menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၃၀.၈.၂၀၂၁ မှ ၃.၉.၂၀၂၁)
🌾🌿🍃🧄🌿🧄🌿🧄🍃🌿🌾
🌾ဆန်🌾
ရန်ကုန်ဈေးကွက်မှာတော့ဆန်ဈေးတွေကဒီတစ်ပတ်မှာလည်းထပ်ပြီးတက်လာပါတယ်။ စပါးအသစ်တွေ ကဈေးကွက်ထဲဝင်လာတော့မှာဖြစ်တဲ့အတွက်လက်ကျန်တွေလဲမရှိတော့ပဲဆန်အဟောင်းတွေက ဈေးတွေ တက်နေတာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ဖျာပုံပေါ်ဆန်းမွှေးကတစ်အိတ်ကို၄၂,၀၀၀ကနေ၄၄,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ကျပ်၊ ဒေးဒရဲပေါ်ဆန်းမွှေးကတော့တစ်အိတ်ကို ၄၀,၀၀၀ ကနေ ၄၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ပေါ်ဆန်းနယ်စုံကတော့ တစ်အိတ်ကို ၄၁,၅၀၀ ကနေ ၄၅,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ရွှေဘိုပေါ်ဆန်းသစ်ကတော့ တစ်အိတ်ကို ၄၈,၀၀၀ ကနေ ၅၂,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ဆန်ကြမ်းတွေဖြစ်တဲ့ မြီးဒုံဆန်ကတော့ တစ်အိတ်ကို ၃၆,၀၀၀ ကနေ ၃၇,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပြီး ဧည့်မထဆန်၊ ငစိန်ဆန် နဲ့ ဆန်သီးထပ်တို့ကတော့ဈေးငြိမ်နေပါတယ်။ လ အလည်လောက်မှာ စပါးအသစ်တွေဈေးကွက်ထဲဝင်လာရင်တော့ ဆန်ဈေးတွေက အနည်း ငယ်ဈေးငြိမ်နေ နိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
🍃မတ်ပဲ🍃
မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၁၄ သိန်းထိ ဈေးတွေ မြင့်တက်လာခဲ့ပါတယ်။အဓိက ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးတွေ ဆက်တိုက် မြင့်တက်လာခဲ့တဲ့အတွက် ပဲဈေးတွေက မြင့်တက်နေတာဖြစ်တယ်လို့ ကုန်သည်ကြီးတွေက ဆိုပါတယ်။မတ်ပဲလက်ကျန်ကအောက်ခြေ ဈေးကွက်ထဲလုံးဝမရှိတော့ပဲ လက်ရှိအမြင့်ဈေးနဲ့ သိုလှောင်ပဲတွေကို ထုတ်ရောင်းနေမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။အိန္ဒိယဈေးကွက်မှာတော့ မြန်မာ့ပဲတွေကဈေးအနည်းငယ်ကျဆင်းသွားခဲ့ပေမယ့် ပြည်တွင်းမှာတော့ အရောင်းအဝယ်များနေပြီး ဈေးတွေတက်နေတယ်လို့လည်းသိရပါတယ်။ရန်ကုန်ဈေးကွက်မှာတော့တစ်တန်ကို ၁၄ သိန်းပေါက်ဈေးရှိပြီးတစ်ပတ်အတွင်း တစ်တန်ကို ၇ သောင်းကျော်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၂,၀၀၀ ကနေ ၁၃၅,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း ဈေးကတော့ အတက်အကျအနည်းငယ်နဲ့ အပြောင်းအလဲသာရှိပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅,၀၀၀ ကနေ ၄၅,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၄,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၄,၀၀၀ ပေါက်ဈေးရှိပြီး ရက်ခြားသာဈေးဖွင့်ပါတယ်။
🌿ပဲစင်းငုံနီ🌿
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ၁၃ သိန်းအောက်ထိဈေးပြန်ကျဆင်းသွားပေမယ့် သောကြာနေ့မှာတော့ ၁၃ သိန်းကျော်အထိ ဈေးကပြန်တက်လာပါတယ်။အဓိက မြန်မာ့ကျပ်ငွေဈေးတွေ ကျဆင်းပြီး ဒေါ်လာဈေးတွေမြင့်တက်လာတဲ့အတွက်ကြောင့် ဈေးမြင့်နေတာဖြစ်ပါတယ်။အိန္ဒိယကတော့ဝယ်ယူမှုတွေက လက်ရှိမှာပုံမှန်ရှိနေတယ်လို့သိရပါတယ်။နယ်ဈေးကွက်တွေမှာတော့ လက်ကျန်မရှိ၊အရောင်းအဝယ်မရှိပဲ ဈေးကလည်း အနည်းငယ်တက်ဈေးနဲ့သာဈေးဖွင့်တာတွေရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၃ သိန်း ၂ သောင်းကျော်ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်တော့ အနည်းငယ်ကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲကတော့ မရှိပါဘူး။ပြည်ဈေးကွက်မှာတော့တစ်တင်းကို ၄၂,၀၀၀ ပေါက်ဈေးရှိပြီးဈေးအပြောင်းအလဲမရှိပါဘူး။အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၂,၃၀၀ ကျပ်ရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။
