menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် ..... (၃၁ . ၁၀ . ၂၀၂၂ မှ ၄ . ၁၁ . ၂၀၂၂)
🌿🌱🌽🌱🌿🌽🌿🌱🌽🌱🌿
🌿မတ်ပဲ🌿
မတ်ပဲကတော့ တစ်ပတ်အတွင်း ဈေးကကျဆင်းပေမယ့် အပြောင်းအလဲကတော့ သိပ်မရှိပါဘူး။ ပွဲတော်ကာလဖြစ်တဲ့အတွက် နယ်ဈေးကွက်တွေမှာအရောင်းအဝယ်အေးပြီး ဈေးလည်းအေးနေပါတယ်။ မတ်ပဲအသစ်တွေလည်း ဈေးကွက်ထဲကိုဆက်တိုက်ဝင်နေပြီး ငွေကြေးလဲလှယ်နှုန်းဈေးကျဆင်းနေတဲ့ အတွက် ပြည်ပရောင်းဝယ်မှုလည်းအေးနေပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲဈေးက မာနေပေမယ့် ပြည်တွင်းကုန်သည်တွေကတော့ ပွဲတော်ကာလ ငွေကြေးဈေးအခြေအနေကိုစောင့်ကြည့်နေတဲ့အတွက် ဈေးက အကျဈေးနဲ့တန့်နေတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲကတစ်တန်ကို ၁၇သိန်း ၃သောင်းကနေ ၁၇သိန်း ၅သောင်းကြား အတက်အကျရှိနေပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၆၇,၀၀၀ ထိကျဆင်းသွားပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၅,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲက တစ်တင်းကို ၅၆,၀၀၀ ကနေ ၅၇,၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ လောက်ဈေးကျဆင်းပါတယ်။
🌽ပြောင်းဆံ🌽
ပြောင်းဆံကတော့ လက်ရှိမှာဈေးပြန်ကောင်းနေတဲ့အခြေအနေဖြစ်ပါတယ်။ တက်ဈေးကို ဆက်မ စောင့်ပဲ ရောင်းချသင့်တဲ့အခြေအနေလို့လည်း ကုန်သည်တွေကဆိုပါတယ်။ အသစ်တွေ ဈေးကွက်ထဲကို ဝင်နေပြီး ဈေးထပ်တက်နိုင်မယ်ဆိုတဲ့အတွက် အမြင့်ဈေးနဲ့လိုက်ဝယ်နေတဲ့အခြေအနေလို့လည်း ဈေးကွက်အတွင်းကနေသိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၁,၁၀၀ ကနေ ၁,၁၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၅၆,၀၀၀ ကနေ ၅၆,၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ လောက်တက်လာပါတယ်။ မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၁၉,၀၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၅၀၀ကျပ် ဈေးတက်လာပါတယ်။
🌱နှမ်းမျိုးစုံ🌱
နှမ်းမျိုးစုံကတော့ ကထိန်ပွဲတော်ကာလ အရောင်းအဝယ်ဈေးအေးနေပါတယ်။ နေ့စဉ်အဝင်ပေါ်မူတည်ပြီး အတက်အကျရှိနေပါတယ်။ နှမ်းအသစ်တွေကလည်း ဈေးကွက်ထဲအဝင်ရှိနေပါတယ်။
🌱နှမ်းနက်(စမုံ)🌱
နှမ်းနက်(စမုံ)ကတော့ နေ့စဉ်အရောင်းအဝယ်ပေါ်မူတည်ပြီး ဈေးအတက်အကျရှိပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၄၀,၀၀၀ ကနေ ၂၉၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ကျပ် ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၂၃၀,၀၀၀ ကနေ ၂၆၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။
🌱နှမ်းဖြူ🌱
နှမ်းဖြူကတော့ ဈေးကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၆၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၂၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၈၀,၀၀၀ ကနေ ၈၇,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။
🌱နှမ်းညို🌱
နှမ်းညိုဈေးက မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၃၀,၀၀၀ ကနေ ၂၃၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၇၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ အခြားနှမ်းပြာ၊ နှမ်းနီ၊ နှမ်းနက် တို့ကလည်း တစ်အိတ်ကို အနိမ့်ဆုံး ၅,၀၀၀ လောက်ဈေးကျဆင်းပါတယ်။
Sources : AMIA (Farmer Digital TV)