menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၁.၁၁.၂၀၂၁) မှ (၅.၁၁.၂၀၂၁)
🌿🌽🧅🌿🌽🌿🌽🌿🌽🧅🌿
မတ်ပဲ
-----
မတ်ပဲကတော့ ဒီတစ်ပတ်မှာဈေးငြိမ်နေရာမှသောကြာနေ့မှာတော့ဒေါ်လာဈေးတက်လာတဲ့အတွက် ဈေးတက်လာပါတယ်။ အိန္ဒိယမှာပွဲတော်ကာလမို့ဈေးတွေတက်နေပေမယ့်ပြည်တွင်းမှာတော့ ငွေလဲလှယ်နှုန်းဈေးကြောင့် ကျဆင်းနေခဲ့ပါ တယ်။အိန္ဒိယကပြီးခဲ့တဲ့(၂)လလောက်ကဖြည်လျော့ပေးလိုက်တဲ့ပဲသိုလှောင်ခွင့်အကန့်အသတ်က အောက်တိုဘာလမှာ အပြီးသတ်သွားပေမယ့် သက်တမ်းတိုးတာကို ဆက်လက် လုပ်ဆောင်တာမျိုးမရှိလို့ ပဲကုန်သည်တွေကစောင့်ကြည့်နေတဲ့အတွက်ဈေးကကျဆင်းနိုင်ခြေလည်းရှိနေတယ်လို့အိန္ဒိယကုန်သည်တွေကသုံးသပ်ထားပါတယ်။ ပြည်တွင်းမှာလည်း ပဲလက်ကျန်လျော့နည်းတာရော ဈေးတွေဆက်တိုက်ကျဆင်းသွားတာကြောင့်ရောပဲရောင်းဝယ်မှုကို စောင့်ကြည့်နေတဲ့အနေအထားရှိတယ်လို့လည်း ပဲကုန်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၄ သိန်းကျော်ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၅,၀၀၀ လောက်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင်တစ်အိတ်ကို ၁၃၀,၀၀၀ ကနေ ၁၃၅,၀၀၀ ကြားပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ ၁၀,၀၀၀ လောက်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ လောက်ဈေးတက်လာပါတယ်။ အောင်လံမှာတော့ တစ်တင်းကို ၄၃,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။အိန္ဒိယနိုင်ငံမှာလည်း အဝယ်လျော့နည်းလို့ဈေးတွေကျဆင်းသွားလို့သိရပါတယ်။ ထို့ပြင် ပဲသိုလှောင်ခွင့်ကန့်သတ်ချက်ကိုသက်တမ်းမတိုးပေးသေးတဲ့အတွက် ဝယ်ယူရေးကိုစောင့်ကြည့်နေလို့ ဈေးကလတ်တလောမှာ အကျဘက်ကိုဦးတည်နေပါတယ်။ကန့်သတ်ချက်က လာမယ့်အပတ်အတွင်းဖြေလျော့မှုတစ်စုံတစ်ရာ ရှိလာရင်တော့ ပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်။ မြန်မာနိုင်ငံကတော့ ပဲတင်သွင်းမှုက လာမယ့်ဒီဇင်ဘာလအထိ တင်သွင်းရမှာဖြစ်လို့ ပြည်တွင်းငွေကြေးအပြောင်းအလဲပေါ်မူတည်ပြီးသာ ဈေးအတက်အကျက အပြောင်းအလဲများစွာဖြစ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၂ သိန်းအောက်လျော့ကျသွားပြီး တစ်တန်ကို ၁၁ သိန်း ၆ သောင်းခွဲပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင် ၂၀,၀၀၀ ကျော်လောက်ဈေးကျဆင်းသွားပါတယ်။ မန္တလေးမှာတော့ ဈေးမဖွင့်ပါဘူး။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၆,၀၀၀ လောက်ထိ ဈေးကျဆင်းသွားခဲ့ပါတယ်။
ပြောင်းဆံ
--------
ပြီးခဲ့တဲ့အပတ်ကအထိ ဈေးဆက်တိုက်ကျဆင်းနေတဲ့ ပြောင်းဆံကတော့ ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ဝယ်ယူမှုများတဲ့အတွက် တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၆၄၀ ကနေ ၆၆၀ ပေါက်ဈေးရှိပြီး ၃၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၃၀,၅၀၀ ကနေ ၃၁,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။
ကြက်သွန်နီ
----------
ကြက်သွန်နီကပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကျဆင်းနေတာဖြစ်ပါတယ်။ ပြည်ပဝယ်ယူမှုမရှိ၍လျော့နည်းသွားတဲ့ အတွက်ကြောင့်ဈေးကပြန်ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာကြက်သွန်နီ(ဆိပ်ဖြူ၊မုံရွာ၊မြင်းခြံ၊ပုခုက္ကူ) တို့က တစ်ပိဿာကို ၂၀၀ မှ ၈၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၆၅၀ မှ ၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
နှမ်းဖြူ
------
နှမ်းဖြူကတော့ပြီးခဲ့တဲ့အပတ်ကတည်းက အတက်အကျဈေးတည်ငြိမ်မှုမရှိပဲဒီတစ်ပတ်မှာတော့ ဈေးထပ်ပြီးကျဆင်းသွားခဲ့ပါတယ်။ ဈေးကွက်ထဲအရောင်းအဝယ်အေးနေတဲ့အတွက်လည်းဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၄၀,၀၀၀ ကနေ ၁၄၅,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်နေပါတယ်။ ဆင်ဖြူကျွန်းမှာတော့နှမ်းဖြူကတစ်တင်းကို ၄၅,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။
ပန်းနှမ်း
-------
ပန်းနှမ်းကတော့လက်ရှိမှာ လက်ကျန်မရှိသလောက်ဖြစ်နေပြီး အရောင်းအ၀ယ်ကလည်း မရှိသလောက်ဖြစ်နေတဲ့အတွက်ဈေးကကျဆင်းနေခဲ့ပါတယ်။မကြာခင်အသစ်တွေထွက်လာတော့မှာဖြစ်တဲ့အတွက်ဈေးတွေကတော့တက်လာနိုင်ခြေရှိပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၈၀,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
Sources : AMIA (Farmer Digital TV)