ၅ သောင်းလောက်သာ ဈေးတက်လာခဲ့ပါတယ်။
🌿ကုလားပဲ🌿
ကုလားပဲကတော့ ကုန်စည်ဒိုင်တွေမပိတ်ခင်ကတည်းက ဈေးတွေက တက်နေခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းဝယ်လိုအားကောင်းနေတဲ့အပြင် လက်ကျန်တွေကလည်းမရှိတဲ့အတွက် အတက်ဈေးနဲ့ ပဲ ရှိနေခဲ့တာဖြစ်ပါတယ်။ ကုန်သည်တွေကလည်း အသစ်မထွက်ခင်အထိ ကုလားပဲဈေးတွေက မာနေဦးမယ်လို့ သုံးသပ်မှုတွေရှိခဲ့ပါတယ်။
ရန်ကုန် ဘုရင့်နောင်ဈေးကွက်စဖွင့်တဲ့အချိန်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁,၇၅၀ ကနေ ၁,၈၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၀ လောက်တက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၁,၉၁၅ ကနေ ၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၂,၂၀၀ ကနေ ၂,၂၅၀ပေါက်ဈေးရှိပြီး ၁၀၀ကျပ်ဈေးတက်လာပါ တယ်။ ဆင်ဖြူကျွန်းမှာတော့ ကုလားပဲ(HL) နဲ့ (ထိုင်ဝမ်) တစ်တင်းကို ၃၀,၀၀၀ ကျပ်ပေါက်ဈေးရှိနေပါ တယ်။
🧅ကြက်သွန်နီ🧅
ကြက်သွန်နီကတော့ ဈေးပြန်ဖွင့်တဲ့အချိန်မှာဈေးအနည်းငယ်တက်လာခဲ့ပါတယ်။ ကုန်စည်ဒိုင်တွေ ပိတ်တဲ့အတွက် ရန်ကုန်ဈေးကွက်ထဲကို အဝင်မရှိပဲဈေးတက်နေတာဖြစ်ပါတယ်။တောင်သူတွေလက် ထဲမှာတော့ ကြက်သွန်နီက ထင်သလောက်မတက်ပဲရှိနေပါတယ်။ လတ်တလောပြည်ပ ဝယ်ယူမှု မရှိတဲ့အတွက် ဈေးကတော့တက်လာနိုင်ချေမရှိသေးဘူးလို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးစဖွင့်တဲ့အချိန်မှာ ကြက်သွန်နီက တစ်ပိဿာကို ၂၅၀ ကနေ ၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ ဈေးကွက်မပိတ်ခင် ရက်နဲ့ နှိုင်းယှဉ်ပါက ၁၀၀ လောက်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)