menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်” (၃.၁.၂၀၂၂) မှ (၇.၁.၂၀၂၂)
🌿🍃🥔🍃🌿🥔🌿🍃🥔🍃🌿
🌿မတ်ပဲ🌿
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကတက်လာခဲ့ပါတယ်။ ဒေါ်လာဈေးတွေ ပြန်လည်မြင့်တက်လာတဲ့အတွက်ကြောင့် ဈေးကတက်လာတာဖြစ်ပြီး ကြားထဲမှာ အနိမ့်ဈေးနဲ့ပဲ အချိန်ကြာမြင့်စွာ ငြိမ်နေခဲ့ပါတယ်။ အိန္ဒိယကို တင်ပို့မှုက လာမယ့် ၃ လပိုင်းအကုန် အထိ တင်ပို့ဖို့ ထုတ်ပြန်ခဲ့ပြီး နောက်မှာ ဈေး က အနည်းငယ် ပြန်လည်လှုပ်ခပ်ခဲ့ပေမယ့် အိန္ဒိယမှာတော့ ပြည်တွင်း မတ်ပဲ ထွက်ရှိတော့မှာ ဖြစ်လို့ မြန်မာ့မတ်ပဲ ဝယ်ယူမှုကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၃ သိန်းကျော်ပေါက်ဈေးရှိခဲ့ပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂ သောင်းကျော်လောက်ဈေးတက်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၂၅,၀၀၀ ကနေ ၁၂၆,၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျော်လောက်ဈေးတက်လာပါတယ်။ အတန်ကြာ ပိတ်ထားခဲ့တဲ့ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၄၁,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ လောက်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေး တက်လာပါတယ်။ အသစ်တွေကလည်း ဈေးကွက်ထဲကို အနည်းငယ်ဝင်လာပြီဖြစ်လို့ ဈေးကတော့ လက်ရှိပေါက်ဈေးထပ် တက်နိုင်ခြေမရှိဘူးလို့လည်း ကုန်သည်တွေက သုံးသပ်ထားပေမယ့် ကျဆင်းနိုင်ခြေလည်း လက်တလော မရှိသေးလို့ ဆိုပါတယ်။
🍃ပဲစင်းငုံနီ🍃
ပဲစင်းငုံနီက ဈေးငြိမ်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၁၃ သိန်း နီးပါးအထိ ရုတ်တရက်ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယက ဈေးကျဆင်းနေတဲ့ ပဲစင်းငုံနီကို အများအပြားဝယ်ယူလာလို့ဈေး က တက်လာခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ အဟောင်းတွေက လက်ကျန်အနည်းငယ်သာ ရှိနေပြီး အသစ်တွေက ဈေးကွက်ထဲ အဝယ်သွက် အရောင်းသွက်နေတယ်လို့လည်း ကုန်သည်တွေ ထံကနေ သိရပါတယ်။ ပဲစင်းငုံနီကို လာမယ့် မတ်လ အထိ တန်ချိန် ၁ သိန်းဝယ်ယူဖို့ သက်တမ်းတိုးခဲ့ပြီး ဈေးကတော့ အများကြီး ကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ထားပေမယ့် အသစ်တွေက ဆက်တိုက် ဈေးကွက်ထဲ ဝင်ရောက်လာပြီဖြစ်လို့ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၂ သိန်း ၈ သောင်း ကျော်အထိ ဈေးတက်လာခဲ့ပြီး တစ်ပတ် အတွင်း တစ်တန်ကို ၁၂၀,၀၀၀ ကျော်ဈေးတက်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၀,၀၀၀ လောက်ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂ သောင်းနီးပါး ဈေးတက်လာခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၉,၅၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျော်ဈေးတက်လာပါတယ်။ အောင်လံမှာလည်း တစ်တင်းကို ၃၉,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်မှာတော့ တစ်တင်းကို ၃၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
🌿စွန်တာပဲ🌿
စွန်တာပဲအသစ်တွေ ဈေးကွက်ထဲဝင်ရောက်လာပြီး လက်ရှိအဟောင်းလက်ကျန်တွေက ရန်ကုန်ဈေးကွက်မှာ ဈေးအနည်းငယ်တက်လာပေမယ့် မန်းဈေးကွက်မှာတော့ ဈေးကကျဆင်းသွား ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အတန်ကြာဈေးငြိမ်နေတဲ့ စွန်တာနီပြာ က တစ်ပိဿာကို ၂,၁၃၀ ကနေ ၂,၁၇၀ ပေါက်ဈေးရှိပြီ တစ်ပိဿာကို ၁၀၀ ကျော်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ စွန်တာ(ရိုးရိုး)က တစ်အိတ်ကို ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ စွန်တာ(ကသဲ)ကတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
🍃ပဲလွန်း🍃
ပဲလွန်းဖြူ၊ ပဲလွန်းပြာတို့က ဈေးကွက်ထဲအသစ်တွေ ဝင်ရောက်လာပြီး ဈေးတွေ အနည်းငယ်ကျဆင်းသွား ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူ(ပဲခူး)က တစ်ပိဿာကို ၂,၃၆၅ ကနေ ၂,၄၂၀ ပေါက်ဈေးနဲ့ဈေးငြိမ်နေခဲ့ပြီး ပဲလွန်းဖြူ(မြစ်ဝကျွန်းပေါ်)ကတော့ တစ်ပိဿာကို ၂,၀၀၀ ကနေ ၂,၀၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၅ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲလွန်းဖြူက တစ်အိတ်ကို ၁၁၅,၀၀၀ ကနေ ၁၁၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပဲလွန်းပြာကတော့ တစ်အိတ်ကို ၉၂,၀၀၀ ကနေ ၉၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ပခုက္ကူမှာတော့ ပဲလွန်းပြာက တစ်တင်းကို ၃၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
🥔အာလူး🥔
အာလူးကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ တရုတ်အာလူးတွေ ဈေးကွက်ထဲ ပြန်လည်ဝင်ရောက်လာပြီး ပြည်တွင်းအာလူးတွေလည်း အဝင်အနည်းငယ်များလာလို့ ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူးက တစ်ပိဿာကို ၁,၈၀၀ ကနေ ၂,၂၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
🌿နှမ်းဖြူ🌿
နှမ်းဖြူကတော့ ဈေးတက်လာပါတယ်။ အဝင်နည်းလို့ ဈေးတက်လာတာဖြစ်ပြီး တရုတ်က ဝယ်ယူမှု ရှိနေတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၃၇,၀၀၀ ကနေ ၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂,၀၀၀ ကျပ်ဈေး တက်လာပါတယ်။ အောင်လံမှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။
🍃နှမ်းညို🍃
နှမ်းညိုကတော့ အသစ်ရောအဟောင်းရောဈေးတက်လာပါတယ်။ အဝယ်များလို့ ဈေးကောင်းရရှိနေတာလည်း ဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ အသစ်က တစ်အိတ်ကို ၁၂၂,၀၀၀ ကနေ ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်ဈေးတက်လာကာ အဟောင်းကတော့ တစ်အိတ်ကို ၁၁၈,၀၀၀ ကနေ ၁၁၉,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ကျပ် ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)