menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၁၃.၉.၂၀၂၁ ) မှ (၁၇.၉.၂၀၂၁)

ဆန်၊စပါး 
----------

ဆန်တွေကတော့ လက်တလော မှာ ဈေးတွေ ဆက်တိုက် တက်နေပါတယ်။ ပြည်တွင်း စားသုံးသူ များတဲ့အတွက်ဈေးတွေက တက်နေတာဖြစ်ပြီး အသစ်တွေ ဈေးကွက်ထဲ ဝင်လာပြီ ဖြစ်တဲ့အတွက် လက်ကျန် ဆန်တွေက ဈေးတက်နေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထိ ဆန်ချောဈေးတွေက ဈေးတက်လာပြီး ဒီတစ်ပတ်မှာတော့ ဆန်ချောအနည်းငယ် နဲ့ ဆန်ကြမ်းဈေးတွေ တက်လာပါတယ်။ ရန်ကုန်ဝါးတန်းဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၅၀၀၀ ကနေ ၄၈၀၀၀ ပေါက်ဈေး ရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ဧည့်မထ ဆန်ကတော့တစ်အိတ်ကို ၂၄၀၀၀ ကနေ ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ရက် ၉၀ ဆန်ကတော့တစ်အိတ်ကို ၂၆၀၀၀ မှ ၂၈၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ဆန်သီးထပ်ကတော့ တစ်အိတ်ကို ၂၄၅၀၀ မှ ၂၅၅၀၀ပေါက် ဈေးရှိပြီးတစ်အိတ်ကို ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ပုသိမ်ဈေးကွက်မှာတော့ တစ်လနီးပါး စပါးဈေး ဆန်ဈေးတွေက ငြိမ်နေခဲ့ပြီး ကုန်စည်ဒိုင်ပြန်လည်ဖွင့် တဲ့အချိန်မှာ တော့ အမြင့်ဆုံးဈေးကို ရောက်ရှိနေပါတယ်။ 

ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၆၄၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၄၄၀၀၀ ကျပ်ရှိပါတယ်။ ပုသိမ်ဧည့်မထ(မိုး)ကတော့ တင်း ၁၀၀ ကို ၆၄၄၀၀၀ ပေါက်ဈေးရှိပြီး ဆန်က တစ်အိတ်ကို ၂၈၀၀၀ ကျပ်ရှိပါတယ်။ ဧည့်မထ (နွေ)ကတော့ တင်း ၁၀၀ ကို ၅၇၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ဆန်ကတော့တစ်အိတ်ကို ၂၆၀၀၀ ကျပ်ရှိပါတယ်။ မြောင်းမြဈေးကွက်မှာတော့ မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၀၂၅၀၀၀ ပေါက်ဈေးရှိပြီး ဆန်က တစ်အိတ်ကို ၄၄၀၀၀ ကျပ်ရှိပါတယ်။ မြောင်းမြဧည့်မထ(မိုး)က တင်း ၁၀၀ ကို ၆၉၉၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၈၅၀၀ ကျပ်ရှိပါတယ်။

ဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၆၀၃၀၀၀ပေါက်ဈေးရှိပြီး ဆန်ကတော့တစ်အိတ်ကို ၂၅၀၀၀ပေါက်ဈေးရှိပါတယ်။ ဖျာပုံဈေးကွက်မှာတော့ ဖျာပုံပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၂၈၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၄၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ဖျာပုံဧည့်မထ(မိုး)ကတော့ တင်း ၁၀၀ ကို ၆၇၁၀၀၀ ကျော်ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၈၀၀၀ ကျပ်ရှိပါတယ်။ ဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၆၄၄၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ ရှိပါတယ်။ ဈေးမဖွင့်ခင်ကာလ တစ်လ အတွင်း စပါးက တင်း ၁၀၀ ကို အနည်းငယ် ဆုံး ၅၀၀၀၀ ကနေ ၁ သိန်းကျော်အထိ ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၃၀၀၀ ကနေ ၅၀၀၀ ကြား ဈေးတက်လာပါတယ်။ 

