menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်” (၁၃ . ၂ . ၂၀၂၃ မှ ၁၇ . ၂ . ၂၀၂၃)
🌾🧄🌾🥔🌾🧅🌾🫘🌾🌶️🌾
ဆန်စပါး .....
ဆန်စပါးဈေးနှုန်းတွေကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ပြည်ပတင်ပို့မှုတွေများနေပြီး ပြည်တွင်းမှာ လက်ကျန်နည်းနေလို့ ဈေးတွေမြင့်တက်လာတာလို့ ဆန်ကုန်သည်ဆန်စက်ပိုင်ရှင်အချို့က ခန့်မှန်းထားကြပေမယ့် ဆန်စပါးအသင်းက ဥက္ကဌ ဦးရဲမင်းအောင်ကတော့ ပြည်တွင်းမှာဆန်စပါး အလုံအလောက်ရှိနေပြီး လက်ကျန်လျော့နည်းနေတာမဟုတ်ကြောင်း ပြည်တွင်းသတင်းတစ်ခုမှာ ပြောကြားထားပါတယ်။ ဆန်ဈေးအဆမတန်မြင့်တာနေတာနဲ့ပတ်သတ်ပြီး ဆန်ကုမ္ပဏီတွေနဲ့ညှိုနှိုင်းပြီး ဈေးသက်သာအောင်ရောင်းပေးဖို့စီစဉ်နေတယ်လို့ ထပ်လောင်းပြောကြားထားပေမယ့် စားသုံးသူဈေးကွက်အတွင်းမှာတော့ နေ့စဉ်နဲ့အမျှ ဈေးတွေမြင့်တက်နေတယ်လို့စားသုံးသူအများစုက ပြောပါတယ်။ လာမယ့်နှစ်လအတွင်း ဆန်နဲ့ဆန်ကွဲ တန်ချိန် ၃ သိန်းကိုပြည်ပကို တင်ပို့သွားမယ်လို့ ဆန်စပါးအသင်းရဲ့ထုတ်ပြန်မှုက ပြည်တွင်းဆန်စားသုံးသူဈေးကွက်အတွင်း လှုပ်ခတ်သွားပြီး လက်ရှိပေါက်ဈေးထက်မြင့်သွားမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။
ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ဖျာပုံ၊ ဒေးဒရဲ၊ မြောင်းမြ၊ နယ်စုံပေါ်ဆန်းတို့က တစ်အိတ်ကို ၆၈,၀၀၀ ကနေ ၇၅,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃,၀၀၀ ကနေ ၅,၀၀၀ ကြားဈေးမြင့်တက်လာပါတယ်။ ဧည့်မထဆန်နှင့် ၂၅ မှတ်တန်ဆန်တို့ကတော့ တစ်အိတ်ကို ၅၁,၀၀၀ ကနေ ၅၆,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ အခြား ရက်(၉၀)ဆန်သီးထပ်၊ မြီးဒုံဆန်တို့ကတော့ တစ်အိတ်ကို ၄၈,၀၀၀ ကနေ ၆၁,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁,၀၀၀ ကနေ ၃,၀၀၀ ကြားအသီးသီးဈေးမြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့လကတည်းက အဟောင်းရောအသစ်ပါ ဆက်တိုက် ဈေးမြင့်တက်နေတဲ့ဆန်ဈေးက တစ်ပတ်အတွင်းမှာ ဆန်အရောင်းအဝယ်အေးသွားတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာလည်း ပထမတန်းစားစပါးတင်း ၁၀၀ ကို ငွေကျပ် ၂ သိန်းနီးပါးဈေးထပ်ပြီး မြင့်တက်လာပါတယ်။ တင်း ၁၀၀ကို အနိမ့်ဆုံးဈေး ၁,၅၃၀,၀၀၀ ကျော်ကနေ ၁,၆၅၀,၀၀၀ ပေါက်ဈေးရှိ နေပါတယ်။ ဒုတိယတန်းစားစပါးကလည်း တင်း ၁၀၀ ကို ၁,၃၄၀,၀၀၀ ကနေ ၁၄ သိန်းကြားပေါက်ဈေး ရှိနေပြီး တင်း ၁၀၀ ကို ၁၅၀,၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။ ဖော်ပြပါဈေးနှုန်းတွေကတော့ ဧရာဝတီကုန်သွယ်မှုဌာနကရယူထားတဲ့ ဆန်စပါးဈေးနှုန်းတွေဖြစ်ပြီး ပြင်ပပေါက်ဈေးနှုန်းတွေကတော့ ယခုထက်များပြားကာ တင်း ၁၀၀ကို သိန်း ၂၀ ကျော်ထိ ဈေးမြင့်တက်နေပါတယ်။
ပဲပုတ် .....
