menu

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၂၃.၅.၂၀၂၂ မှ ၂၇.၅.၂၀၂၂)


🌾🌿🍀☘️🌱🌱☘️🍀🌿🌾

ဆန် စပါး
-------

ပြီးခဲ့တဲ့တစ်ပတ်က ဈေးအနည်းငယ်ကျဆင်းခဲ့တဲ့ဆန်ဈေးက ဒီတစ်ပတ်မှာတော့ ဈေးငြိမ်နေပါတယ်။ ဆန်အဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်အေးနေတယ်လို့သိရပါတယ်။ ရန်ကုန်ဝါးတန်းဈေးကွက်မှာ မြောင်းမြပေါ်ဆန်းဆန်က တစ်အိတ်ကို ၅၁,၀၀၀ ကနေ ၅၃,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းဆန်က တစ်အိတ်ကို ၄၈,၀၀၀ ကနေ ၅၀,၀၀၀ ကျပ်၊ နယ်စုံက တစ်အိတ်ကို ၄၇,၀၀၀ ကနေ ၄၈,၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၅၃,၀၀၀ ကနေ ၆၃,၀၀၀ ကျပ်၊ ဧည့်မထ ဆန်က တစ်အိတ်ကို ၂၉,၅၀၀ ကနေ ၃၀,၅၀၀ ကျပ်၊ ငစိန်က တစ်အိတ်ကို ၂၇,၅၀၀ ကနေ ၂၈,၅၀၀ ကျပ်၊ မြီးဒုံးဆန်က တစ်အိတ်ကို ၃၉,၀၀၀ ကနေ ၄၀,၅၀၀ ကျပ် အသီးသီးပေါက်ဈေးရှိနေပါတယ်။

နယ်ဈေးကွက်တွေမှာတော့ စပါးဈေး အနည်းငယ်မြင့်တက်နေပြီး အရောင်းအဝယ်လည်းသွက်နေတယ် လို့သိရပါတယ်။ လက်ရှိမှာတော့ တရုတ်ကို ပြန်လည်တင်ပို့မှုတွေပြုလုပ်နေပြီး ဈေးကောင်းရရှိနေတယ် လို့လည်းသိရပါတယ်။ ဆန်ဈေးကတော့ ပြည်တွင်းမှာ ယခုနှစ်အထွက်နှုန်းလျော့နည်းနိုင်ပြီး တင်ပို့မှုလည်းပိုလာနိုင်လို့ ဈေးကတော့ကောင်းလာနိုင်တယ်လို့ ဆန်ကုန်သည်တွေက ခန့်မှန်းထားပါတယ်။

ကုလားပဲ
-------

ကုလားပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးကမြင့်တက်လာပါတယ်။ အဓိက ပြည်ပတင်ပို့နေတဲ့ ကုလားပဲတွေက ပိုဈေးတက်နေပြီးအချို့အမျိုးအစားတွေကတော့ အနည်းငယ်မြင့်တက်နေတာ ဖြစ်တယ်လို့သိရပါတယ်။ အထွက်နည်းတဲ့အတွက် ဝယ်ယူမှုများနေပြီး ဈေးကောင်းရရှိနေတာဖြစ် ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၂,၃၀၀ ကနေ ၂,၃၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂,၅၅၀ ကနေ ၂,၅၈၅ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၃,၁၀၀ ကနေ ၃,၃၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲV2က တစ်အိတ်ကို ၁၄၈,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်၊ V7ကတော့ တစ်အိတ်ကို ၁၅၄,၀၀၀ ကနေ ၁၅၅,၀၀၀ ပေါက်ဈေး ရှိပြီး ၄,၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉ ကတော့ တစ်အိတ်ကို ၁၃၈,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)ကတော့ တစ်အိတ်ကို ၁၃၄,၀၀၀ ကနေ ၁၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။ 

မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်) က တစ်တင်းကို ၄၅,၅၀၀ ပေါက်ဈေးရှိပြီး ၂,၅၀၀ ကျပ်၊ ကုလားပဲ ၉၂၉ က တစ်တင်းကို ၄၆,၅၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ် ၊ ကုလားပဲV2 က တစ်တင်းကို ၄၉,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးဈေးကွက်မှာတော့ ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၄၄,၂၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်၊ ကုလားပဲ၉၂၉ ကတော့ ၄၅,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ် ဈေးတက်လာပြီး ကုလားပဲသေးကတော့ တစ်တင်းကို ၄၂,၀၀၀ ပေါက်ဈေးနဲ့ဈေးငြိမ်ပါတယ်။ ပဲခူးတိုင်းပေါင်းတည်ဈေးကွက်မှာတော့ ကုလားပဲဟော်လန်က တစ်တင်းကို ၄၆,၅၀၀ ကနေ ၄၇,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ ကုလားပဲ (ဗီတူး)က တစ်တင်းကို ၅၁,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်၊ ၉၂၉ ကတော့ တစ်တင်းကို ၄၈,၀၀၀ ကနေ ၄၈,၅၀၀ ပေါက်ဈေးရှိပြီး ၂,၅၀၀ ကျပ် အသီးသီးဈေးမြင့်တက် လာပါတယ်။

ပဲပုတ်
-----

ပဲပုတ်ကတော့ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ အဝင်များပြီးဈေးတွေ ကျဆင်းနေပါတယ်။ မန်းဈေးကွက် မှာတော့ ပြီးခဲ့တဲ့တစ်ပတ်လုံးဈေးကကျဆင်းနေပေမယ့် ဒီတစ်ပတ်မှာတော့ အဝယ်သွက်လာလို့ဈေးက တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲပုတ်(ဆီတိုး)က တစ်ပိဿာကို ၂,၇၅၀ ကနေ ၂,၈၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ပဲပုတ်(အထွက်တိုး)ကတော့ တစ်ပိဿာကို ၂,၅၈၀ ကနေ ၂,၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ရှမ်း)က တစ်အိတ်ကို ၁၁၈,၀၀၀ ကနေ ၁၂၇,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ကျပ် ဈေးပြန်တက်လာပါတယ်။ ပဲပုတ်(ဗမာ)ကတော့ ၁၄၅,၀၀၀ ကနေ ၁၄၈,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်မှာတော့ ပဲပုတ်က တစ်ပိသာကို ၂,၇၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းပါတယ်။ မုံရွာမှာတော့ တစ်တင်းကို ၄၉,၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။

နှမ်းနက်(စမုံ)
-----------

အဝင်မရှိသလောက်ဖြစ်နေခဲ့တဲ့ နှမ်းနက်(စမုံ)က အသစ်တွေထွက်ရှိနေပြီး ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတွေမြင့်တက်နေခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၁၇၀,၀၀၀ ကနေ ၂၃၀,၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။ အောင်လံမှာတော့အရောင်းအဝယ်သိပ်မရှိသေးလို့ တစ်အိတ်ကို ၁၆၅,၀၀၀ ကနေ ၁၇၅,၀၀၀ ပေါက်ဈေးနဲ့ ရက်အတန်ကြာဈေးငြိမ်နေပါတယ်။

နှမ်းနက်(ဆောင်း)
---------------

နှမ်းနက်(ဆောင်း)ကလည်းဈေးကွက်အတွင်း အရောင်းအဝယ်အနည်းငယ်ရှိနေလို့ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၄၅,၀၀၀ နဲ့ အရောင်းအဝယ်ရှိနေပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို၆၅,၀၀၀ ကနေ ၇၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

နှမ်းညို
------

နှမ်းညိုကတော့ အသစ်တွေဈေးကွက်ထဲကိုဝင်နေပြီး အဝင်သွက်နေလို့ဈေးက အနည်းငယ်ကျဆင်း သွားပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၅၅,၀၀၀ ကနေ ၁၅၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မုံရွာဈေးကွက်မှာတော့ နှမ်းညိုက တစ်တင်းကို ၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

Sources : AMIA (Farmer Digital TV)