မတ်ပဲ 
------

 မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအတက်အကျ အပြောင်းအလဲ က အများကြီးဖြစ်သွားပါတယ်။ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးပြောင်းလဲမှုကြောင့် ၂ ရက်အတွင်း တစ်တန်ကို ၇ သောင်းနီးပါးထိ ဈေးကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို ဈေးက ပြန်တက်လာပြီး လက်ရှိမှာ တစ်တန်ကို ငွေကျပ် ၁၅ သိန်း ၅ သောင်းအထိ ပေါက်ဈေးရှိနေပါတယ်။ လက်ရှိမှာ အိန္ဒိယနိုင်ငံမှာ ပဲပေါ်ချိန် မိုးအဆမတန်ရွာတဲ့အတွက် ပျက်ဆီးဆုံးရှုံးမှုတွေကြောင့် ပဲလိုအပ် ချက်က မြင့်နိုင်တယ်လို့ အိန္ဒိယ သတင်းတွေ မှာ ဖော်ပြထားပါတယ်။ ထို့ပြင် ပဲတင်သွင်းမှုကို အောက်တိုဘာ လကုန် ကနေ ဒီဇင်ဘာလကုန် အထိ သက်တမ်းတိုးပေးလိုက်တဲ့အတွက် ပဲတင်ပို့မှုက နှစ်ကုန်အထိ ဆက်သွားမှာဖြစ်ပြီး ပဲဈေးကလည်း ၂၀၂၁ နှစ်ကုန်အထိ တက်နိုင်ဦးမယ်လို့ ကုန်သည်တွေ က ခန့်မှန်းထားပါတယ်။ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၅ သိန်း ၅ သောင်း အထိ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၇ သောင်း ကျော်အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။ 

မန္တလေးဈေးကွက်မှာလည်း မတ်ပဲက သုံးတင်းဝင် တစ်အိတ်ကို ၁၅၀၀၀၀ ကနေ ၁၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၅၁၈၀၀ မှ ၅၂၀၀၀ ပါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ အောင်လံ ဈေးကွက်မှာတော့ အောင်လံ မှာတော့ ၄၉၀၀၀ ရှိပြီး ၂၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။ ပေါင်းတည်မှာတော့ တစ်တင်းကို ၅၀၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါ တယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀၀ ကျပ်ဈေး တက်လာ ပါတယ်။ 

ပဲစင်းငုံနီ 
---------

 ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပဲလက်ကျန်က လုံးဝမရှိတော့ တဲ့အတွက်ဈေးက မတ်ပဲလောက် အတက်အကျ အရမ်းများတာမျိုး မရှိပဲ ဖြည်းဖြည်းချင်းသာ ဈေးတက်ပါတယ်။ ငွေလဲလှယ်နှုန်းဈေးအပြောင်းအလဲ ကြောင့်သာ အတက်အကျရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၄ သိန်း ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တော့ တစ်တန်ကို ငွေကျပ် ၂ သောင်းကျော်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်အိတ်ကို ၁၃၅၀၀၀ ကနေ ၁၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ လောက်သာ ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၄၅၀၀ မှ ၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ လောက်သာ ဈေးတက်လာပါတယ်။ အောင်လံမှာတော့ တစ်တင်းကို ၄၄၀၀၀ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပေါင်းတည်မှာ တစ်တင်းကို ၄၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ 

နှမ်းနက်(စမုံ) 
------------

နှမ်းနက်(စမုံ)က ဒီတစ်ပတ်မှာလည်း ဈေးတက်နေပါတယ်။ အက်စစ်လွတ် ရှယ်ဈေးတွေကတော့ ဈေးကောင်းရရှိနေပါတယ်။ တရုတ်က ပြန်လည်ဝယ်ယူမှုရှိနေပြီး ဈေးကွက်ထဲ နှမ်း လက်ကျန်မရှိ တော့တဲ့အတွက်ဈေးတွေက ပြီးခဲ့တဲ့အပတ်ကတည်းက တက်နေခဲ့တာပါ။ မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၂၀၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀၀ လောက်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်အိတ် ကို အဟောင်းက ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး အသစ်ကတော့ တစ်အိတ်ကို ၁၅၀၀၀၀ ကနေ ၁၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ လောက်ဈေး တက်ပါတယ်။ ပြည်ဈေးကွက်မှာလည်း တစ်အိတ်ကို ၁၇၀၀၀၀ ကနေ ၁၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀၀ လောက်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၆၀၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၅၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။ ပန်းနှမ်း ပန်းနှမ်းကလည်း ဈေးတက်လာပါတယ်။ အဝင်မရှိတော့တဲ့အတွက်ဈေးတက်နေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ လောက်ဈေးတက်လာပါတယ်။

Sources: AMIA (Farmer Digital TV)