menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၂၈.၃.၂၀၂၂ မှ ၁.၄.၂၀၂၂)
🌿🍀☘️🧄🥔🥔🧄☘️🍀🌿
🌿ပဲတီစိမ်း🌿
ပဲတီစိမ်းက ဆက်တိုက်မြင့်တက်နေရာမှ ဒီတစ်ပတ်မှာတော့ပြန်ကျဆင်းသွားပါတယ်။ ပဲမျိုးစုံ ဈေးကလည်းလျော့ကျသွားတဲ့အတွက် စောင့်ကြည့်ဝယ်ယူမှုတွေကြောင့်ဈေးကျဆင်းပြီး အဝယ်အေးသွားတာဖြစ်တယ်လို့လည်း ကုန်သည်တွေထံကနေသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ) က တစ်ပိဿာ ၂,၆၃၀ ကနေ ၂,၆၇၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ) ကတော့ တစ်ပိဿာကို ၂,၄၁၅ ကနေ ၂,၅၃၅ ကျပ် ပေါက်ဈေးရှိပြီး ၈၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)ကတော့တစ်ပိဿာကို ၂,၀၈၀ ကနေ ၂,၁၀၀ ပေါက်ဈေးရှိကာ တစ်ပိဿာကို ၁၀၀ ကျပ်အသီးသီး ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၀၇,၀၀၀ ကနေ ၁၃၈,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၀၀၀ ကနေ ၄၄,၀၀၀ ပေါက်ဈေးရှိနေပြီး ၂,၀၀၀ ကျပ်ဈေး တက်လာပါတယ်။
🍀ကုလားပဲ🍀
ကုလားပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးအနည်းငယ်ထပ်ပြီးကျဆင်းပါတယ်။ ပဲလှိုင်နေပေမယ့် အဝင် နည်းနေလို့ ဈေးက အများကြီး ကျဆင်းသွားတာမျိုးမရှိဘူးလို့လည်းသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၂,၁၆၅ ကနေ ၂,၂၅၀ ပေါက်ဈေးရှိပြီး ၃၀ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံး ဖြူကြီးက တစ်ပိဿာကို ၂,၃၃၀ မှ ၂,၃၇၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (V2) ကအသစ်က တစ်အိတ်ကို ၁၃၀,၀၀၀ ကနေ ၁၃၀,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၅၀၀ ကျပ်၊ ကုလားပဲ (V7)က ၁၂၈,၀၀၀ မှ ၁၂၉,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)က ၁၂၂,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ ကုလားပဲ(929)က ၁၂၄,၀၀၀ ပေါက်ဈေးရှိပြီး၁,၅၀၀ကျပ် အသီးသီးဈေးတွေကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲ(929)က တစ်တင်းကို ၄၀,၉၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်၊ ကုလားပဲ (V2)က ၄၂,၈၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
☘️ပဲကြီး☘️
ပဲကြီးကတော့ ရန်ကုန်ဈေးကွက်မှာ အနည်းငယ်ပြန်ကျဆင်းသွားပေမယ့် နယ်ဈေးကွက်မှာတော့ အဝင်နည်းလို့ဈေးက ပြန်တက်လာပါတယ်။ အရည်သွေးကောင်းတဲ့ပဲတွေကတော့ ဈေးကောင်းရရှိနေပြီး အသစ်ထွက်ချိန် မိုးရွာတဲ့အတွက်ကြောင့် ပျက်စီးမှုရှိတဲ့ ပဲတွေကတော့ ဈေးလျော့နည်းနေတယ်လို့ ကုန်သည်တွေထံကနေသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း၊ရွှေကျွန်း)က တစ်ပိဿာကို ၃,၀၉၅ မှ ၃,၇၁၅ကျပ် ပေါက်ဈေးရှိပြီ တစ်ပိဿာကို ၃၅ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲကြီး (ကြီး၊လတ်၊သေး)က တစ်အိတ်ကို ၁၆၀,၀၀၀ ကနေ ၁၉၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၅၇,၀၀၀ ကနေ ၆၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေး တက်လာပါတယ်။
🌿ထောပတ်ပဲ🌿
ထောပတ်ပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီးတော့ နယ်ဈေးကွက်မှာတော့ အဝင်နည်းလို့ ဈေးက အနည်းငယ်တက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂,၃၈၀ ကနေ ၂,၅၈၅ ပေါက်ဈေးရှိပြီး အတက်ဈေးနဲ့ ဈေးငြိမ်နေတာ ဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ထောပတ်ပဲ (ကြီး၊လတ်၊သေး)က တစ်အိတ်ကို ၁၂၆,၀၀၀ ကနေ ၁၃၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ လောက်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅,၂၀၀ ကျပ်ဈေး တက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ကျပ်ဈေး တက်လာပါတယ်။
🧄ကြက်သွန်ဖြူ🧄
ပြီးခဲ့တဲ့အပတ်ကအထိ ဈေးတွေဆက်တိုက်ကျဆင်းသွားတဲ့ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီတစ် ပတ်မှာ အဝယ်ပြန်လိုက်လာလို့ ဈေးက ပြန်တက်လာခဲ့ပါတယ်။ တရုတ်ဘက်ကအဝင်လည်းလျော့နည်း နေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅,၂၀၀ ကနေ ၅,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ လောက်ဈေးပြန်တက်လာခဲ့ပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
🥔အာလူး🥔
ဈေးတွေ ဆက်တိုက်ကျဆင်းနေခဲ့တဲ့အာလူးကတော့ ဒီတစ်ပတ်မှာ ဈေးတွေပြန်တက်လာခဲ့ပါတယ်။ တရုတ်အာလူးတွေ အဝင်နည်းနေပြီး ဒေသရှမ်းအာလူးတွေ အဝယ်များနေလို့ ဈေးကအနည်းငယ်ပြန် တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၃၅၀ကနေ ၁,၈၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)