menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၂၄.၁.၂၀၂၂ မှ ၂၈.၁.၂၀၂၂)


🌿🌽🍃🌽🍀🌽🍀🌽🍃🌽🌿

🌿မတ်ပဲ🌿

 မတ်ပဲကတော့ ဒီတစ်ပတ်မှာဈေးက ပြန်ကျဆင်းသွားပါတယ်။ အိန္ဒိယဈေးကွက်မှာ ပဲခွဲစက်သမားတွေ အဝယ်လျော့နည်းလာလို့ ဈေးကကျဆင်းသွားတာဖြစ်ပြီး မြန်မာပြည်တွင်းက တင်ပို့မှု တွေကလည်း များနေလို့ ထိန်းဝယ်မှုတွေရှိနေတယ်လို့သိရပါတယ်။ အိန္ဒိယမှာ ရာသီဥတုဆိုးရွားမှုမရှိရင် ပဲဈေးက လက်ရှိအကျဈေးနဲ့ပဲ ဆက်သွားနိုင်ခြေရှိတယ်လို့လည်း ကုန်သည်အများစုကသုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၃ သိန်းအောက်ထိ ရောက်ရှိသွားပြီး ပြီးခဲ့တဲ့အပတ် နဲ့ယှဉ်ရင် တစ်တန်ကို ၅ သောင်းကျော်လောက်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၉,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၉,၅၀၀ ပေါက်ဈေးရှိပြီး ၃,၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၄၂၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

🍃ပဲစင်းငုံနီ🍃

 ပြီးခဲ့တဲ့အပတ်က ဈေးတွေ ဆက်တိုက်တက်နေခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ဈေးတွေက ပြန်ကျဆင်းသွားပါတယ်။ ပြည်တွင်း အဝင်တွေက ဆက်တိုက်များနေပြီး အိန္ဒိယနိုင်ငံမှာလည်း ထိန်းဝယ်မှုကြောင့် ပြည်တွင်းမှာပါမက အဓိကတင်ပို့နေတဲ့ အိန္ဒိယနိုင်ငံမှာလည်း ဈေးကကျဆင်းနေခဲ့ ပါတယ်။ အသစ်တွေကဆက်တိုက် ဝင်နေတာဖြစ်တဲ့အတွက် ပဲစင်းငုံနီက လက်ရှိဈေးထက် ကျဆင်းနိုင်ပေမယ့် ၃ လပိုင်းကုန်အထိ တင်ပို့ရမှာဖြစ်လို့ ဈေးကအရမ်းကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။ ဒါပေမယ့် ယခုဈေးထပ်ကျဆင်းနိုင်မှာစိုးတဲ့အတွက် တောင်သူတွေ ထုတ်ရောင်းနိုင်တာကြောင့် ဈေးကပိုကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းမှုတွေရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၃ သိန်း ၃ သောင်းပေါက်ဈေးရှိပြီး တစ်တန်ကို ၅ သောင်း ကျော် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၁,၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၂၀၀ ကျပ်ဈေး ကျဆင်းသွား ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၀,၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၁,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

🍀ထောပတ်ပဲ🍀

 ထောပတ်ပဲကတော့ဈေးတက်လာပါတယ်။ အသစ်ကဈေးကောင်းနေပါတယ်။ရန်ကုန်ဈေးကွက်မှာ တော့ ဈေးငြိမ်နေတာ ၂ လနီးပါးရှိနေပါပြီ။ တစ်ပိဿာကို ၂,၇၀၀ ကနေ ၂,၈၃၀ ပေါက်ဈေးရှိနေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲထောပတ်(ကြီး)က တစ်အိတ်ကို ၁၆၀,၀၀၀ ကနေ ၁၆၅,၀၀၀ ပေါက်ဈေးရှိ ပြီး တစ်အိတ်ကို ၁၅,၀၀၀ ကျပ်၊ ပဲထောပတ်(လတ်)က တစ်အိတ်ကို ၁၃၅,၀၀၀ ကနေ ၁၅၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၅,၀၀၀ ကျပ်၊ ပဲထောပတ်(သေး)ကတော့ တစ်အိတ်ကို ၁၂၅,၀၀၀ ကနေ ၁၃၀,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၀၀၀ ပေါက်ဈေးရှိပါတယ်။မကွေးဈေးကွက်မှာလည်း တစ်တင်းကို ၂၉,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

🌽ပြောင်းဆံ🌽

 ပြောင်းဆံဈေးတွေလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ တရုတ် ဘက်ကို ပြန်တင်ပို့မှုရှိလာတဲ့ အတွက်ဈေးတွေ တက်လာနေပြီး ထိုင်းဘက်ကိုလည်းပုံမှန်တင်ပို့မှုရှိနေလို့ ဈေးက အနည်းငယ်တက်လာတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံက တစ်ပိဿာကို ၇၈၀ ကနေ ၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်နေတာလည်း ဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၃၇,၀၀၀ ကနေ ၃၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

🌿နှမ်းမျိုးစုံ🌿

 နှမ်းမျိုးစုံကတော့ ဒီတစ်ပတ်မှာဈေးတွေပြန်ကျဆင်းသွားပါတယ်။ နှစ်ကူးကြောင့် အဝယ်တွေ ခဏနားထားတဲ့အတွက်ကြောင့် ဈေးတွေ အနည်းငယ်ပြန်ကျဆင်းသွားတာလို့သိရပါတယ်။

🌿နှမ်းနက်(စမုံ)🌿

 မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၁၆၅,၀၀၀ ကနေ ၂၁၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၅,၀၀၀ ကနေ ၇၃,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်အိတ်ကို ၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ ပေါက်ဈေးရှိပါတယ်။

🌿နှမ်းဖြူ🌿

 မန္တလေးဈေးကွက်မှာလည်း နှမ်းဖြူက တစ်အိတ်ကို ၁၅၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၄၈,၀၀၀ ကနေ ၅၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

🌿နှမ်းညို🌿

 နှမ်းညို က မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၂၃,၀၀၀ ကနေ ၁၂၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၁,၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

Sources : AMIA (Farmer Digital TV)