menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၆.၆.၂၀၂၂ မှ ၁၀.၆.၂၀၂၂)
🌿🫘🍀🌽🧅🌿🧅🌽🍀🫘🌿
🌿မတ်ပဲ🌿
မတ်ပဲကပြီးခဲ့တဲ့အပတ်ကတည်းကဈေးတက်လာပြီး ဒီတစ်ပတ်မှာတော့တစ်တန်ကို (၁၅) သိန်းကျော်ထိ ဈေးကတက်လာပါတယ်။ အိန္ဒိယနိုင်ငံက ပဲဝယ်ယူနဲ့ပတ်သတ်ပြီး ဈေးတိုးမြင့်လိုက်တဲ့ထုတ်ပြန်ချက် ကြောင့်ပြည်တွင်းပဲဈေးတွေကဈေးမြင့်တက်လာပါတယ်။ ပဲဈေးကတော့လက်ရှိမှာ ထပ်ပြီးတက်နိုင်ခြေ ရှိတယ်လို့ကုန်သည်တွေက မျှော်မှန်းထားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲကတစ်တန်ကို ၁,၅၃၀,၀၀၀ နီးပါးအထိပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ၄၀,၀၀၀ လောက်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၄၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ ၄၈,၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ လောက်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၈,၅၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်၊ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၉,၀၀၀ ကနေ ၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
🫘ပဲပုတ်🫘
ပဲပုတ်ကတော့အသစ်တွေ ဝင်ရောက်မှုများနေလို့ ရန်ကုန်ဈေးကွက်မှာဈေးကျဆင်းသွားပေမယ့် နယ်ဈေးကွက်မှာတော့ ဆီအတွက်ဝယ်ယူမှုများနေလို့ ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲပုတ် (ဆီတိုး)က တစ်ပိဿာကို ၂,၆၆၅ ကနေ ၂,၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပဲပုတ်(အထွက်တိုး)ကတော့ တစ်ပိဿာကို ၂,၅၈၀ ကနေ ၂,၆၇၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ရှမ်း)က တစ်အိတ်ကို ၁၁၈,၀၀၀ ကနေ ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်၊ ပဲပုတ်(ဗမာ)ကတော့ တစ်အိတ်ကို ၁၅၀,၀၀၀ ကနေ ၁၅၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
🍀ပဲယင်း🍀
ပဲယင်းကတော့ ဈေးတွေဆက်တိုက်တက်နေပါတယ်။ တရုတ်ဝယ်ယူမှု များလာတဲ့အတွက် ဈေးတွေ တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ဆက်ပြီး တက်နိုင်ခြေရှိတယ်လို့လည်း ကုန်သည်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့မေလနဲ့ယှဉ်ရင်တော့ အနည်းငယ်ကျဆင်းသွားပေမယ့် လက်ရှိအချိန်အထိ အမြင့်ဈေးနဲ့ဈေးကောင်းရရှိနေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲယင်း(ကြီး၊သေး)က တစ်အိတ်ကို ၁၃၇,၀၀၀ ကနေ ၁၄၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
🌽ပြောင်းဆံ🌽
ပြောင်းဆံကတော့ ပြီးခဲ့တဲ့အပတ်ကအထိ ဈေးတက်နေပြီး ဒီတစ်ပတ်မှာတော့ ဈေးကကျဆင်းသွားပါ တယ်။ ပြောင်းဆံ အဓိကတင်ပို့နေတဲ့ မြဝတီမဲဆောက်ဂိတ်ပိတ်တဲ့အခြေအနေကြောင့် ပြောင်းဆံဈေး တွေ ပြန်ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၁,၀၈၀ ကနေ ၁,၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၅၄,၀၀၀ ကနေ ၅၄,၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ အခြားဗမာပြောင်း၊ ရှမ်းပြောင်း၊ ပြောင်းနီတို့ကတော့ တစ်အိတ်ကို ၄၁,၀၀၀ ကနေ ၅၄,၅၀၀ ကြားပေါက်ဈေးရှိပြီး ၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၈,၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။
🧅ကြက်သွန်နီ🧅
ကြက်သွန်နီကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ကြက်သွန်အဝင်ကလည်းနည်းပြီး ကုန်သည်တွေကတော့ အဝင်ကိုလည်းထိန်းနေလို့ ဈေးကဆက်တိုက်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတင်ပို့မှုအပြင် တရုတ်နိုင်ငံကလည်း ဝယ်ယူမှုရှိနေပါတယ်။ ကြက်သွန်နီကတော့အထွက်နှုန်းနည်းလို့ ဆက်ပြီးတက်နိုင်ခြေရှိပြီး တစ်ပိဿာကို ၃,၀၀၀ နီးပါးအထိ တက်နိုင်မယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ)က တစ်ပိဿာကို ၁,၀၅၀ ကနေ ၁,၅၀၀ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ် ဈေးတက်လာပါတယ်။ ကြက်သွန်နီမုံရွာကတော့ တစ်ပိဿာကို ၁,၁၀၀ မှ ၁,၆၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၃၇၅ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိသာကို ၇၀၀ ကနေ ၁,၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ကျပ် ဈေးမြင့်တက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၄၀၀ ကနေ ၁,၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူအခြေအနေမှာတော့ ကြက်သွန်နီက တစ်ပိဿာကို အမြင့်ဆုံးဈေး ၃၇၅ ကျပ်သာ ရှိပြီး စိုက်စရိတ်မရခဲ့ပဲ တောင်သူအများစု အရှုံးပေါ်ခဲ့ရပါတယ်။
Sources : AMIA (Farmer Digital TV)