menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၁.၈.၂၀၂၂ မှ ၅.၈.၂၀၂၂)
🌾🥜🌱🌶🥔🌱🥔🌶🌱🥜🌾
ဆန်စပါး
-------
ဒီတစ်ပတ်မှာလည်း ဆန်ဈေးရော စပါးဈေးရော ထပ်ပြီးတက်လာပါတယ်။ ဆီဈေးမြင့်တက်မှု သယ်ယူပို့ဆောင် စရိတ်မြင့်တက်မှု၊ ဆန်လက်ကျန်လျော့နည်းလာမှု နဲ့ ဝယ်ယူမှု များလာတဲ့အတွက်ကြောင့် ဈေးတွေမြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဝါးတန်းဈေးကွက်မှာ ဖျာပုံပေါ်ဆန်းနဲ့ဒေးဒရဲပေါ်ဆန်းဆန်က တစ်အိတ်ကို ၅၅,၀၀၀ ကနေ ၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းဆန်က တစ်အိတ်ကို ၅၈,၀၀၀ ကနေ ၆၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀ကျပ်၊ ပေါ်ဆန်းနယ်စုံက တစ်အိတ်ကို ၅၅,၀၀၀ ကနေ ၅၇,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၇၃,၀၀၀ ကနေ ၈၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဧည့်မထဆန်က တစ်အိတ်ကို ၃၂,၅၀၀ ကနေ ၃၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ မြီးဒုံးဆန်က တစ်အိတ်ကို ၄၅,၀၀၀ ကနေ ၄၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ်ကို ၃၈,၅၀၀ ကနေ ၄၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၅၀၀ ကျပ်၊ ဆန်သီးထပ်ဆန်ကတော့တစ်အိတ်ကို ၃၁,၅၀၀ ကနေ ၃၃,၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၃ သိန်းပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၆,၀၀၀ ကျပ်၊ ဆန်ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၅၃,၅၀၀ ပေါက်ဈေးရှိပြီး ၃,၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ဧည့်မထ(နွေ) နဲ့ (မိုး) စပါးကတော့ တင်း ၁၀၀ ကို ၈၈၃,၀၀၀ ကနေ ၉၀၂,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကလည်း တစ်အိတ်ကို ၃၂,၀၀၀ ကနေ ၃၃,၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀ ကနေ ၂၅၀၀ ကြားဈေးတက်လာပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁,၂၈၈,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၈,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၂,၅၀၀ ကျပ်ဈေးတက်လာကာ ၅၂,၀၀၀ ကျပ်ရှိပါတယ်။ ဧည့်မထစပါး(နွေ) နဲ့ (မိုး)ကတော့ တင်း ၁၀၀ ကို ၈၈၃,၀၀၀ ကနေ ၉၄၉,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၉,၀၀၀ ကနေ ၁၉,၀၀၀ ကြားဈေးတက်လာပါတယ်။ ဆန်ကလည်း တစ်အိတ်ကို ၃၁,၀၀၀ ကနေ ၃၂,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ အခြား ဖျာပုံ၊ ဒေးဒရဲ ၊ မအူပင် ပေါ်ဆန်းစပါးတွေလည်း တင်း ၁၀၀ ၁,၂၂၃,၀၀၀ ကနေ ၁,၂၆၂,၀၀၀ ကြားပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၀,၀၀၀ ကနေ ၅၀,၀၀၀ ကြား အသီးသီးဈေးတက်လာပါတယ်။ ဆန်စပါးအသင်းက တစ်အိတ်ကို ၃၅,၀၀၀ ကနေ ၆၀,၀၀၀ ကြား နဲ့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်းနဲ့ ရောင်းချပေးမှုတွေ ပြုလုပ်နေပါတယ်။
မြေပဲ
----
မြေပဲကတော့ ပြည်ပတင်ပို့မှုလည်းရှိနေပြီး ပြည်တွင်းမှာလည်း ဆီဈေးတွေမြင့်တက်နေမှုကြောင့် လက်ရှိ အမြင့်ဆုံးဈေးရရှိနေပါတယ်။ မန္တလေးဈေးကွက်မှာ မြေပဲလုံးအနီဆံ က တစ်ပိဿာကို ၆,၂၀၀ ကနေ ၆,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက် မှာတော့ မြေပဲလုံးအနီဆံကတော့ ၅,၉၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ်၊ အဖြူဆံကတော့ တစ်ပိဿာကို ၅,၉၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာလည်း မြေပဲလုံးအနီဆံ နှင့် မြေပဲလုံးအဖြူဆံကတော့တစ်ပိဿာကို ၅,၉၀၀ ကနေ ၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ မြေပဲဆီကလည်း တစ်ပိဿာကို ၉,၅၀၀ ကနေ ၁၂,၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ကျော် ဈေးတက်လာပါတယ်။ မြေပဲဆန်က တစ်လအတွင်းတစ်ပိဿာကို ၂,၀၀၀ ကျော်ဈေးတက်လာပါတယ်။
နံနံစေ့
-----
နံနံစေ့ကတော့ ဈေးဆက်တိုက်တက်နေပါတယ်။ အိန္ဒိယနိုင်ငံကိုတင်ပို့မှုရှိပြီး လက်ရှိမှာတော့ ပစ္စည်းလက်ကျန်မရှိတဲ့အတွက်ဈေးတက်နေတာဖြစ်တယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်တင်းကို ၃၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ လောက်ဈေးတက်လာပါတယ်။
ငရုတ်
-----
ငရုတ်ကတော့ ဈေးကွက်ထဲအဝင်နည်းပါတယ်။ တင်ပို့မှုလည်းရှိနေပြီး သယ်ယူပို့ဆောင်စရိတ်မြင့် တက်မှုတွေကြောင့် ဆက်တိုက်ဈေးမြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ငရုတ်(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၁၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂,၀၀၀ ကျပ်၊ ငရုတ်(မြစ်ဝ)က တစ်ပိဿာကို ၁၅,၀၀၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၂,၀၀၀ ကျပ်၊ ကျောက်ဆည် (ဒီမွန်) က တစ်ပိဿာကို ၁၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃,၀၀၀ ကျပ်၊ မြှားနီ(ဟင်္သာတ)က တစ်ပိဿာကို ၁၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ကျပ် ၊ ပန်းရဲ(သစ်)က တစ်ပိဿာကို ၁၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ ရှမ်းကျွန်းက တစ်ပိဿာကို ၁၀,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မိုးထောင်(အသစ်)ကတော့ အသစ်တွေ အများအပြားဝင်ရောက် နေလို့ တစ်ပိဿာကို ၁၀,၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ငရုတ်စိမ်းစားပွကတော့ တစ်ပိဿာကို ၁၀,၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃,၆၀၀ကျပ် ဈေးကျ ဆင်းသွားပါတယ်။
အာလူး
------
အာလူးကတော့ ပြီးခဲ့တဲ့အပတ်ကအထိ ဈေးကျဆင်းနေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက ပြန်တက်လာပါတယ်။ ကားအဝင်နည်းတဲ့အတွက် ဈေးကတက်လာတာဖြစ်ပါတယ်။ ရန်ကုန် ဈေးကွက်မှာ အာလူး (အောင်ပန်း)က တစ်ပိဿာကို ၁,၁၀၀ ကနေ ၁,၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၅၀ ကျပ်ဈေးတက်လာပါတယ်။ တရုတ်အာလူးကတော့ တစ်ပိဿာကို ၁,၈၅၀ မှ ၁,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)