menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၁၅.၁၁.၂၀၂၁ မှ ၁၉.၁၁.၂၀၂၁)
🌿🧅🌱🌿🌿🧅🌱🌿🌿🧅🌱🌿
မတ်ပဲ
-----
မတ်ပဲကတော့ ဒီတစ်ပတ်မှာဈေးအတက်အကျရှိနေပေမယ့် ငွေကြေးဈေးအပြောင်းအလဲနဲ့ ဆက်စပ်နေတာဖြစ်လို့ သောင်းဂဏန်းလောက်အတက်အကျရှိနေခဲ့ပါတယ်။ ပဲဈေးကွက်အတွင်း လှုပ်ခတ်လောက်အောင်ထိ အပြောင်းအလဲမရှိသေးပဲ လက်ရှိ တစ်တန်ကို ၁၄ သိန်း ပတ်ချာလည် နဲ့ အတက်အကျရှိနေခဲ့တာလည်းဖြစ်ပါတယ်။ပဲတင်သွင်းခွင့်က ဒီဇင်ဘာလအထိတင်သွင်းခွင့်ရနေတာဖြစ်လို့ ရာသီဥတုမမှန်တဲ့ အိန္ဒိယရဲ့အဝယ်က ဆက်ပြီး ရှိလာဦးမယ်လို့ ကုန်သည်တွေကသုံးသပ်ထားပါတယ်။ မတ်ပဲ(FOC)ဈေးက တစ်တန်ကိုဒေါ်လာ ၇၉၅ ကနေ ၈၁၅ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၄ သိန်း ထိ တက်လာပေမယ့် (၂) ရက်အတွင်း ဈေးကပြန်ကျဆင်းသွားပါတယ်။ ပွဲတော်ရုံးပိတ်ရက်ဖြစ်လို့ ဈေးကလည်း မငြိမ်ပါဘူး။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၃၂,၀၀၀ ပေါက်ဈေးရှိနေပြီး ၃,၀၀၀ လောက်ဈေး ကျဆင်းပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅,၀၀၀ ကနေ ၄၅,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ လောက်ဈေးတက်လာပါတယ်။ အောင်လံမှာတော့ တစ်တင်းကို ၄၄,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာဈေးအပြောင်းအလဲမရှိပဲဈေးငြိမ်နေခဲ့ပါတယ်။ အတက်အကျကလည်း ထောင်ဂဏန်းလောက်သာ ရှိနေပါတယ်။ ပဲစင်းငုံနီ(FOC) ဈေးက တစ်တန်ကို ၆၅၅ ဒေါ်လာ ကနေ ၆၇၅ ပေါက်ဈေးရှိပြီး အပြောင်းအလဲမရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၁ သိန်း ၆ သောင်း ခွဲ ပေါက်ဈေးရှိနေပြီးပြီးခဲ့တဲ့အပတ်ကအတိုင်းဈေးပြောင်းလဲမှုမရှိပါဘူး။မန္တလေးမှာတော့လက်ရှိအချိန်ထိဈေးဖွင့်ခြင်းမရှိသေးပါဘူး။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၃,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲမရှိပါဘူး။ ဈေးကတော့ဖွင့်ထားပေမယ့် ပစ္စည်းမရှိတော့တဲ့အတွက်ကြောင့် အရောင်းအဝယ်ကတော့ မရှိဘူးလို့ သိရပါတယ်။
ကြက်သွန်နီ
----------
ကြက်သွန်နီက ဒီတစ်ပတ်မှာလည်း ဈေးက ထပ်ပြီးကျဆင်းသွားပါတယ်။လက်ရှိမှာ နွေကြက်သွန်တွေက ဈေးကွက်ထဲကိုဆက်တိုက်ဝင်နေပြီးယခုဈေးထက်လျော့ကျသွားနိုင်တဲ့အတွက် တောင်သူတွေ အများအပြား ရောင်းနေလို့ ဈေးတွေက ကျဆင်းသွားတယ်လို့သိရပါတယ်။ဘဂ်လာဒေ့ရှ် ကို တင်သွင်းရောင်းချမှုကတော့ ပြီးခဲ့အပတ်က အရည်အသွေးကြောင့် ဈေးကွက်အတွင်း တန့်သွားပေမယ့် လက်ရှိမှာတော့ ပြန်လည်ဝယ်ယူနေတယ်လို့သိရပါတယ်။ ကုန်သည်တွေကတော့ လက်ရှိရောင်းချနေတဲ့ကြက်သွန်နီတွေက နွေကြက်သွန်တွေဖြစ်ပြီး စိုက်စရိတ်ရှုံးတဲ့အတွက်ကြောင့် မိုးကြက်သွန်ကို စိုက်ပျိုးမှုလျော့ချလိုက်တဲ့အတွက် ဈေးကွက်အတွင်း ပစ္စည်းရှားပါးမှုတွေကြုံလာနိုင်ပြီး ဈေးတွေ တက်လာနိုင်သေးတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၂၀၀ ကျပ်ကနေ ၇၀၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၀၀ ကျပ် ထပ်ပြီးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅၇၀ ကျပ်ကနေ ၇၅၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်လောက်ဈေးကျဆင်းပါတယ်။
သကြား
------
သကြားဈေးကလည်း အဓိကပြည်ပတင်ပို့နေတာဖြစ်တဲ့အတွက်ကြောင့်ငွေဈေးအတက်အကျ ပေါ်မူတည်ပြီး ဈေးတွေလည်းပြန်ပြီးကျဆင်းလာပါတယ်။ ရန်ကုန်ဈေးကွက်မှာ သကြား(ပြည်တွင်း)ဈေးက တစ်ပိဿာကို ၁,၉၀၀ ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ သကြား(ယိုးဒယား)ကတော့ တစ်ပိဿာကို ၁,၉၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးကျဆင်း သွားပါတယ်။
ပန်းနှမ်း
------
ပန်းနှမ်းကလည်း ပြီးခဲ့တဲ့လ အထိ တောက်လျှောက်ဈေးတွေကျဆင်းနေခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ပစ္စည်းတွေ ဈေးကွက်ထဲကိုပြန်ဝင်လာပြီး အရောင်းသွက်နေလို့ ဈေးတက်နေတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ သုံးတင်းဝင်တစ်အိတ်ကို ၈၀,၀၀၀ ကနေ ၈၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ကို ၂,၀၀၀ လောက်ဈေးတက်လာပါတယ်။
နှမ်းညို
-----
နှမ်းညိုကလည်း ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ အဝယ်များနေတဲ့အတွက်ဈေးတက်နေတာဖြစ် ပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၂၂,၀၀၀ ကနေ ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)