🍃ပဲတီစိမ်း🍃
ပဲတီစိမ်းကလည်း ဒီတစ်ပတ်မှာ ဈေးတွေ မြင့်တက်လာပေမယ့် တောင်သူအများစု လက်ထဲမှာတော့ ပဲမရှိတော့ဘူးလို့ သိရပါတယ်။လတ်တလော တရုတ်ဘက်က မဝယ်ရှိတဲ့အပြင် အခြား နိုင်ငံအချို့ကလည်း ဝယ်ယူမှုရှိနေလို့ဈေးတက်နေတယ်လို့သိရပြီး အဓိက နိုင်ငံခြားပို့ကုန်ဖြစ်တဲ့အတွက် ငွေကြေးအပြောင်းအလဲကြောင့် ဈေးတွေ ပိုတက်တယ်လို့ ဆိုလို့ရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၂,၂၅၀ကနေ ၂,၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၂,၀၀၀ ကနေ ၂,၀၈၅ ကျပ်ရှိပြီး ၈၅ကျပ် ၊ပဲတီစိမ်း(ပခုက္ကူ) ကတော့ တစ်ပိဿာကို ၁,၇၃၀ ကနေ ၂,၃၃၅ ကျပ်ရှိပြီး ၈၅ကျပ် အသီးသီးဈေးတက်လာပြီး ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂,၅၀၀ ကနေ ၂,၅၈၅ နဲ့ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၀၀,၀၀၀ ကနေ ၁၁၀,၀၀၀ ပေါက်ဈေးရှိပြီးပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့တစ်အိတ်ကို ၃,၀၀၀ လောက်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၈,၀၀၀ ကနေ ၃၈,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
🌿စားတော်ပဲလုံး🌿
စားတော်ပဲလုံးကလည်း ဆက်တိုက် တက်နေပါတယ်။ လက်ကျန်လည်း မရှိတော့သလို အခြား ဈေးတက်တဲ့ပဲတွေအစား စားသုံးမှုတွေကြောင့် ပြည်တွင်းဝယ်လိုအားကလည်း မြင့်နေပါတယ်။ပြည်ပကနေ တင်သွင်းမှုကလည်းမရှိတဲ့အတွက် ပြီးခဲ့တဲ့လကတည်းက ဆက်တိုက် မြင့်တက်နေခဲ့တာပါ။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၆၆၅ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၈၀,၀၀၀ ကနေ ၂၁၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ပြည်မှာတော့ တစ်တင်းကို ၆၅,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၇၀,၀၀၀ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။ 🧄ကြက်သွန်ဖြူ🧄 ကြက်သွန်ဖြူကတော့ အဝင်တွေဆက်တိုက်ရှိနေတဲ့အတွက် ဈေးတွေက ပြန်ကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၄,၇၀၀ ကနေ ၄,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်ဖြူ(ရှမ်း)ကတော့ အဝင်ပုံမှန်ရှိပြီး အဝယ်လည်း ပုံမှန်ရှိတဲ့အတွက်ဈေးတွေကတော့ ငြိမ်နေပါတယ်။ တစ်ပိဿာကို ၂,၇၀၀ ကနေ ၃,၂၀၀ ပေါက်ဈေးရှိပါတယ်။
🍃ထန်းလျက်🍃
ထန်းလျက်ကလည်းကုန်ကြမ်းရှားပါးမှုနဲ့အတူ ဈေးတွေက ဆက်တိုက်မြင့်တက်လာခဲ့ပါတယ်။ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁,၈၀၀ ကနေ ၂,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
🌿စားအုန်းဆီ🌿
စားအုန်းဆီကတော့ ဒေါ်လာဈေးမြင့်တက်နေမှုနဲ့အတူ ဈေးတွေက ဆက်တိုက်မြင့်တက်နေပါတယ်။ နိုင်ငံရေးအခြေအနေကြောင့် သင်္ဘောအဝင်ကလည်း အများကြီးမရှိပဲ ပစ္စည်းရှားပါးမှုကြောင့်ဈေးတွေ တက်နေတယ်လို့ ဆီကုန်သည်တွေကဆိုပါတယ်။ အချို့လည်း ဈေးကစားမှုတွေကြောင့် ဈေးတွေက မတက်သင့်ပဲ တက်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။မန္တလေးဈေးကွက်မှာတော့ တစ်ပိဿာ ၃,၈၃၀ ပေါက်ဈေးရှိပြီ တစ်ပတ်အတွင်းတစ်ပိဿာကို ၁၀၀ လောက်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာလည်း တစ်ပိဿာကို ၃,၈၁၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၅ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)