menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၈.၁၁.၂၀၂၁) မှ (၁၂.၁၁.၂၀၂၁)
🌾🧅🥔🌽🌿🌿🌽🥔🧅🌾
🌾ဆန်၊စပါး🌾
ဆန်စပါးတွေကတော့ အသစ်တွေလည်းဈေးကွက်ထဲဝင်လာပြီဖြစ်လို့ အဟောင်းဈေးတွေက ငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာလည်း ဖျာပုံပေါ်ဆန်းနဲ့ ဒေးဒရဲပေါ်ဆန်းတို့က တစ်အိတ်ကို ၄၅,၀၀၀ကနေ ၄၈,၀၀၀ ကျပ်၊မြောင်းမြပေါ်ဆန်းက တစ်အိတ်ကို ၄၆,၀၀၀ ကနေ ၅၀,၀၀၀ ကျပ်၊နယ်စုံက တစ်အိတ်ကို ၄၃,၀၀၀ ကနေ ၄၆,၀၀၀ ကျပ်၊ရွှေဘိုပေါ်ဆန်းကတော့ တစ်အိတ်ကို ၅၂,၀၀၀ ကနေ ၅၉,၀၀၀ ကျပ် အသီးသီးပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကတော့ တစ်အိတ်ကို ၂၄,၅၀၀ ကနေ ၂၅,၅၀၀ ကျပ်၊ငစိန်ကတော့ တစ်အိတ်ကို ၂၃,၀၀၀ မှ ၂၄,၀၀၀ ကျပ်၊ရက် ၉၀ ကတော့တစ်အိတ်ကို ၂၇,၀၀၀ ကနေ ၂၉,၀၀၀ကျပ်၊သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၂၅,၀၀၀ မှ ၂၅,၅၀၀၊ဧည့်မထ ၂၅ မှတ်ကတော့ တစ်အိတ်ကို ၂၂,၅၀၀ ကနေ ၂၃,၀၀၀ ကျပ် အသီးသီးပေါက်ဈေးရှိပါတယ်။
ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပြီးခဲ့တဲ့နှစ်စပါးဈေးဆန်ဈေးတွေကဈေးငြိမ်နေပြီး အသစ်တွေကတော့ဈေးကွက်ထဲ စပြီးဝင်လာပါတယ်။ ပုသိမ်ဈေးကွက်မှာတော့ ဧည့်မထ(မိုး)(၂၀၂၂)စပါးက တင်း ၁၀၀ ကို ၆၄၄,၀၀၀ နဲ့ ဈေးဖွင့်ထားပြီး ဆန်ကတော့ တစ်အိတ်ကို ၂၃,၀၀၀ကျပ် ရှိပါတယ်။မြောင်းမြကတော့ တင်း ၁၀၀ ကို ၆၅,၃၂၀၀ ပေါက်ဈေးရှိပြီးဆန်ကတော့ မထွက်သေးပါဘူး။အခြားမြို့နယ်တွေဖြစ်တဲ့ ကန်ကြီးတောင့်၊ကျုံပျော်၊ ရေကြည်၊ကျောင်းကုန်း၊ ဇလွန်၊ ဝါးခယ်မ၊ညောင်တုန်း၊ပန်းတနော်တို့မှာတော့ ဧည့်မထ(မိုး) အသစ်က စပါးတင်း ၁၀၀ ကို ၅၃၀,၀၀၀ ကနေ ၆၁၀,၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။ ဆန်ကလည်း တစ်အိတ်ကို အနိမ့်ဆုံးဈေး ၂၁,၅၀၀ ကနေ ၂၄,၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။
🧅ကြက်သွန်နီ🧅
ကြက်သွန်နီကတော့ဒီတစ်ပတ်မှာလည်းဈေးကျဆင်းပါတယ်။ ပြည်ပအဝယ်မရှိလို့ ဈေးတွေပြန်ကျဆင်းသွားတာပါ။အရည်အသွေးညံ့လို့ ဘဂ်လားဒေ့ရှ်ဘက်က ဝယ်ယူမှုကိုရပ်တန့်လိုက်တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၁၇၅ ကျပ်ကနေ ၈၀၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၂၅ ကျပ်လောက် ထပ်ပြီးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၆၂၅ ကျပ်ကနေ ၇၅၀ ကြားပေါက်ဈေးရှိပြီး ၅၀ ကျပ်လောက်ဈေးကျဆင်းပါတယ်။ လက်ရှိမှာ အရည်အသွေးညံ့တဲ့အတွက်ကြောင့် ကြက်သွန်နီဝယ်ယူမှုကတန့်သွားခဲ့ပြီး ကုန်သည်တွေကလည်း ဈေးချဝယ်ယူမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။
🥔အာလူး🥔
အာလူးတွေအဝင်များလို့ဈေးတွေ ရုတ်တရက်ပြန်ကျဆင်းသွားပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက ပြန်တက်လာပါတယ်။ အဝင်နည်းလို့ဈေးတက်နေတာဖြစ်ပြီးဈေးကတော့ ပြန်အေးနိုင်တယ်လို့ကုန်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁,၅၀၀ ကနေ ၂,၃၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာ ပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၉၀၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။
🌽စီပီပြောင်း🌽
စီပီပြောင်းကတော့ ဒီတစ်ပတ်မှာဈေးပြန်တက်လာပါတယ်။ တရုတ်က ဂိတ်တွေပြန်လည်ဖွင့်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဈေးတက်လာတာဖြစ်သလို ထိုင်းတင်ပို့မှုကလည်း ပြန်ကောင်းလာတဲ့အတွက်ဈေး တွေတက်နေတာဖြစ်ပါတယ်။ ပြောင်းက လက်ရှိအသစ်တွေက ဈေးကွက်ထဲဆက်တိုက် ဝင်နေတာဖြစ်တဲ့အတွက် ငွေကြေးပြောင်းလဲမှုသိသိသာသာမရှိရင်တော့ အနည်းငယ်သာ ဆက်ပြီးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ပါတယ်။ မန္တလေးဈေးကွက်မှာ စီပီပြောင်းကတစ်အိတ်ကို ၃၁,၅၀၀ ကနေ ၃၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ လောက်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၁၁,၀၀၀ လောက်ပေါက်ဈေးရှိပြီး ၁,၀၀၀လောက် ဈေးတက်လာပါတယ်။
🌿နှမ်းနက်(စမုံ)🌿
နှမ်းနက်(စမုံ)ကတော့ ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ တရုတ်တင်ပို့မှုလည်းရှိနေပြီးဈေးကွက်ထဲ လက်ကျန်လျော့နည်းလာလို့ဈေးတက်လာတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၃၀,၀၀၀ ကနေ ၂၆၅,၀၀၀ထိအမြင့်ဆုံးဈေးတက်လာပြီးတစ်ပတ်အတွင်းတစ်အိတ်ကို ၂၅,၀၀၀ လောက်ဈေးတက်ပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်အိတ်ကို ၁၇၀,၀၀၀ ကနေ ၂၁၀,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ်ဈေးတက် လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်အိတ်ကို ၁၈၀,၀၀၀ ကနေ ၂၀၀,၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၇၅,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ လောက်ဈေးတက်ပါတယ်။
Sources : AMIA (Farmer Digital TV)