menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်” (၂၄.၁၀.၂၀၂၂ မှ ၂၈.၁၀.၂၀၂၂)
🌿🌱🧅🧄🥔🌱🥔🧄🧅🌱🌿
🌿ပဲတီစိမ်း🌿
ပဲတီစိမ်းက ရက်အတန်ကြာဈေးငြိမ်နေခဲ့ပြီး ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဈေးထပ်ကျဆင်း ပါတယ်။ အရောင်းအဝယ်ကအေးနေပြီး ငွေကြေးဈေးကျဆင်းတဲ့အတွက်ဈေးကျဆင်းသွားတာ ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း (ခရမ်းရွှေဝါ)ကတော့ တစ်ပိဿာကို ၃,၁၆၅ ကနေ ၃,၂၅၀ ကျပ်ရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) ကတော့ တစ်ပိဿာ ကို ၂,၅၀၀ ကနေ ၂,၅၅၀ကျပ် ပေါက်ဈေးရှိပြီး ၂၀ကျပ် ဈေးကျဆင်းကာ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိသာကို ၃,၀၀၀ ကနေ ၃,၀၈၅ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက ၃ တင်းဝင် တစ်အိတ်ကို ၁၂၅,၀၀၀ ကနေ ၁၄၂,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ၊ ပြည်၊ မော်လမြိုင်တို့မှာတော့ တစ်တင်းကို ၄၁,၀၀၀ ကနေ ၄၇,၅၀၀ ကျပ် ရှိပြီး တစ်တင်းကို ၅၀၀ ကနေ ၁,၀၀၀ ကြားဈေးကျဆင်းပါတယ်။
🌱ကုလားပဲ🌱 ကုလားပဲဈေးက ပြီးခဲ့တဲ့အပတ်ကဈေးတက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ်ပြန်ကျဆင်း ပါတယ်။ ငွေကြေးဈေးတည်ငြိမ်မှုမရှိတဲ့အပြင် ပိတ်ရက်တွေကြောင့် အရောင်းအဝယ်တွေကလည်းအေး နေပြီး အရည်အသွေးပေါ်မူတည်ကာ အချို့ကုလားပဲတွေကတော့ ဈေးမာနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၃,၀၆၅ ကနေ ၃,၁၆၅ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ကုလားပဲလုံးဖြူကြီး ကတော့တစ်ပိဿာကို ၃,၂၅၀ ကနေ ၃,၄၁၅ ကျပ် ရှိပြီး တစ်ပိဿာကို ၈၀ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၄,၁၈၀ ကနေ ၄,၃၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က ၃ တင်းဝင် တစ်အိတ်ကို ၁၇၂,၀၀၀ ကနေ ၁၇၄,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ကျပ်၊ ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၁၉၀,၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၁၇၈,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ ဈေးကျဆင်းပါတယ်။ ပြည်ဈေးကွက်မှာတော့ ကုလားပဲ(ဟော်လန်)နဲ့ ကုလားပဲ (မြကြေး)က တစ်တင်းကို ၆၃,၀၀၀ ကနေ ၆၄,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ လောက်ဈေးကျဆင်းပါတယ်။ မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်) နဲ့ ကုလားပဲ(၉၂၉) တို့က တစ်တင်းကို ၅၉,၀၀၀ ကနေ ၅၉,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ လောက်ဈေးပြန်ကျဆင်းပါတယ်။
🧅ကြက်သွန်နီ🧅
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ တစ်ပိဿာကို ၄,၀၀၀ ကျော်အထိဈေးမြင့်တက်လာပါတယ်။ ငွေကြေးဈေးမြင့်တက်လာပြီး ကြက်သွန်အဝင်ကို ထိန်းနေတဲ့အတွက်ဈေးတက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ထို့ပြင် ပွဲတော်ကာလ ကြက်သွန်အဝယ်များတဲ့အတွက်ဈေးက တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ကြက်သွန်နီကတော့ ဈေးတွေမြင့်တက်နေပေမယ့် အရည်အသွေးကတော့ မကောင်းဘူးလို့ ကြက်သွန်ကုန်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၃,၂၀၀ ကနေ ၄,၃၀၀ ကြား ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၃,၅၀၀ ကနေ ၄,၀၀၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
🧄ကြက်သွန်ဖြူ🧄
ကြက်သွန်ဖြူဈေးကလည်း အဝင်ပုံမှန်ရှိနေပြီး အဝယ်များလို့ ဈေးတွေမြင့်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၃,၇၀၀ ကနေ ၃,၈၀၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်ပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်ပါတယ်။ ကြက်သွန်ဖြူ(ရှမ်း)ကတော့ တစ်ပိဿာကို ၃,၀၀၀ ကနေ ၄,၁၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကနေ ၃၀၀ ကြားဈေးမြင့်တက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၇၀၀ ကနေ ၄,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်ပါတယ်။
🥔အာလူး🥔
အာလူးဈေးကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ အာလူးအဝင်များနေတဲ့အပြင် တရုတ်အာလူး တွေလည်း ဈေးကွက်ထဲအဝင်များနေလို့ ဈေးက ဆက်တိုက်ကျဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး (အောင်ပန်း)က တစ်ပိဿာကို ၁,၄၅၀ ကနေ ၁,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀လောက် ဈေးကျဆင်းပါတယ်။ တရုတ်အာလူးကလည်း တစ်ပိဿာကို ၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းပါတယ်။
Sources : AMIA (Farmer Digital TV)