ပဲပုတ်ဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ အဝင်ကနည်းနေပြီး အဝယ်ကတော့သွက်နေ တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲပုတ်(ဆီတိုး)က တစ်ပိဿာကို ၃,၁၀၀ ကနေ ၃,၁၇၀ ပေါက်ဈေးနဲ့ဈေးငြိမ်နေပြီး ပဲပုတ်(အထွက်တိုး)ကတော့ တစ်ပိဿာကို ၃,၀၀၀ ကနေ ၃,၀၈၅ ပေါက်ဈေးရှိကာ တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာ ပဲပုတ်(ရှမ်း) တစ်အိတ်ကို ၁၇၀,၀၀၀ ကနေ ၁၇၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲပုတ်(ဗမာ)ကတော့ တစ်အိတ်ကို ၁၈၅,၀၀၀ ကနေ ၁၉၀,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။
ပဲကြီး .....
ပဲအသစ်တွေဝင်လာပြီး အမြင့်ဈေးနဲ့ဈေးစဖွင့်ခဲ့တဲ့ပဲကြီးကတော့ ဈေးကွက်ထဲအဝင်သွက်လာလို့ ဈေးတွေ ပြန်ကျဆင်းလာနေပါတယ်။ ပဲကြီးက ပြည်တွင်းဝယ်ယူစားသုံးမှုအများဆုံးပဲ ဖြစ်နေပြီး ဈေး အမြင့်ဆုံးပဲ လည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၄,၅၁၀ မှ ၄,၆၀၅ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၄,၁၇၀ မှ ၄,၂၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၉၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)တို့က တစ်အိတ်ကို ၂၀၀,၀၀၀ ကနေ ၂၅၀,၀၀၀ ပေါက်ဈေးရှိနေပြီးတစ်အိတ်ကို ၁၀,၀၀၀ ကျပ်လောက် ဈေးပြန်ကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာလည်း ပဲကြီးက တစ်တင်းကို ၇၇,၀၀၀ ကနေ ၈၀,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၇၀,၀၀၀ ကနေ ၇၇,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၈,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ .....
ကြက်သွန်ဖြူ(ရှမ်း)ကတော့ နှစ်ပတ်ဆက်တိုက် ဈေးတွေပြန်ကျဆင်းလာပါတယ်။ ရှမ်းကြက်သွန်တွေ ဈေးကွက်ထဲအဝင်သွက်ပြီး ဈေးတွေကျဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(အောင်ပန်း)က တစ်ပိဿာကို ၄,၄၀၀ ကနေ ၅,၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။
အာလူး .....
အာလူးဈေးကလည်း ကျဆင်းနေပါတယ်။ ရှမ်းအာလူးတွေကတော့ ဈေးကွက်ထဲ အဝင်မရှိသေးပါဘူး။ ရန်ကုန်ဈေးကွက်မှာ အာလူးဆင်ဖြူကျွန်းက တစ်ပိဿာကို ၁,၅၀၀ ကနေ ၁,၈၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
Sources : AMIA (Farmer Digital TV)