menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၂၇.၉.၂၀၂၁ ) မှ (၁.၁၀.၂၀၂၁)
🌿🍃🌽🥔🍃🌿🍃🥔🌽🍃🌿
မတ်ပဲ
----
မတ်ပဲကတော့ ဒီတစ်ပတ်မှာငွေကြေးဈေးတည်ငြိမ်မှုမရှိတဲ့အတွက် တစ်တန်ကိုအမြင့်ဆုံး သိန်း ၂၀ အထိ ဈေးမြင့်တက်လာခဲ့ပြီးနယ်ဈေးတွေမှာ တစ်တင်းကို ၆ သောင်းခွဲအထိ ဈေးတက်လာခဲ့ပါတယ်။ ရက်ပိုင်းအတွင်းတော့ဈေးကပြန်ကျဆင်းသွားခဲ့ပေမယ့် ဈေးကွက်အတွင်း လှုပ်လှုပ်ခတ်ခတ်တွေဖြစ်သွားပါတယ်။ အိန္ဒိယမှာတော့မတ်ပဲဈေးက ကန်ဒေါ်လာ ၉၀၀ ကနေ ၁,၀၀၀ ကြားသာပေါက်ဈေးရှိနေပြီး ပဲ ပေါ်ချိန်ဖြစ်နေတဲ့အတွက် ဈေးကလက်ရှိအတက်ဈေးနဲ့ပဲ မာနိုင်ဦးမယ်လို့သိရပါတယ်။ ထို့ပြင် မိုးကြောင့် ပဲတွေရဲ့အရည်အသွေးက ထင်သလောက်မကောင်းတဲ့အတွက် အိန္ဒိယမှာတော့ မြန်မာ့မတ်ပဲဈေးက ထင်သလောက်ကျဆင်းနိုင်ဖွယ်မရှိပါဘူး။မြန်မာ့ပြည်တွင်းငွေကြေးဈေးကျဆင်း ခြင်းကြောင့်သာ ပြည်တွင်း မတ်ပဲဈေးက မမျှော်လင့်ပဲအမြင့်ဆုံးရောက်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကိုသိန်း ၂၀ ထိ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်းတစ်တန်ကို ငွေကျပ် ၄ သိန်းနီးပါး ဈေးတက်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာလည်း မတ်ပဲက သုံးတင်းဝင်တစ်အိတ်ကို ၂၀၀,၀၀၀ အထိပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀,၀၀၀ လောက်ထိဈေးမြင့်တက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကတော့ လက်ကျန်လည်းမရှိသလို အိန္ဒိယဈေးကွက်မှာလည်းဆက်တိုက်ဈေးကျဆင်းတာဖြစ်တဲ့အတွက် ပြည်တွင်းမှာတော့ဈေးက ငွေကြေးပြောင်းလဲမှုကြောင့်သာအမြင့်ဆုံးရောက်ရှိနေတဲ့အနေအထားဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မှာ မြန်မာ့ပဲစင်းငုံနီ အပြင် အခြားနိုင်ငံက ပဲစင်းငုံနီတွေပါအဝင်ရှိနေတဲ့အတွက် မြန်မာ့ပဲစင်းငုံနီဈေးက လာမယ့်လ အတွင်းမှာ ဈေးကကျဆင်းနိုင်ခြေရှိတယ်လို့အိန္ဒိယ သတင်းတွေရဲ့ သုံးသပ်ချက်အရသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာငွေကြေးပြောင်းလဲမှုကြောင့် အမြင့်ဆုံးဈေးက တစ်တန်ကို ၁၆သိန်းထိဈေးတက်လာပေမယ့် ရက်ပိုင်းအတွင်းတစ်တန်ကို ၁၅ သိန်းထိ ဈေးကပြန်လည်ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ရက်ခြားသာအရောင်းအဝယ်ရှိပြီးတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၅၀,၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၅၀,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၈,၀၀၀ ပေါက်ဈေးရှိနေပါတယ်။
ပဲတီစိမ်း
-------
ပဲတီစိမ်းကလည်း ပြည်ပပို့ကုန်ပဲ ဖြစ်တဲ့အတွက် ဈေးကတော့တက်နေပါတယ်။ ပြည်တွင်းမှာ ပဲတွေများနေတဲ့အတွက် အခြားပဲတွေလောက်ဈေးတက်တာမျိုးမရှိပဲ ဖြေးဖြေးတက်နေတယ်လို့ ဆိုလို့ရပါတယ်။တရုတ်ကို အဓိကတင်ပို့နေတာဖြစ်တဲ့အတွက် တရုတ်တင်ပို့မှု ပုံမှန်ရှိရင်တော့ ဈေးက ကျဆင်းနိုင်ခြေမရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၂,၅၈၀ ကနေ ၂,၆၇၀ ပေါက်ဈေးရှိပြီး ၈၅ကျပ်ဈေးတက်လာပါတယ်။ ပဲတီစိမ်း (ပဲခူးရွှေဝါ) ကတော့ တစ်ပိဿာကို ၂,၅၈၀ ပေါက်ဈေးရှိပြီး ၁၆၀ ကျပ်ဈေးတက်လာပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂,၈၆၅ မှ ၂,၉၂၀ ကျပ် ပေါက်ဈေးရှိပြီး ၈၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၁၅,၀၀၀ ကနေ ၁၃၅,၀၀၀ ပေါက်ဈေး ရှိပြီးတစ်အိတ်ကို ၁၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၂,၀၀၀ ကနေ ၄၇,၀၀၀ ပေါက်ဈေးရှိပြီး ၆,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ကုလားပဲ
-------
ကုလားပဲကတော့လက်ကျန်လည်းမရှိတော့ပဲအတက်ဈေးနဲ့ပဲဈေးကွက်အတွင်းဈေးငြိမ်နေပါတယ်။ မျိုးပဲတွေသာ အရောင်းအဝယ်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာပဲ ပွဲတော်ကြောင့် ပဲဝယ်ယူမှုကလျော့နည်းနေပြီး ခွဲပဲတွေကိုသာဝယ်ယူမှုရှိနေကာ ဈေးကလည်းကျဆင်းနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၂,၀၈၀ ကနေ ၂,၁၇၀ ပေါက်ဈေးရှိပြီး ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂,၂၅၀ ကနေ ၂,၃၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်) ၊ကုလားပဲ(929)၊ကုလားပဲ(V2) ကုလားပဲ (V7)တို့ဈေးက ပုံမှန်အတိုင်းငြိမ်နေပြီး အပြောင်းအလဲက ငွေကျပ် ၁,၀၀၀ ကနေ ၂,၀၀၀ ကြားသာပြောင်းလဲမှုရှိပါတယ်။ အောင်လံဈေးကွက်နဲ့ ပြည်ဈေးကွက်တို့မှာလည်းဈေးနှုန်းကအများကြီးမပြောင်းလဲပဲ ငွေကျပ် ၁,၀၀၀ လောက်သာ အတက်အကျဈေးရှိနေပါတယ်။
ပြောင်းဆံ
--------
ပြောင်းဆံဈေးကလည်း ပြီးခဲ့တဲ့လကအထိ ဈေးကကျဆင်းသွားပေမယ့် လက်ကျန်လျော့နည်းလာတဲ့အပြင် ဝယ်ယူမှုများလာတဲ့အတွက် စက်တင်ဘာနောက်ဆုံးအပတ်ကနေ စပြီးဈေးက ပြန်တက်လာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၇၃၀ ကနေ ၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၉၀ လောက်ဈေးတက်လာပါတယ်။
နှမ်းဖြူ
-----
နှမ်းဖြူကလည်း ဈေးတက်လာပါတယ်။ ဝယ်ယူမှုကတော့ တရုတ်ကအများဆုံးဝယ်နေတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၄၅,၀၀၀ ကနေ ၁၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၀,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ ဆင်ဖြူကျွန်းမှာတော့ အထက်စက တစ်တင်းကို ၄၁,၀၀၀ ကနေ ၄၂,၀၀၀ ထိပေါက်ဈေးရှိပြီး ၂,၀၀၀ကျပ်ဈေးတက်လာပါတယ်။
အာလူး
-----
အာလူးကလည်း ပြီးခဲ့တဲ့အပတ်ကတည်းကဈေးတက်နေတာဖြစ်ပြီးတော့ ဒီတစ်ပတ်မှာလည်းဆက်ပြီးဈေးတက်လာပါတယ်။ ပြည်တွင်းဝယ်ယူမှုများပြီး ဈေးကွက်ထဲအဝင်နည်းတဲ့အတွက်ဈေးက တက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာ ကို ၉၀၀ ကနေ ၁,၆၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။
စားအုန်းဆီ
---------
စားအုန်းဆီကတော့ ဆီကုန်သည်အသင်းက ထုတ်ရောင်းပေမယ့် ပြည်တွင်းငွေလဲလှယ်နှုန်း ဈေးမြင့်တက်လာတဲ့အတွက်ကြောင့်ဈေးက မထင်မှတ်အောင်ဈေးတွေက တက်နေပါတယ်။ မန္တလေးဈေးကွက်မှာ တစ်ပိဿာကို ၅,၀၃၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၇၅၀ ကျပ် ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာလည်းတစ်ပိဿာကို ၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၃၀ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)